Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ် လည်မျိုချောင်းဆုံတိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံး

မတူပီမြို့နယ် လည်မျိုချောင်းဆုံတိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံး

0
By Editor on April 22, 2022 Headline

မတူပီမြို့နယ် မင်းတပ်-မတူပီလမ်းမပေါ်ရှိ လည်မျိုချောင်းဆုံတွင် CDF-Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဧပြီလ ၂၀ ရက် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံးခဲ့သည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

“မနေ့က မနက်ပိုင်းမှာ မတူပီအခြေစိုက် ခမရ ၃၀၄ တပ်ရင်းအောက်ဖက် လည်မျိုချောင်းဆုံမှာ CDF-Matupi နှင့် စကစတွေ နာရီဝက်လောက် ထိပ်တိုက်တွေ့တယ် CDF အနေနဲ့ အထိအခိုက်မရှိ ကျွန်တော်တို့ ပြန်လ ည်ခွာနိုင်တယ် သူတို့ဖက်က ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးအပါအဝင် ၈ယောက်ကျပြီး ၅ ဦးလောက်ဒဏ်ရာရ တယ်” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၀၄ တပ်ရင်းသည် နယ်မြေရှင်းလင်းရေးပြုလုပ်သည်ဟုဆိုကာ CDF-Matupi တပ်ရင်း ထိန်းချုပ်နယ်မြေဧရိယာအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဘက်မှ ယမန်နေ့တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း စစ်အင်အား ၁၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းလာ သည်ဟု သိရသည်။

CDF-Matupi နှင် စစ်ကောင်စီတပ်ဖွဲ့တို့ ယနေ့မနက်ပို်င်းတွင် ထိတွေ့မှုထပ်မံမရှိသေးသော်လည်း စစ်ကောင်စီ ဘက်မှ ဖုန်းလိုင်းများဖြတ်တောက်ပြီး မကြာမှီအချိန်တွင်းမှာလည်း တိုက်ပွဲများဆက်လက် ပြင်းထန်းလာနိုင်ဖွ ယ်ရှိသည်ဟု CDF-Matupi က ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.