Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်-မတူပီကြား တိုက်ပွဲ စစ်ကောင်စီဘက် အနည်းဆုံး ၉ ဦးသေဆုံး

မင်းတပ်-မတူပီကြား တိုက်ပွဲ စစ်ကောင်စီဘက် အနည်းဆုံး ၉ ဦးသေဆုံး

0
By Editor on May 5, 2022 Headline

ချင်းပြည်နယ် မတူပီမြို့ကနေ မင်းတပ်မြို့ကိုပြန်ဆင်းလာတဲ့ စစ်ကားအစီး ၇၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF-Mindat တပ်ဖွဲ့တို့ဟာ ဧပြီလ ၃၀ ရက်နေ့ကစလို့ မင်းတပ်-မတူပီကားလမ်းတစ်လျှောက်မှာ တိ်ုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၉ ယောက်သေဆုံးခဲ့ပြီး သေဆုံးမှုဟာ အဲဒီထက်လည်း များနိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီယာဉ်တန်းဟာ မတူပီမြို့ကနေ ဧပြီလ ၂၈ ရက်နေ့ကစတင်ထွက်ခွါလာခဲ့ရာမှာ မင်းတပ်နယ်မြေ အတွင်း စတင်ဝင်ရောက်လာတဲ့ ဧပြီလ ၃၀ ရက်နေ့ကစလို့ CDF-Mindat တပ်ဖွဲ့က အနီးကပ်ပြောက်ကျားတိုက် ခိုက်မှုအပါအဝင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာလို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူဆလိုင်းဟားအွမ်ကပြောပါတယ်။

“ယာဉ်တန်းက ၇၃ စီးလာတာ ကျနော်တို့ရုတ်တရက်အနီးကပ်တိုက်ခိုက်တာ ပထမတုန်းကတော့ ၄ ယောက် သေတယ် ၃ ယောက်ဒဏ်ရာရတယ်၊ နောက်တပွဲကျတော့ ၅ ယောက်သေတယ် တော်တော်များများ ဒဏ်ရာရတယ်၊ နောက်တစ်ခုကတော့ မိုင်းကွင်းထဲကိုရောက်သွားတဲ့အခါမှာ မိုင်းခွဲလိုက်တာ မိုင်းကတော့ အကြီးကျယ်ကွဲတယ် ဒါပေမယ့်တော့ဘယ်နှစ်ယောက်ကျဆုံးတယ်ဆိုတာမသိရဘူး အတည်ပြုနိုင် တာကတော့ ၉ ယောက် ခန့်မှန်းခြေကတော့ အများအပြားကျဆုံးနိုင်တယ်”

ဧပြီလ ၃၀ ရက်နေ့ မင်းတပ်-မတူပီကြား မိုင်တိုင် ၇၁ မှာဖြစ်ပွားတဲ့ တိုက်ပွဲမှာ CDF-Mindat တပ်ဖွဲ့ရဲ့အနီး ကပ်ပြောက်ကျားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပြီး မေ ၁ ရက်နေ့ မင်းတပ်-မတူပီကြား မိုင်တိုင် ၆၈ မှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က အကျဆုံး စာရင်းမသိရဘူးလို့သူကဆိုပါတယ်။

မေလ ၂ ရက်နေ့မှာဖြစ်ပွားတဲ့တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၅ ဦးသေဆုုံးခဲ့ပြီး CDF-Mindat တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်အကျဆုံးအများအပြားရှိနိုင်ပေမယ့် အတည်ပြုလို့မရဘူးလို့ ဆလိုင်းဟားအွမ်ကဆက်ပြောပါတယ်။

“ဒီတကြိမ်မှာမှမဟုတ်ပါဘူး လွန်ခဲ့တဲ့နှစ်ကြိမ်ကလည်း မင်းတပ်ရဲ့ ပိုင်နက်ထဲကိုရောက်လာရင်တော့ အားလုံးသိတဲ့ အတိုင်းပဲ ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ခဲ့တယ် ပြင်းပြင်းထန်ထန်လည်းတုံ့ပြန်ခဲ့တယ် ဆိုတော့ သူတို့သေချာတယ် မင်းတပ်နယ်ထဲကိုရောက်လာရင် ကျနော်တို့ဘက်က အရင်ထက် စနစ်ကျပြီး ပိုပြီးခါမှပြင်းပြင်းထန်ထန်တုံ့ပြန် သွားမှာပါ’’

စစ်ကောင်စီယာဉ်တန်းဟာ မတူပီမြို့ကနေ စတင်ထွက်ခွါလာတဲ့အချိန်မှာလည်း မင်းတပ်-မတူပီကြား မိုင်တိုင် ၉၀ နဲ့ ၉၁ လောက်မှာ CDF-Matupi တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးခဲ့ပါတယ်။

၁၀၂ မိုင်သာကွာဝေးပြီး ပုံမှန်အားဖြင့်တစ်ရက်ခရီးသာသွားရတဲ့ မင်းတပ်-မတူပီကြားမှာ စစ်ကောင်စီယာဉ်တန်း မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အသွားတုန်းကလည်း ၁၀ ရက်ကျော်ကြာ ခရီးနှင်ခဲ့ကြပြီး တိုက်ပွဲအတွင်းမှာလည်း အကျအဆုံးများလေ့ရှိပါတယ်။

ခုတခေါက် မတူပီကနေ မင်းတပ်ကို ပြန်ဆင်းတဲ့အချိန်မှာလည်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် လမ်းခရီးမှာ အနည်းဆုံး ၁၀ ခန့်ကြာနိုင်ပြီး ထိုခိုက်သေဆုံးမှုလည်း များနိုင်တယ်လို့ သိရပါတယ်။

ယခုလက်ရှိမှာတော့ မင်းတပ်မြို့နယ်ဟာ မိုးများပြီး မိုင်းတွေထူထပ်နေတာကြောင့် စစ်ကောင်စီယာဉ်တန်းဟာ မင်းတပ်-မတူပီလမ်းတစ်နေရာမှာ ရှေ့မတိုးနိုင်သေးဘဲ ရပ်တန့်နေပြီး တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နိုင်တယ်လို့ သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.