Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ကိုယ့်မရာအချင်းချင်းကြောင့် နောက်ထပ် မရာ တစ်ယောက် မသေပါရစေနဲ့တော့လို့ ကျွန်တော်မှာချင်တယ်”

“ကိုယ့်မရာအချင်းချင်းကြောင့် နောက်ထပ် မရာ တစ်ယောက် မသေပါရစေနဲ့တော့လို့ ကျွန်တော်မှာချင်တယ်”

0
By Editor on December 13, 2022 Featured

မြန်မာ့နွေးဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသော ချင်းပြည်နယ်က မရာမျိုးနွယ်စုထဲက လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ Chinland Defense Force- Mara(CDF-Mara) နဲ့ Mara Administrative Territorial Council – MATC/MDF တပ်ဖွဲ့တို့ဟာ ယခင်အစောပိုင်းကတည်းက အငြင်းပွားမှုတွေ ဖြစ်ပွားနေခဲ့ရာကနေ အောက်တို ဘာလ ၃ ရက်နေ့ကစလို့ နှစ်ဖက်အကြားစစ်ရေး အခြေအနေတင်းမှာလာခဲ့ပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့က ငဖိုင်ပီးကျေးရွာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတဝန်းလုံးမှာ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ဆန့်ကျင် တော်လှန်ခဲ့ကြပြီး ချင်းပြည်နယ်မှာလည်း မြို့နယ်ကိုအခြေခံပြီး ဖွဲ့စည်းတဲ့ လက်နက်ကိုင်အဖွဲ့နဲ့ မျိုးနွယ်စုကိုအခြေခံပြီး ဖွဲ့စည်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့စုစုပေါင်း ၁၈ ဖွဲ့ကျော်ရှိပါတယ်။

CDF-Mara နဲ့ MATC/MDF တို့ဟာ မရာမျိုးနွယ်စုကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ကြပါတယ်။

ဘာကြောင့် မျိုးနွယ်စုတူ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်နေရတာပါလဲ။ သူတို့တပ်ဖွဲ့ ၂ ဖွဲ့ကြား မပြေလည်မှု တွေ၊ အငြင်းပွားမှုတွေက ဘာကြောင့်ပါလဲ။ ဖြေရှင်းဖို့ ဘယ်လိုလုပ်ဆောင်ဖို့လိုအပ်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး CDF-Mara ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ Salai Bawi Kung ကို ခိုနူမ်းသုန်ကဆက်သွယ်မေး မြန်းထားပါတယ်။

မေး။ ။ CDF-Mara နဲ့ MATC-MDF အကြားက အဓိကအငြင်းပွားမှုက ဘာလဲ။ မရာမျိုးနွယ်စုအချင်းချင်းကြားမှာ ဘာကြောင့် ခုလို ပဋိပက္ခတွေ ဖြစ်နေရတာလဲ။

