Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»စစ်ကောင်စီလက်အောက်က ဆိုးရွားလာနေသာ ချင်းပြည်နယ်က ကျန်းမာရေးစောင့်ရှောက်မှု

စစ်ကောင်စီလက်အောက်က ဆိုးရွားလာနေသာ ချင်းပြည်နယ်က ကျန်းမာရေးစောင့်ရှောက်မှု

0
By Editor on November 11, 2022 Featured

ရေး – Salai Vakok

မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး မြို့များအနက် တစ်ခုဖြစ်သော ပလက်ဝမြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ပေါင်းစုံကို ရင်ဆိုင်နေရသည်။

လုံဒူး၊ အိမ်နူး၊ ခိန်ခေါင်း၊ ကန်တောင်၊ လောင်ယော်ကုန်း၊ အထက်ဘောင်ကုန်း၊ ဝါးရုံ၊ ရွှေလိုက်ဝ၊ ဆင်အိုဝ၊..… နှင့်….ရွာတို့မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလှမ်းဝေးနေသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၏ ထက်ဝက်ခန့်မှာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည်မှာ ၃ နှစ်ကျော် ရှိလာနေပါပြီ။ ကျန်းမာရေးစောင့်ရှောက်မှုမရှိသော ဒေသများတွင် အရပ်ဆေးဆရာ (ရမ်းကု)၊ တောဆေးများနှင့် ကုကြသည်။စကစ၏ ကျန်းမာရေးစောင့်ရှောက်မှုက ပလက်ဝမြို့ပေါ်နှင့် အနီးဝန်းကျင်ကိုပဲ လွှမ်းခြုံနိုင်သည်။

ပလက်ဝမြို့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကလည်း ဒေသ (၃) ခုတွင်သာ ဆေးခန်းဖွင့်နိုင်ပြီး CDM ကျန်းမာရေးဝန်ထမ်း၊ စေတနာလုပ်အားပေးဝန်ထမ်း (ဆရာဝန် မရှိပါ) စုစုပေါင်း (၂၂) ဦးခန့်ဖြင့် လည်ပတ်နေသည်။ စစ်ဘေးရှောင်နှင့် ကျေးလက်နေလူထု ခန့်မှန်း ၈၀၀၀ ခန့်ကို ကုသပေးနေနိုင်ပြီး ယင်းက မြို့နယ်၏ ၃၀ ရာခိုင်နှုန်းကိုသာ လွှမ်းခြုံနိုင်သည်ဟု ယင်းအဖွဲ့မှ တာဝန်ခံတစ်ဦးက ရှင်းပြသည်။

“ချောင်းဖျားရွာတွေ၊ မြို့နယ်အဖျားက ရွာတွေက ကျန်းမာရေးစောင့်ရှောက်မှု မရကြတာတော့ အမှန်ပါပဲရှင့်။ သူတို့ရွာမှာရှိတဲ့ ရမ်းကုတွေနဲ့ တချို့တွေနဲ့ သိသလောက် မှတ်သလောက်တွေနဲ့ ကုတယ်။ တောဆေးတွေနဲ့ကုပြီးမှ နေကြတယ်။ အဲဒါကြောင့် ဒီကာလမှာ မဖြစ်သင့်ပဲနဲ့ ဖြစ်သွားကြတာတွေလည်း အများကြီးပဲရှင့်” ဟု ပလက်ဝမြို့နယ် ပြည်သူ့ကျန်းမာရေးတာဝန်ခံက ပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသော ဒေသများတွင် ၅ နှစ်အောက်ကလေးငယ်များအတွက် အမျိုးမျိုးသော ကြိုတင်ကာကွယ်ဆေးများ၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် အားဖြည့်ဆေးများ မရရှိကြပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ဆေး မထိုးနိုင်တော့ခြင်းဖြစ်ပြီး လက်ရှိတွင် ၃ နှစ်ကျော်လာ ပါပြီ။ အာဏာမသိမ်းမီ အေအေနှင့် တပ်မတော်၏ စစ်ပွဲကာလတွင် တချို့ဒေသများတွင် ကာကွယ်ဆေးထိုးခဲ့သော်လည်း လက်ရှိတွင် ကျန်းမာရေးဝန်ထမ်းများကလည်း CDM ပြုလုပ်ထားသည်။

