စစ်ကောင်စီ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA) နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့မှ ယမန်နေ့ မတ်လ ၉ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် လက်ရှိထိုးစစ်ဆင်နေမှုများကို အမြန်ဆုံးရပ်ပြီး ပါဝင်သင့်သူများအားလုံး ပါဝင်သည့် အဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးမှုကို ဖော်ဆောင်ရန်အပြင် နိုင်ငံတကာလူမှုအဖွဲ့အစည်းများမှ စစ်ဘေးသင့်ပြည်သူများကို လွတ်လပ်စွာကူညီထောက်ပံ့မှု ဆောလျင်စွာ ဖိတ်ခေါ်ခွင့်ပြုသွားရန် ဖော်ပြထားသည်။
၎င်းအပြင် ပြည်ထောင်စုပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုနှင့် အဖြေရှာရေးမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များမှ အစဉ်တစိုက် တောင်းဆိုခဲ့သည့် တောင်းဆိုချက်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်မှ တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းတို့၏ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် ရုပ်မြင်သံကြားမှတဆင့် ထုတ်လွင့်ပြောကြားခဲ့ခြင်းဖြစ်သည်။