Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်ဖွဲ့က ချွန်ကျုံးကျေးရွာကို မီးရှို၊ အိမ်ခြေ ၁၅ လုံးကျော် လောင်ကျွမ်း

စစ်ကောင်စီတပ်ဖွဲ့က ချွန်ကျုံးကျေးရွာကို မီးရှို၊ အိမ်ခြေ ၁၅ လုံးကျော် လောင်ကျွမ်း

0
By Editor on July 18, 2022 Headline

ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးကြား ကားလမ်းမပေါ်မှာတည်ရှိသော ချွန်ကျုံးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ၂ ရက် ဆက်တိုက်မီးရှို့ခဲ့ပြီး အိမ်ခြေ ၁၅ လုံးကျော်လောင်ကျွမ်းပျက်စီးခဲ့သည်ဟု သိရသည်။

ဖလမ်းမြို့မှ ဇူလိုင် ၇ နေ့ကထွက်ခွါလာသော စစ်ယာဉ်တန်း ၂၇ စီးပါ စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၁၄ ရက်နေ့ညနေ ပိုင်းတွင် ဟားခါးမြို့နှင့် ၁၀ မိုင်ကျော်ကျော်ခန့်ဝေးသော ချွန်ကျုံးကျေးရွာသို့ရောက်ရှိခဲ့ပြီးနောက် လူနေအိမ် ၄ လုံးမီးရှှိုကာ ယနေ့တွင် လူနေအိမ် ၁၀ လုံးကျော်ထပ်မံမီးရှိုခဲ့သည်ဟု CDF-Hakha မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ချွန်ကျုံးရွာမှာ ၃ နေရာလောက်ရှို့တာ ကျွန်တော်တို့သိတာက ၁၅ အိမ်လောက်ပါသွားပြီး။ မီးကလောင် နေတုန်းပဲ ထပ်ရှို့နေတုန်းပဲ သူတို့က တိုက်ပွဲဖြစ်လို့၊ စစ်ကြောင်းထိုးရင်လည်း မီးရှို့တာပဲ။ အခုလည်း စစ်ကောင်စီတပ်တွေက ရွာထဲမှာရှိနေတုန်း ” ဟု CDF-Hakha မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ချွန်ကျုံးကျေးရွာအတွင်း လူနေအိမ်များမီးလောင်ကျွမ်းနေသည်ကို အဝေးကနေလှမ်းမြင်နေရပြီး လောင်ကျွမ်းပျက်စီးမှု သည် ယခုထက်ပိုများနိုင်သည်ဟုလည်း သူကဆက်ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၁၄ ရက်ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့သည် ဒုတ်ထက် နှင့် ချွန်ကျုံးကျေးရွာအကြားတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြပြီးနောက် ညပိုင်းတွင်ချွန်ကျုံးကျေးရွာသို့ဝင်ရောက်ကာ မီးရှို့ခဲ့ကြ ခြင်းဖြစ်သည်။

ဒုတ်ထက်နှင့် ချွန်ကျူံးကျေးရွာအကြားတိုက်ပွဲတွင် CDF-Hakha တပ်ဖွဲ့မှ ရဲဘော် ဆလိုင်းဗျက်နှင်းကျဆုံးခဲ့သည်ဟု သိရသည်။

အင်အား ၂၀၀ ခန့်ပါဝင်ပြီး စစ်ကား ၂၇ စီးဖြင့် ဟားခါးမြို့ဘက်သို့ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၈ ရက်နေ့ကစ၍ လမ်းခရီးတလျှောက်တွင် တိုက်မိုင်းများအပါအဝင် ချုံခိုတိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က အယေက် ၆၀ ကျော်သေဆုံးပြီဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.