ပလက်ဝမြို့နယ်အတွင်း အဓိက ရင်ဆိုင်နေရသော ကျန်းမာရေးပြသနာတချို့မှာ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျောတို့ဖြစ်ပြီး တချို့ကလေးငယ်နှင့် မိခင်တို့မှာ အာဟာရချို့တဲ့မှုပြသနာကို ရင်ဆိုင်နေရသည်။ အဆိုးဝါးဆုံးမှာ ငှက်ဖျား ရောဂါဖြစ်သည်။

ပလက်ဝမြို့နယ်၏ ငှက်ဖျားဖြစ်ပွားမှုမှာ ဂျူလိုင်လအထိ စာရင်းအရ ၃၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး ထိုစာရင်းမှာ လက်လှမ်းမီသမျှကိုသာ ကောက်ထားသော စာရင်းဖြစ်သည်။ လက်လှမ်းမမီသော ကျေးလက်ရွာများတွင်လည်း ငှက်ဖျားရောဂါက ဖြစ်ပွားထားသည်။

ပလက်မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့၏ အဓိက လိုအပ်ချက်မှာ ငှက်ဖျားဆေးဝါးများ၊ ခြင်ထောင်များ၊ လူကြီးများအတွက် အားဆေးများ၊ ဓါတ်ဆားထုပ်များ စသဖြင့် လိုအပ်ချက်က ကြီးမားသည်။ သို့သော် စစ်ကောင်စီ၏ လက်အောက်ခံ တပ်များသည် ဆေးဝါးသယ်ဆောင်မှုကို ကန့်သတ်ထားပြီး တချို့ကို ဖမ်းဆီးထောင်ချနေသည်။

“ကျမတို့ ဆေးခန်းတွေက ဖွင့်ထားပေမဲ့လဲ ဆေးဝါးသွယ်ယူဖို့ လမ်းကြောင်းတွေက ပိတ်ထားတယ်။ ဒါက အဓိကပေါ့နော်။ ကျမတို့ရဲ့ ဘော်လန်ဒီယာတွေက မြို့ပေါ်ကို သွားပြီးမှ တိတ်တဆိပ် ဝယ်ပြီးမှ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေရတဲ့ အခြေအနေပါ။ တကယ်ဒုက္ခရောက်နေကြတယ်”

ပလက်ဝမြို့နယ်၏ အရှေ့ဘက် ကန်ပက်လက်မြို့နယ်တွင်လည်း ဆေးဝါးမလုံလောက်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှု တစ်နှစ်နီးပါး ပြတ်တောက်သည့် ဒေသများရှိသည်။ ယင်းက လူနာတချို့ကို နာတာရှည်အဆင့်ထိ ဖြစ်ပွားစေသည်။

ကန်ပက်လက်မြို့နယ်၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကို CDM ဆရာဝန်အပါအဝင် ဝန်ထမ်း ၂၀ ကျော်ဖြင့် တစ်မြို့နယ်လုံး လွှမ်းခြုံနိုင်အောင် ဆောင်ရွက်သည်။

တော်လှန်ရေးကာလတွင် ကန်ပက်လက်မြို့နယ်ကို မျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှုသမိုင်းအရ ဒေသ (၄) ခုနှင့် မြို့မနယ်မြေဟူ၍ အုပ်ချုပ်ရေးနယ်မြေကို ပိုင်းခြားထားပြီး ဆေးခန်းများကိုလည်း ယင်းကဲ့သို့ ဖွင့်လှစ်ထားသည်။
ကန်ပက်လက်မြို့နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုတွင် ၊ ကျန်းမာရေးဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့နိုင်မှု လည်း လိုအပ်နေသည်ဟု ကန်ပက်လက်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးတာဝန်ခံက ပြောသည်။

