Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေး-တမူး လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံး

ကလေး-တမူး လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံး

0
By Editor on August 2, 2022 Headline

ကလေးမြို့မှ တမူးမြို့သို့ သွားသည့် စစ်ကောင်စီယာဉ်တန်းကို ဇူလိုင်လ ၃၀ ရက်နေ့က PDF-Kalay တပ်ဖွဲ့ဝင်များမှ ကလေး-တမူးကားလမ်းမကြီးပေါ်တွင် သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

တမူးမြို့ဘက်သို့ သွားသည့် စစ်ကား ၄ စီးနှင့် ၁၂ ဘီးကားကြီးတစ်စီးကို PDF-Kalay တပ်ဖွဲ့ဝင်များမှ ၅၆ မိုင်အနီးတွင် တစ်ကြိမ်၊ နေကျော်လေးအနီးတွင် တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား ၃ စီးပျက်စီးကာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့သည်ဟု PDF-Kalay က ထုတ်ပြန်သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေကြေပျက်စီးသည့် စစ်ကောင်စီတပ်သားများ၏အလောင်းအား ကောက်ယူရန် ကလေးမြို့ဘက်မှ ထပ်မံထွက်ခွါလာသော ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ကာ စစ်ကောင်စီတပ်သား ၅ ဦး ထပ်မံသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု PDF-Kalay ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းထိမှန်သေဆုံးသော စစ်ကောင်စီတပ်သားများ၏ အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ၁၂ ဘီးကားကြီး ပေါ်တင်ဆောင်ကာ ကလေးမြို့ဘက်သို့ ပြန်လည်မောင်းနှင်ပြီး ကျန်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တမူးမြို့ဘက်သို့ ဦးတည်ထွက်ခွာသည်ဟု သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့သည် ၅၆ မိုင်နှင်းဆီခြံအနီးမှ ပြည်သူ ၃ ဦးနှင့် နေကျော်လေးအနီး လမ်းဘေးစားသောက်ဆိုင်မှ ပြည်သူတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု PDF-Kalay က ဆိုသည်။

လက်ရှိ စစ်ရေးအခြေနေများအရ ကလေး-တမူးလမ်းမကြီးအား ည ၉ နာရီမှ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုကြရန် PDF-Kalay က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့နယ်ထဲ စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး၊ ၁၀ ဦးခန့် ဒဏ်ရာရ

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင်း ပြည်သူများ၏ အိုးအိမ်၊ စည်းစိမ်များ လုံခြုံစွာကာကွယ်မပေးနိုင်သည့်အပေါ် CNO တောင်းပန်

CDF-Tonzang က စစ်သင်တန်းခေါ်ယူသည့်အတွက် လူငယ်အများအပြားတိမ်းရှောင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.