Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်-မတူပီကြား တိုက်ပွဲ စစ်ကောင်စီဘက် အနည်းဆုံး ၉ ဦးသေဆုံး

မင်းတပ်-မတူပီကြား တိုက်ပွဲ စစ်ကောင်စီဘက် အနည်းဆုံး ၉ ဦးသေဆုံး

0
By Editor on May 5, 2022 Headline

ချင်းပြည်နယ် မတူပီမြို့ကနေ မင်းတပ်မြို့ကိုပြန်ဆင်းလာတဲ့ စစ်ကားအစီး ၇၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF-Mindat တပ်ဖွဲ့တို့ဟာ ဧပြီလ ၃၀ ရက်နေ့ကစလို့ မင်းတပ်-မတူပီကားလမ်းတစ်လျှောက်မှာ တိ်ုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၉ ယောက်သေဆုံးခဲ့ပြီး သေဆုံးမှုဟာ အဲဒီထက်လည်း များနိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီယာဉ်တန်းဟာ မတူပီမြို့ကနေ ဧပြီလ ၂၈ ရက်နေ့ကစတင်ထွက်ခွါလာခဲ့ရာမှာ မင်းတပ်နယ်မြေ အတွင်း စတင်ဝင်ရောက်လာတဲ့ ဧပြီလ ၃၀ ရက်နေ့ကစလို့ CDF-Mindat တပ်ဖွဲ့က အနီးကပ်ပြောက်ကျားတိုက် ခိုက်မှုအပါအဝင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာလို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူဆလိုင်းဟားအွမ်ကပြောပါတယ်။

“ယာဉ်တန်းက ၇၃ စီးလာတာ ကျနော်တို့ရုတ်တရက်အနီးကပ်တိုက်ခိုက်တာ ပထမတုန်းကတော့ ၄ ယောက် သေတယ် ၃ ယောက်ဒဏ်ရာရတယ်၊ နောက်တပွဲကျတော့ ၅ ယောက်သေတယ် တော်တော်များများ ဒဏ်ရာရတယ်၊ နောက်တစ်ခုကတော့ မိုင်းကွင်းထဲကိုရောက်သွားတဲ့အခါမှာ မိုင်းခွဲလိုက်တာ မိုင်းကတော့ အကြီးကျယ်ကွဲတယ် ဒါပေမယ့်တော့ဘယ်နှစ်ယောက်ကျဆုံးတယ်ဆိုတာမသိရဘူး အတည်ပြုနိုင် တာကတော့ ၉ ယောက် ခန့်မှန်းခြေကတော့ အများအပြားကျဆုံးနိုင်တယ်”

ဧပြီလ ၃၀ ရက်နေ့ မင်းတပ်-မတူပီကြား မိုင်တိုင် ၇၁ မှာဖြစ်ပွားတဲ့ တိုက်ပွဲမှာ CDF-Mindat တပ်ဖွဲ့ရဲ့အနီး ကပ်ပြောက်ကျားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပြီး မေ ၁ ရက်နေ့ မင်းတပ်-မတူပီကြား မိုင်တိုင် ၆၈ မှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က အကျဆုံး စာရင်းမသိရဘူးလို့သူကဆိုပါတယ်။

မေလ ၂ ရက်နေ့မှာဖြစ်ပွားတဲ့တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၅ ဦးသေဆုုံးခဲ့ပြီး CDF-Mindat တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်အကျဆုံးအများအပြားရှိနိုင်ပေမယ့် အတည်ပြုလို့မရဘူးလို့ ဆလိုင်းဟားအွမ်ကဆက်ပြောပါတယ်။

“ဒီတကြိမ်မှာမှမဟုတ်ပါဘူး လွန်ခဲ့တဲ့နှစ်ကြိမ်ကလည်း မင်းတပ်ရဲ့ ပိုင်နက်ထဲကိုရောက်လာရင်တော့ အားလုံးသိတဲ့ အတိုင်းပဲ ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ခဲ့တယ် ပြင်းပြင်းထန်ထန်လည်းတုံ့ပြန်ခဲ့တယ် ဆိုတော့ သူတို့သေချာတယ် မင်းတပ်နယ်ထဲကိုရောက်လာရင် ကျနော်တို့ဘက်က အရင်ထက် စနစ်ကျပြီး ပိုပြီးခါမှပြင်းပြင်းထန်ထန်တုံ့ပြန် သွားမှာပါ’’

စစ်ကောင်စီယာဉ်တန်းဟာ မတူပီမြို့ကနေ စတင်ထွက်ခွါလာတဲ့အချိန်မှာလည်း မင်းတပ်-မတူပီကြား မိုင်တိုင် ၉၀ နဲ့ ၉၁ လောက်မှာ CDF-Matupi တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးခဲ့ပါတယ်။

၁၀၂ မိုင်သာကွာဝေးပြီး ပုံမှန်အားဖြင့်တစ်ရက်ခရီးသာသွားရတဲ့ မင်းတပ်-မတူပီကြားမှာ စစ်ကောင်စီယာဉ်တန်း မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အသွားတုန်းကလည်း ၁၀ ရက်ကျော်ကြာ ခရီးနှင်ခဲ့ကြပြီး တိုက်ပွဲအတွင်းမှာလည်း အကျအဆုံးများလေ့ရှိပါတယ်။

ခုတခေါက် မတူပီကနေ မင်းတပ်ကို ပြန်ဆင်းတဲ့အချိန်မှာလည်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် လမ်းခရီးမှာ အနည်းဆုံး ၁၀ ခန့်ကြာနိုင်ပြီး ထိုခိုက်သေဆုံးမှုလည်း များနိုင်တယ်လို့ သိရပါတယ်။

ယခုလက်ရှိမှာတော့ မင်းတပ်မြို့နယ်ဟာ မိုးများပြီး မိုင်းတွေထူထပ်နေတာကြောင့် စစ်ကောင်စီယာဉ်တန်းဟာ မင်းတပ်-မတူပီလမ်းတစ်နေရာမှာ ရှေ့မတိုးနိုင်သေးဘဲ ရပ်တန့်နေပြီး တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နိုင်တယ်လို့ သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.