“အဓိကတော့ ဆေးဝါးရရှိမှုအပိုင်းကတော့ အတော်လေး ခက်ခဲနေတာပေါ့။ ကျန်းမာရေးဖြစ်ပွားတဲ့ နေရာတွေ ကလည်း ဆက်သွယ်ရေး အရမ်းခက်ခဲတဲ့ နေရာတွေမှာ နေထိုင်ကြတယ်ဆိုတော့။ တာဝန်ခံကတော့ လှုပ်လှုပ်ရှားရှားနဲ့ သွားလာနိုင်တဲ့ သူတွေကို ခန့်ထားပြီး ဆောင်ရွက်နေတယ်”

ကန်ပက်လက်တစ်နယ်လုံး ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံစေရန် မိုဘိုင်းဆေးခန်းဖွင့်၍ ဝေးလံသောကျေးရွာများကို လှည့်လည်ကုသမှု ပြုလုပ်နေသည်။ လက်ရှိတွင် တစ်မြို့နယ်လုံး၏ ၆၀ ရာခိုင်နှုန်းကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ပြီး ကျန် ၄၀ ရာခိုင်နှုန်းမှာ အခက်ခဲများနှင့် ရင်ဆိုင်နေရသည်။

ငါးနှစ်အောက် ကလေးတချို့မှာ ကာကွယ်ဆေး လုံးဝမရသောကြောင့် ပိုလီယိုလက္ခဏာတွေ တွေ့လာရသည်ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့ကျန်းမာရေးတာဝန်ခံ ဆရာဝန်တစ်ဦးက ပြောသည်။

ကန်ပက်လက်မြို့နယ်တွင်လည်း ကာကွယ်ဆေးများ၊ ကိုယ်ဝန်ဆောင်အားဆေးများနှင့် အခြေခံဆေးဝါးများမှာ အဓိက အကုန်လုံး လိုအပ်နေသည်။

ယခုနှစ် ဩဂုတ်လမှ ယနေ့အထိ ကန်ပက်လက်မြို့နယ်တွင် လက်လှမ်းမီသမျှ စာရင်းအရ ပြည်သူ (၄၀) နီးပါးခန့် ငှက်ဖျားရောဂါဖြစ်ပွားပြီး ရောဂါပျံ့နှံ့ စတင်ချိန်တွင် ဆေးဝါး မလုံလောက်မှုနှင့် ရင်ဆိုင်ရသည်။ ငှက်ဖျားဆေး လုံလုံလောက်လောက် ရရှိမှသာ ရောဂါဖြစ်ပွားမှု လျော့ကျသွားခဲ့သည်။

“ငှက်ဖျားက ၈ လပိုင်းလောက် ကူးဆက်မှု ဖြစ်တယ်။ အခုတော့ အတော် ငြိမ်သွားပါပြီ။ လုံးဝပျောက်သွားတာတော့ မဟုတ်ဘူးပေါ့။ ၁/၂ ဦးလောက်ပဲ ဖြစ်တော့တယ်” ဟု အဆိုပါဆရာဝန်က ပြောသည်။

