ဖလမ်းမြို့နယ်၊ ဖလမ်း-ကေလး ကားလမ်းမပေါ်တွင် စစ်ကောင်စီနှင့် CNDF တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
ဇန္နဝါရီလ ၁၆ ရက်နေ့က ဖလမ်းမြို့နယ်၊ ပါရ်သဲကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို CNDF တပ်ဖွဲ့ဝင်များမှ ခုခံတိုက်ခိုက်ခဲ့ရာ ဖလမ်းမြို့အခြေစိုက် ခလ၇ ၂၆၈ မွ လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ကူခဲ့ပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၇ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိသည်ဟု CNDF ထုတ်ပြန်သည်။
ယင်းတိုက်ပွဲတွင် CNDF ဘက်မှ ၁ ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိပါသည်။
အလားတူ ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် လာသီးကျေးရွာအနီး၌ စစ်ကောင်စီများအား CNDF တပ်ဖွဲ့မှ ဆက်လက်ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများပြားရှိခဲ့ပြီး CNDF ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူမရှိဟု သိရသည်။