Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်က သိက္ခာတော်ရ ဆရာတော်တစ်ပါးကို စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ကျော် ချမှတ်

ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်က သိက္ခာတော်ရ ဆရာတော်တစ်ပါးကို စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ကျော် ချမှတ်

0
By Editor on December 9, 2022 Headline

မန္တလေးမြို့၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတော်ကြီး သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်း (Rev- Thian Lian Sang) ကို စစ်ကောင်စီက ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။

သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်းကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က မန္တလေးမြို့နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇွန်လ ၁၅ ရက်နေ့က ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၄၉ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်ကာ စုစုပေါင်းထောင်ဒဏ် ၂၃ နှစ် အမိန့်ချမှတ်ခံရခြင်းဖြစ်သည်ဟု ဆရာတော်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“၅၀၅ (က) ရယ် ၄၉ (က) ရယ် ပုဒ်မနှစ်ခုနဲ့စွဲထားတာ။ ၅၀၅(က) က ဒီနှစ် ဇွန်လ ၁၅ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချထားတာ။ ၄၉ (က) က မနေ့ကမှ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချထားတာ၊ နှစ်ခုပေါင်းရင်တော့ ၂၃ နှစ်ဖြစ်သွားတယ်” ဟု ဆရာတော်၏ မိသားစုဝင်ကပြောသည်။

အသက် ၄၂ နှစ်အရွယ်ရှိသည့် သိက္ခာတော်ရ ဆရာသျှန်းလျှန်ဆန်းသည် ခရစ်ယာန်ဘာသာဝင်သင်းအုပ်ဆရာတော်များ၏ သိက္ခာတော်နှင့်အညီ နိုင်ငံရေးလှုပ်ရှားမှုမျာတွင် ပါဝင်ပက်သက်ခြင်းရှိသူ မဟုတ်သည့်အပြင် ဓမ္မအမှုကို အေးချမ်းစွာ ဆောင်ရွက်နေသူဖြစ်ပြီး တောင်ပေါ်ဒေသများတွင် ဆင်းရဲနွမ်းပါးသူများကိုလည်း ကျန်းမာရေး ကူညီထောက်ပံ့ပေးနေသူဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က သိက္ခာတော်ရဆရာတော်ကို မန္တလေးမြို့ ၇၉ လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြားရှိနေအိမ်သို့ စစ်ကောင်စီလက်အောက်ခံများ အရပ်ဝတ်နှင့် လက်နက်အပြည့်အစုံဖြင့် ရောက်လာပြီး မေးမြန်းစရာရှိသူဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဆရာတော်၏ နေအိမ်အတွင်းမှ ငွေသား ကျပ်သိန်း ၄၀ ကိုလည်း စစ်ကောင်စီလက်အောက်ခံများက ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ဆရာတော်ကို ယခုလက်ရှိတွင် မန္တလေးမြို့ အိုးဘိုထောင်တွင် ထိန်းသိမ်းထားကာ ယမန်နေ့က မိသားစုနှင့် ခဏတွေ့ခွင့်ရခဲ့ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.