ချင်းပြည်နယ်၏ ငှက်ဖျားရောဂါဖြစ်ပွားမှုမှာ မြို့ပေါ်နှင့် ကျေးလက်နေလူထု၊ အထူးသဖြင့် စစ်ဘေးရှောင်နေရသူများမှာ ရွေ့လျားနေရသောအခါ ငှက်ဖျားရောဂါဖြစ်ပွားမှုက ပိုမိုများပြားလာစေသည်။ သာဓကမှာ ချင်းပြည်နယ်၏ မြို့နယ် (၉) မြို့နယ်တွင် ပလက်ဝမှာ ငှက်ဖျားရောဂါအများဆုံး ဖြစ်ပွားပြီး ၎င်းတို့ စစ်ရှောင်ပြေးလာရသောအခါ လာလမ်းတစ်လျောက်လုံးမှာ ရောဂါဖြစ်ပွားမှု ပိုများလာခြင်းမျိုးဖြစ်သည်ဟု ချင်းပြည်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော အရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောသည်။

“ထန်တလန်လို၊ ဟားခါးလို နေရာမျိုးမှာဆိုရင် ငှက်ဖျားမတွေ့တာ ကြာပြီ၊ ရွေ့ပြောင်းမှုတွေများလာတဲ့အခါမှာ ငှက်ဖျားကြောင့် သေတဲ့သူတွေရော ကလေးတွေမှာလည်း ငှက်ဖျားတွေ့လာရတယ်။ ငှက်ဖျားကြောင့် ဆုံးသွားရတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။

“ငှက်ဖျားကို ကာကွယ်တဲ့ လုပ်ငန်းတွေ လုပ်ဖို့၊ ဆေးစိမ်ခြင်ထောင် ဖြန့်တာတို့ အဲဒါမျိုးတွေလည်း လိုအပ်နေပါပြီ”

ချင်းပြည်နယ်တွင် ၅ နှစ်အောက်ကလေးငယ် ၆သောင်းကျော်ရှိမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး နံပါတ် (၁) အရေတကြီး လိုအပ်ချက်မှာ ကာကွယ်ဆေးများဖြစ်သည်ဟု အဆိုပါအဖွဲ့ နှိုးဆော်သည်။ ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ စကတည်းက ကာကွယ်ဆေး အစီအစဉ်များမှာ ရပ်ဆိုင်းနေပြီး ၃နှစ် ပြည့်ကာနီးနေပြီဖြစ်သည်။

“၅ နှစ်အောက်ကလေးတွေအတွက် ကာကွယ်ဆေးကတော့ ကျမတို့ တော်တော်လေးတော့ စိုးရိမ်းနေတယ်။ ကာကွယ်ဆေး ပေးနိုင်ဖို့ပေါ့နော်”

သာဓကအနေဖြင့် ဟားခါးတွင် ကာကွယ်ဆေးထိုးရန် ကလေးနှင့် မိခင်တို့ ဟားခါးမြို့သို့သွားစဉ် အကြောင်းတစ်ခုခုကြောင့် ထိုနေ့တွင် စစ်တပ်က ဂိတ်ကို ပေးမဖြတ်ပါက ၎င်းတို့မှာ ရွာအထိ လှည့်ပြန်ခဲ့ရသော ဖြစ်စဉ်များရှိသည်။

ချင်းပြည်နယ်၏ ၅နှစ်အောက် ကလေးများအတွက် ကာကွယ်ဆေးမှာ လစ်ဟာမှု အကြီးကြီး ရှိနေပြီး ယင်းကို နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီပေးနိုင်လျှင် ပိုမိုအဆင်ပြေမည်ဖြစ်၍ ချင်းမိခင်တို့ မျှော်လင့်နေပါသည်။

စစ်ကောင်စီတပ်က ကုန်စည်စီးဆင်းမှု ကန့်သတ်လိုက်ပြီးနောက် ၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များမှာ အာဟာရချို့တဲ့မှု ကြုံတွေ့နေရပြီး အရင်နှစ်များထက် ကလေးများ ဖျားနာခြင်း၊ ဆေးရုံးတက်ရခြင်း၊ သေဆုံးခြင်းတို့ တိုးမြှင့်လာသည်။