အဖြ။ ။ မူဝါဒမတူဘူး၊ လူက မူဆွဲတယ်၊ မူကပဲလူတွေကို သက်ရောက်တယ်။ ဆိုတော့ အဖွဲ့စည်းတိုင်းက မိုးပေါ်က ကျလာတာမဟုတ်ဘူး။ လူကပဲတည်ထောင်တော့ အဲ့ဒီလူတွေရဲ့ စိတ်ဓာတ်အတိုင်းပဲ မူကထွက်ပေါ်လာတာ။ ဆိုတော့ သူတို့မူက စကစ ကိုမတိုက်ဘူးလို့ပြောတယ်။ သူတို့ စစ်ဦးစီးချုပ်ကိုလည်းကျွန်တော်တို့ ကောင်းကောင်းသိတာပေါ့။ သူကခနခနပြောတယ် စကစ ကို မတိုက်နဲ့ မင်းတို့ဘာနိုင်မှာလည်းမဟုတ်ဘူး။ CDM လည်းဝင်စရာမလိုဘူး။ ကျွန်တော် တို့က နိုင်ငံရေးကစားမယ် မင်းတို့ နိုင်ငံရေးနားမလည်ဘူး နိုင်ငံရေးကစားဖို့လိုတယ် အဲ့တော့ စကစ မတိုက်နဲ့ အခွင့် အရေးပဲယူရအောင်ဆိုပြီးတော့မှ သူတို့မူဝါဒချမှတ်တယ်။ စကစကို တိုက်ဖို့ သူတို့ရည်ရွယ်ချက်မရှိဘူး။ အိန္ဒိယဘက်က မရာတွေကလည်း ကျွန်တော့ကိုပြောပြတာပေါ့ တစ်ချို့နိုင်ငံရေး ကစားတတ်တဲ့သူက မီဇိုရမ်တော်လှန်ရေးလုပ်တုန်း ကလည်း တို့မရာတွေမပါပါဘူး။ ဒါပေမဲ့ ရတဲ့အချိန်ကျတော့ မရာ နယ်ကောင်စီ ရတာပဲ။ အဲ့ဒီလိုလုပ်တော့ ကျွန်တော် တို့က တော်လှန်ရေးကနေ ပေါက်ပွားလာတယ်ဆိုတော့ အချောင်မခိုချင်ဘူး။ တိုက်နိုင်သမျှတိုက်မယ် အသက်လည်း ပေးမယ် ရသင့်ရထိုက်တဲ့အချိန်မှာလည်းရမယ်၊ မရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရင်လည်းရမယ် တိုက်လည်းတိုက်မယ်။ တိုက်တဲ့အချိန်ကျတော့ မတိုက်ချင်ဘူး ရတဲ့အချိန်ရချင်တယ်။ ဒါက ဘုရားတရားနဲ့လည်းမကိုက်ညီဘူး။ အခြားသော လူမျိုးစု တွေကိုလည်း အားနာစရာလည်းကောင်းတယ်။ ဆိုတော့ အဲ့လိုမျိုးနိုင်ငံရေးတော့ ကစားတာမကောင်းဘူးဆိုပြီးမှ ပေါ်လစီကွာသွားတယ်။ ပေါ်လစီမတူတဲ့ဥစ္စာ အတူတူနေလို့မရဘူး။ အဲ့တာကြောင့်ပါ။

မေး။ ။ ဆရာတို့အနေနင့် ပြန်ပြီးညှိနှိုင်းဖို့ကြိုးစားခဲ့တဲ့ဟာမျိုးတွေကော်ရှိသလား။

ဖြေ။ ။ ညှိနှိုင်းဖို့ကြိုးစားခဲ့တာ ကျွန်တော်တို့ဘက်ကမရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့ကတစ်ချိန်လုံး ရန်စတယ်။ အဲ့တာတော့ အမှန်တိုင်းပဲ။ ကိုယ်က စကစ တော်လှန်တယ် သူတို့က ရန်စတယ်။ ဒီ MDF တွေက ကျွန်တော့ရဲ့ ညီအစ်ကိုတွေ သူတို့ကိုတိုက်ဖို့လည်းမစဉ်းစားဘူး ဆန့်ကျင်ဖို့လည်းမစဉ်းစားဘူး၊ မရာကတော့ မရာပါပဲ ဆိုတော့ တစ်နေ့နေ့ တစ်ကြိမ်ကြိမ်ကျတော့ တစ်လုံးတစ်ဝတည်းဖြစ်မှာပေါ့။ ဘာအခက်ခဲမှလည်းရှိမှာ မဟုတ်ဘူး။ သို့သော် သူတို့ပေါလစီကိုပြောင်းဖို့လိုမယ်။ နောက်ပြီးတော့မှ သူတို့စိတ်ဓာတ်ကိုလည်းပြောင်းဖို့လိုမယ်။ သို့မဟုတ်ရင်တော့ မရာတွေ အခက်ခဲကြုံမယ် ရိုးရိုးသားသားနဲ့ပဲနေစေချင်တယ်။

မေး။ ။ မရာလက်နက်ကိုင်အဖွဲ့အချင်းချင်း ပြန်လည်ပေါင်းစည်းသင့်မြတ်ဖို့က ဆရာတို့ နစ်ဘက်စလုံးကနေ ဘာတွေဆောင်ရွက်သင့်သလဲ။

