Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့အနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်း သုတ်သင်ရှင်းလင်းခဲ့ဟု CNF ပြော

ဟားခါးမြို့အနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်း သုတ်သင်ရှင်းလင်းခဲ့ဟု CNF ပြော

0
By Editor on October 20, 2022 Headline

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးထက်နည်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ယနေ့ (၁၉ အောက်တိုဘာ) ထုတ်ပြန်သည်။

ချင်းအမျိုးသားတပ်မတော် CNA, ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် အောက်တိုဘာလ ၁၃ ရက်နေ့ကစ၍ ဟားခါးမြို့တွင်းအပါအဝင်၊ မြို့အနီးနှင့် သီတာကျေးရွာအနီးတို့တွင် ယနေ့ချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြသည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ဆိုသည်။

ထို့အတူ ထန်တလန်မြို့ဘက်မှ စစ်ကူလာသော စစ်ကောင်စီတပ်သား အင်အား ၄၀ ခန့်ကိုလည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကြားညှပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်းစစ်ကူပေးခဲ့သည်ဟု သိရသည်။

ယင်းတိုက်ပွဲများအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြပြီး ၂၀ ထက်မနည်းဒဏ်ရာရစေခဲ့သည်ဟု CNF က ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း CNA တပ်သား ၃ ဦး၊ CDF-Hakha ရဲဘော်တစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားခဲ့ကြပြီး တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ဟားခါးမြို့အနီးနှင့် ဟားခါး-ထန်တလန်ကြား တိုက်ပွဲများတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ချင်းအမျိုးသားတပ်မတော် CNA, CJDC Special Force, CDF-Thantlang, CDF-Zophei, CDF-Lautu, CDF-Mara နှင့် CDF-Hakha တပ်ဖွဲ့တို့မှ ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.