နောက်တစ်ချက်မှာ ချင်းပြည်နယ်အတွင်း ရှိနေသော အိပ်အိုင်ဗီ(HIV)နှင့် တီဘီ လူနာများအတွက် ဆေးဝါးများ ပြတ်တောက်မှု ဖြစ်သည်။ တီဘီမှာ ၆ လမှ ၉ လအထိ ရောဂါပေါ်မှုတည် သောက်ရသော်လည်း အိပ်အိုင်ဗီရောဂါသည်မှာ တစ်သက်လုံးသောက်ရမည့် ဆေးဝါးများဖြစ်သည်။ လက်ရှိသောက်နေရသော လူနာဟောင်းများ၊ လူနာအသစ်များအတွက် ထိုဆေးဝါးများ ထပ်မံ မပြတ်တောက်စေရန် လက်ရှိ အဖြေရှာနေကြောင်း အရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောသည်။

“အဲဒါတွေ အကုန်းလုံး ပြတ်တောက်သွားတဲ့အခါမှာ မြို့နယ်တစ်ခုမှာဆိုရင် သေဆုံးမှုတွေက တော်တော်လေးများလာတယ်။ HIV လူနာတွေပေါ့နော်။ ဆေးပြတ်သွားတဲ့အတွက်ပေါ့။ TV ရောဂါဆိုရင်လည်း သေဆုံးမှုတွေ တက်လာတယ်။ ရောဂါဖြစ်ပွားမှုတွေ တက်လာတယ်။ အဲဒီဆေး နှစ်မျိုးလုံးက အပြင်မှာ ဝယ်လို့မရဘူး။ အစိုးရက ထိန်းချုပ်ထားတာ ဆိုတော့” ဟု ၎င်းက ဆိုသည်။

“တီဘီ၊ အိတ်အိုင်ဗီ ဆေးဝါးတွေ လိုအပ်လျက်ရှိတယ်လို့ ပြောချင်ပါတယ်”

၂၀၂၁ စစ်အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှုူးကြီး မင်းအောင်လှိုင် လက်ထက်တွင် ဆက်သွယ်ရေး ဖြတ်တောက်မှုကလည်း ချင်းပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုဆိုးဝါးစေသည်။

ချင်းပြည်နယ်သည် ကျန်းမာရေးဝန်းထမ်း ရှားပါးမှုနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့သော ဒေသများဖြစ်သည်။ သို့အတွက် “တယ်လီကျန်းမာ”ရေးစနစ်ဖြင့် ဝေးလံသော အရပ်ဒေသက လူထုကို “ဖုန်း၊ အင်တာနက်”ဖြင့် ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်သော်လည်း စစ်ကောင်စီတပ်က ယင်းတို့ကို ဖြတ်တောက်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်းကြီးဌာနသည် “ဖုန်း၊ အင်တာနက်” ဆိုရှယ်မီဒီယာနှင့် ဆက်သွယ်ရေးနည်းလမ်းပေါင်းစုံဖြင့် လူထုအတွင်း ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းမှာ အောင်မြင်လျက်ရှိသည်။

စစ်ကောင်းစီသည် ချင်းပြည်နယ်သာမက မြန်မာနိုင်ငံ၏ စစ်ဖြစ်ပွားရာဒေသများတွင် ဆေးဝါးအပါအဝင် ကုန်စည်စီးဆင်းမှုကို တင်းကြပ်ခြင်း၊ ဖြတ်တောက်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်လျက်ရှိသည်။ ပလက်ဝမြို့နယ်သည်လည်း တစ်ခုအပါဝင်ဖြစ်သည်။

ပလက်ဝမြို့နယ် ကျန်းမာရေးတာဝန်ခံက ပြည်တွင်း၊ပြည်ပလူထုနှင့် နိုင်ငံတကာကို ယခုလို နှိုးဆော်သည်။

“ဆေးဝါးတွေရယ်၊ ခြင်ထောင်တွေရယ် ကျမတို့ကို ဆရာတို့ဘက်ကလည်း ကူညီပေးပါ”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.