ဖြေ။ ။ ပထမဦးဆုံး အတူတကွ အလုပ်လုပ်လို့ရအောင်ဆိုရင်တော့ လုပ်ရပ်တွေ သူတို့ပြောင်းဖို့လိုမယ်။ အွန်လိုင်းမှာ ကြည့်ပါလား ဆဲတာတို့ဘာတို့ ဘယ်သူတွေကလည်း။ ကြေညာချက်ထုတ်ပြီးမှ လိမ်ညာပြီးတော့မှ ထုတ်နေတာလဲ ဘယ်သူတွေလဲ၊ ကျွန်တော်တို့ကြတော့ အဲ့လိုမျိုးမဟုတ်ဘူး အမှန်ကိုအမှန်တိုင်း ပြောတတ်တယ် ဝန်ခံတတ်တယ်။ ဆိုတော့ ပုတ်ခတ်တဲ့စာကိုမရေးတတ်ပါဘူး။ ဆိုတော့သူတို့ကိုလည်း အညှိးလည်းမထားပါဘူး။ သို့သော် သူတို့လုပ်ရပ်တွေ အပြောအဆိုတွေ အမူအကျင့်တွေ ပြောင်းဖို့လိုမယ်။ ခရစ်ယာန်ကျမ်းစာမှာ ရှိတာပေါ့ လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်သော သတ္တဝါဖြစ်တယ်ဆိုတာ သူတို့စိတ်နှလုံး ပြောင်းလဲပြီဆိုရင်တော့ ဒါတွေကတော့ ပြောစရာကိုမလိုဘူး။ သို့သော် သူတို့က စိတ်ထားတွေမပြင်သေးဘူး၊ ရည်ရွယ်ချက်တွေလည်းမပြောင်းသေးဘူးဆိုရင်တော့ ဘယ်သူကြီး ပဲလာလာ ဘာကြီးပဲ လာလာ ဖြစ်မယ်မထင်ဘူးလို့ ကျွန်တော်မြင်တယ်။

မေး။ ။ အဖွဲ့စည်းတစ်ခုခုကနေ ကြားဝင်ဆောင်ရွက်ပြီးတော့ ဥပမာ CJDC လိုမျိုးက ကြားဝင်ညှိနှိုင်းပေး အဲ့လိုမျိုး ဆိုရင်တော့ နှစ်ဘက်အငြင်းပွားမှုတွေက ပြေလည်နိုင်မယ်လို့ပြောတာမျိုးတွေရှိတယ်။ ဆိုတော့ အဲ့ပေါ်မှာကော ဆရာတို့အနေနဲ့ ဘယ်လိုသဘော ထားအမြင်ရှိလဲ။

ဖြေ။ ။ သူတို့က CJDC အဖွဲ့ဝင်တွေမှ မဟုတ်တာ၊ သူတို့ဟာသူတို့ နေနေတာ ဆိုတော့ CJDC ကကြားဝင်ပေး လို့မရဘူး။ ကြားဝင်ပေးနိုင်တာက မရာ ကပဲ ဖြစ်မှာပေါ့ ဘာဖြစ်လို့လည်းဆိုတော့ သူများ နဲ့ဖြစ်နေတာမဟုတ်ဘူး မရာအချင်းချင်းဖြစ်နေတာပဲလေ မရာကပဲ လုပ်ရမှာပေါ့။ သူတို့လည်း ပွင့်ပွင့်လင်းလင်း ပြောပါလား။ ကဲ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ ဒီလိုပဲလုပ်မယ် ပေါ်လစီပဲပြောင်းမယ်ဆိုရင်တော့ ဆွေးနွေးစရာတောင်မလိုဘူး။ ဒါလွယ်လွယ်လေးဥစ္စာကို သူတို့ခက်အောင်လုပ်တယ်။

အမေး။ ။ ဟုတ်ကဲ့ ဆိုတော့ နှစ်ဖက်ပြန်လည်ပေါင်းစည်း သင့်မြတ်ဖို့ပေါ့လေး ဘယ်လိုမျိုးလုပ်ဆောင်ရင်ကောင်းမလဲ ဆရာ့အမြင်ပြောပြပေးလို့ရမယ်လား။

