Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံး

စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံး

0
By Editor on February 10, 2022 Headline

ချင်းပြည်နယ်၊ မတူပီမြို့မှ မင်းတပ်မြို့ဘက်သို့ ပြန်လှည့်သော စစ်ကောင်စီယာဉ်တန်းမှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး လက်နက်ကြီးထိမှန်ပြီး ပွဲချင်းသေဆုံးခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သေဆုံးသူ ကျောင်းသားမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီယာဉ်တန်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လျှိုမြောင်ထဲ ပုန်းအောင်းစစ်ရှောင်နေစဉ်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မြို့နယ်ထဲရှိ ကျေးရွာများဘက်သို့ အဝေးပစ်တာဝေးလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်များ ပျက်စီးမှုများလည်းရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က မတူပီမြို့မှ မင်းတပ်မြို့ဘက်သို့ စစ်ကားအစီး ၉၀ ဖြင့် ပြန်လှည့်သော စစ်ကောင်စီတပ်နှင့် CDF-Mindat တို့သည် မင်းတပ်-မတူပီလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားကာ ဖေဖောဝါရီ ၈ ရက်နေ့မှ မင်းတပ်မြို့သို့ ရောက်ရှိနိုင်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply

The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.