Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့တွင် မိသားစုတစ်စုလျှင် ဆန် ၅ ပြည်နှုန်းသာ ဝယ်ခွင့်ရှိ

မင်းတပ်မြို့တွင် မိသားစုတစ်စုလျှင် ဆန် ၅ ပြည်နှုန်းသာ ဝယ်ခွင့်ရှိ

0
By Editor on September 20, 2022 Headline

စစ်အုပ်ချုပ်ရေးကြေညာခံထားရသော ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် နယ်မြေခံတပ် ခလရ ၂၇၄ တပ်ရင်းမှ ဆန်ရောင်းဝယ်ခွင့်ကို ထိန်းချုပ်ကန့်သတ်ထားဆဲဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် ဆန် ၅ ပြည်နှုန်းသာ ဝယ်ခွင့်ပြုသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ဆန်များကို ထိန်းချုပ်ထားသည့်အတွက် မြို့မိမြို့ဖများက မင်းတပ်မြို့ စစ်နယ်မြေမှူးထံ ခွင့်ပြုချက်တောင်းခံကာ ၎င်း၏ ခွင့်ပြုချက်ဖြင့် ပခုက္ကူမြို့ဆန်ပွဲရုံတွင် ဆန်များမှာယူပြီး မင်းတပ်မြို့ပေါ်တွင် ဒေသခံပြည်သူများစားသုံးနိုင်ရန် ပြန်လည်ရောင်းချပေးနေကြသည်။

ထိုကဲ့သို့ရောင်းချသည့်နေရာတွင်လည်း ဆန်ကို လိုသလောက်ဝယ်ယူ၍မရဘဲ မိသားစုတစ်စုလျှင် ဆန် ၅ ပြည်နှုန်းသာ ရောင်းချခွင့်ပြုသည်ဟု မင်းတပ်မြို့မိ/မြို့ဖအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

“ဆန်က တစ်မိသားစုကို ၅ ပြည်နှုန်းနဲ့ရောင်းပေးတာ ကုန်လို့ရှိရင်တော့ နောက်ထပ်ပြန်ဝယ်လို့ရပါတယ်၊ တခါဝယ်ရင် ၅ ပြည်နှုန်းပဲဝယ်လို့ရတဲ့သဘောဖြစ်တယ်၊ စစ်နယ်မြေမှုးရဲ့ခွင့်ပြုချက်နဲ့လမ်းညွန်ချက်ဖြစ်တယ်၊ သူတို့က အိတ်လိုက်ခွင့်မပြုတာက ကျွန်တော်ထင်တာက ဟိုဖက် တောထဲရောက်မှာကို စိုးရိမ်လို့ ဖြစ်ကောင်းဖြစ်မယ်လို့ယူဆတယ်” ဟု ၎င်းကပြောသည်။

မင်းတပ်မြို့သည် ချင်းပြည်နယ်တွင် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး မြန်မာ့နွေဦးတော်လှန်ရေးမှာအစောဆုံး လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သည့် မြိုတစ်မြို့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့CDF-Mindat တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ထားတဲ့ဒေသလည်း ဖြစ်ပါတယ်။

ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့က မင်းတပ်မြို့နယ်တွင် ဆန်များ ထိန်းချုပ်ကန့်သတ်ထားခြင်းသည် CDF-Mindat တပ်ဖွဲ့ထံ ဆန်မရောက်ရှိနိုင်ရန် ဖြတ်လေးဖြတ်သဘောမျိုးဖြင့် ရိက္ခာဖြတ်တောက်ထားခြင်းဖြစ်သည်ဟု သိရသည်။

“ဆန်က ဖြတ် (၄) ဖြတ်မှာပါတဲ့ပုံစံဖြစ်တဲ့အခါမှာ ဆန်ကရောင်းလို့မရဘူးပေါ့။ မြို့မိ/မြို့ဖတွေက Volunteer သဘောနဲ့ အကျိုးဆောင်ပြီးမှ အဲ့လိုပဲ ကြားခံပြီးမှ လုပ်ပေးရတဲ့သဘောဖြစ်တယ်” ဟု မြို့မိ/မြို့ဖတစ်ဦးကပြောသည်။

မင်းတပ်မြို့ပေါ်တွင် စားသောက်ကုန်ပစ္စည်းများ၊ စားသုံးဆီ၊ လောင်စာဆီဈေးနှုန်းများလည်း အဆမတန်မြင့်တက်လာနေသောကြောင့် မြို့ခံပြည်သူများ ဝယ်ယူစားသုံးရန် အခက်အခဲများ ကြုံတွေ့နေကြရသည့်အပြင် လက်ရှိတွင် မင်းတပ်မြို့မိ/မြို့ဖများမှ ဆိုင်ကယ်ဓာတ်ဆီ ၁ လီတာလျှင် ၃၆၀၀ ကျပ်ဖြင့် ရောင်းချနိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.