အဖြေ။ ။ စစ်ကောင်စီကို ပြတ်ပြတ်တိုက်မယ်ဆိုတဲ့ ပြင်ဆင်ချက်လုပ်ရမယ်၊ သူတို့ရဲ့ မူဝါဒတွေလည်းပြောင်းရမယ်။ ပြီးရင်တော့ ရန်ရှာတဲ့စကားတွေ မပြောဖို့ အရေးကြီးမယ်။ ဆိုတော့ ဖြစ်စေချင်တာကတော့ စိတ်ပြောင်းလဲပြီဆိုရင် ကိုယ့်အချင်းချင်းပဲ လွယ်လွယ်လေးကိစ္စကို သူတို့က ခက်အောင်လုပ်နေတာ။

မေး။ ။ အခြားဘာများ ဖြည့်စွပ်ပြောချင်တာရှိလဲ။

အဖြေ။ ။ ကျွန်တော် လူကြီးတစ်ယောက်အနေနဲ့ ဖြည့်စွပ်ချင်တာက ကျွန်တော်တို့ မရာတွေကတော့ မျော်လင့်ချက်ရှိ တယ်၊ ဝမ်းသာစရာကောင်းတာကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမယ် အဲဒါ မရာတွေအတွက် ဝမ်းသာစရာဖြစ်တယ်၊ မရာကို ဘယ်သူမှ အုပ်ချုပ်လို့မရဘူးနော်၊ ပလက်ဝလည်းမရဘူးနော် မတူပီ လည်းမရဘူး၊ ထန်တလန်လည်းမရဘူး၊ မရာပဲအုပ်ချု ပ်ရမှာ ဘာဖြစ်လို့အဲ့လိုပြောသလဲဆိုရင်တော့ တိုက်ပွဲဝင်တာကိုး တိုက်တဲ့အချိန်မှာ နစ်နာခံတဲ့အချိန်မှာ နစ်နာခံတယ်။ ရသင့်ရထိုက်တဲ့အချိန်မှာ တို့ရမယ်။ အဲ့ဒီဥစ္စာကို မရာ တွေကို သတင်းကောင်းပါး ချင်တယ်။ မရာကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမယ် သို့သော် ဒီမှာတစ်ခုရှိတာကတော့ စစ်ကောင်စီကို မနိုင်ပဲနဲ့တော့ မရာ ကိုယ်ပိုင်အုပ်ချုပ် ရေးရဖို့က အဆင်ပြေမှာမဟုတ်ဘူး။ အဲ့တော့ စကစ ကိုနိုင်အောင်တိုက်ကြရမယ်။ အုပ်ချုပ်ရေးတွေ ဘာတွေဖွဲ့တဲ့ အချိန်မှာ မရာ တွေအားလုံးကကြိုက်တဲ့နာမည်သုံးလို့ရတယ်လေ မရာကောင်စီဖြစ်ချင်ဖြစ်မယ်၊ ဥပမာ MATC လည်း ဖြစ်ချင်ဖြစ်မယ် မရာတွေက ကြိုက်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့လိမ့်မယ်။ ဆိုတော့ နောင်တစ်ချိန်ချိန်မှာ မရာ ကတော့ တကယ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာပြီးတော့မှ အတူတကွ နင်လား ငါလားဆိုတာရှိမှာမဟုတ်တော့ဘူး၊ အတူတကွ အလုပ်လုပ်ကြမယ်။ ဆိုတော့ တစ်ဘက်နဲ့တစ်ဘက် ဆိုပြီးတော့မှမလုပ်ကြတော့ပါနဲ့ နောက်ပြီးတော့ CDF-Mara ပဲဖြစ်ဖြစ် MDF-Mara ပဲဖြစ်ဖြစ် ကိုယ်က မရာ တွေဖြစ်တယ်။ တစ်ချက်သတိထားရမှာကတော့ ကိုယ့်မရာအချင်းချင်း ကြောင့် နောက်ထပ် မရာ တစ်ယောက် မသေပါရစေနဲ့တော့လို့ ကျွန်တော်မှာချင်တယ်။

