Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်မြောက်ပိုင်းဒေသမှာ ကုန်စျေးနှုန်း ၂ ဆလောက် မြင့်တက်နေ

ချင်းပြည်နယ်မြောက်ပိုင်းဒေသမှာ ကုန်စျေးနှုန်း ၂ ဆလောက် မြင့်တက်နေ

0
By Editor on January 19, 2022 Headline

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး-တီးတိန်အကြားမှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီလ ၁၃ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်စည်စီးဆင်းမှုရပ်တန်သွားပြီး တီးတိန်၊ တွန်းဇံ စတဲ့မြို့တွေမှာ ကုန်စျေးနှုန်း ၂ ဆလောက်မြင့်တက်နေတယ်လို့ သိရပါတယ်။

“အခုရက်ပိုင်းမှာပဲ ဆားသုံးဆီ အရင်က ပုံးအဝါ တစ်ပုံးကို ၅ သောင်းကျော်ပဲရှိတာ။ ဒီနေ့မနက်ဆိုရင် ၁ သိန်းလောက်ရှိပြီ။ ပစ္စည်းကလည်း ပြတ်နေပြီ။ စျေးကအဆမတန်တက်နေတာ။ ၂ ဆလောက်တက်တယ်ဆိုတော့ သိပ်အဆင်မပြေဘူး။ အသကုန်ဝယ်ထားကြလို့ ဝယ်ဖို့က သိပ်မရှိတာ။ အဓိက သိုင်းငင်ဖက်မှာ တိုက်ပွဲဖြစ်ကြောင့်။ သွားလို့မရတာ ရက်သတ္တပတ် ကျော်ကြာပြီ။ အလုပ်လု ပ်ဖို့လည်းအဆင်မပြေဘူး၊ ခရီးလည်းသွားလို့မရဘူး” ဟု တီးတိန်ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ ကလေး-တီးတိန်ကားလမ်းမှာ ဇန်နဝါရီလ ၁၃ ရက်နေ့စပြီး ကလေးမြို့ကနေ တီးတိန်မြို့ဘက်သို့ ကုန်ပစ္စည်းဝင်ရောက်မှု မရှိတော့တာကြောင့် တီးတိန်မြို့မှာ ကုန်ပစ္စည်းတွေ အလုအယှက်ဝယ်ယူနေမှုတို့ကြောင့် လောင်စာဆီတွေလည်း စျေးမြင့်တက်နေပြီး ကုန်ပစ္စည်းအများစုကတော့ ပြတ်လပ်တော့မယ့်အနေအထား ရှိနေပြီလို့သိရပါတယ်။

အလားတူ တွန်းဇံမြို့နယ်မှာလည်း ကုန်ခြောက်ပစ္စည်းများ ဝယ်စရာကုန်နေပြီး အသားငါး ဝယ်ယူစားသုံးရန်အတွက်ပါ ခက်ခဲနေတယ်လို့ တွန်းဇံမြို့က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

“လမ်းက ဘယ်အချိန်လောက်ဖွင့်မလဲဆိုတာ မသေချာတော့ ကုန်စျေးနှုန်းတွေ အကုန်တက်သွားတာ။ အခုချိန်မှာ ပိုက်ဆံရှိတယ်ဆိုရင်တောင် ဝယ်လို့မရတော့ဘူး အသားတို့၊ ဘာတို့လည်း ဝယ်လို့မရဘူး။ ကျမတို့ မိသားစုတောင်မှ ဒီလိုသတင်းတွေ သိပ်မကြားတော့ ဆန်က တအိတ်တောင်မှမရှိဘူးဖြစ်နေတာ မရတော့ဘူး။ တစ်လ၊ နှစ်လ ပိတ်ရင်တော့ တော်တော်လေးကို ခက်ခဲမှာပဲ” လို့ တွန်းဇံမြို့က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ People Defense Army (PDA) ကတော့ ယခုလက်ရှိ တိုက်ပွဲကြောင့် တီးတိန်မြို့နယ်မှာ ကုန်စျေးနှုန်းတွေကို စျေးတင်မရောင်းဖို့နဲ့ ပုံမှန်အတိုင်းသာ ဆက်လက်ရောင်းချဖို့ ထုတ်ပြန်ထားပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်ဇာတွေ့ဆုံပွဲတွင် NUG အစိုးရ၊ KIO/KIA တို့နှင့် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့ဟု CB ပြော

ဇိုမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

UNHCR မှ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ချက် (RSD) Interview ကို မနက်ဖြန်မှစ၍ စတင်ခေါ်ယူမည်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.