(မှတ်ချက်။ ။ မရာမျိုးနွယ်စုတပ်ဖွဲ့နှစ်ဖွဲ့အကြားဖြစ်ပွားနေသော ပဋိပက္ခများအား နှစ်ဖက်တာဝန်ရှိသူများမှ သဘော ထားကြီးကြီးဖြင့်ဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ နှစ်ဖက်တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းရခြင်းဖြစ်သည်။ အခြားမည်သည့်ရည်ရွယ်ချက်မှမရှိပေ။ ပြီးခဲ့သည့် အောက်တိုဘာလတုန်းက MATC/MDF တာဝန်ရှိသူ ဦးခိုင်ဆာ ကို ဆက်သွယ်မေးမြန်းခဲ့ပြီးဖြစ်သည်။ ယခုအခါ CDF-Mara ဘက်က တာဝန်ရှိသူ Salai Bawi Kung ကို တွေ့ဆုံးမေးမြန်း ခဲ့ခြင်းဖြစ်သည်။ အယ်ဒီတာ)

Zawgyi

“ကိုယ့္မရာအခ်င္းခ်င္းေၾကာင့္ ေနာက္ထပ္ မရာ တစ္ေယာက္ မေသပါရေစနဲ႔ေတာ့လို႔ ကြၽန္ေတာ္မွာခ်င္တယ္”

မန္မာ့ေႏြးဦးေတာ္လွန္ေရးမွာ စစ္အာဏာရွင္စနစ္ကို ေတာ္လွန္ေနၾကေသာ ခ်င္းျပည္နယ္က မရာမ်ဳိးႏြယ္စုထဲက လက္နက္ကိုင္အဖြဲ႔ ၂ ဖြဲ႔ျဖစ္တဲ့ Chinland Defense Force- Mara(CDF-Mara) နဲ႔ Mara Administrative Territorial Council – MATC/MDF တပ္ဖြဲ႔တို႔ဟာ ယခင္အေစာပိုင္းကတည္းက အျငင္းပြားမႈေတြ ျဖစ္ပြားေနခဲ့ရာကေန ေအာက္တို ဘာလ ၃ ရက္ေန႔ကစလို႔ ႏွစ္ဖက္အၾကားစစ္ေရး အေျခအေနတင္းမွာလာခဲ့ၿပီးေနာက္ ေအာက္တိုဘာလ ၉ ရက္ေန႔က ငဖိုင္ပီးေက်းရြာမွာ ပစ္ခတ္မႈျဖစ္ပြားခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈျဖစ္ပြားၿပီးေနာက္ပိုင္း ႏိုင္ငံတ၀န္းလံုးမွာ စစ္အာဏာရွင္စနစ္ကို လက္နက္ကိုင္ဆန္႔က်င္ ေတာ္လွန္ခဲ့ၾကၿပီး ခ်င္းျပည္နယ္မွာလည္း ၿမိဳ႕နယ္ကိုအေျခခံၿပီး ဖြဲ႔စည္းတဲ့ လက္နက္ကိုင္အဖြဲ႔နဲ႔ မ်ဳိးႏြယ္စုကိုအေျခခံၿပီး ဖြဲ႔စည္းတဲ့ လက္နက္ကိုင္တပ္ဖဲြ႕စုစုေပါင္း ၁၈ ဖြဲ႔ေက်ာ္ရွိပါတယ္။

CDF-Mara နဲ႔ MATC/MDF တို႔ဟာ မရာမ်ဳိးႏြယ္စုကို အေျခခံၿပီး ဖြဲ႔စည္းထားတဲ့ လက္နက္ကိုင္တပ္ဖြဲ႔ေတြျဖစ္ၾကပါတယ္။

ဘာေၾကာင့္ မ်ဳိးႏြယ္စုတူ လက္နက္ကိုင္တပ္ဖဲြ႕ေတြအၾကား ပဋိပကၡျဖစ္ေနရတာပါလဲ။ သူတို႔တပ္ဖြဲ႔ ၂ ဖြဲ႔ၾကား မေျပလည္မႈ ေတြ၊ အျငင္းပြားမႈေတြက ဘာေၾကာင့္ပါလဲ။ ေျဖရွင္းဖို႔ ဘယ္လိုလုပ္ေဆာင္ဖို႔လိုအပ္ပါသလဲ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး CDF-Mara ရဲ႕ အၾကံေပးပုဂၢိဳလ္ျဖစ္တဲ့ Salai Bawi Kung ကို ခိုႏူမ္းသုန္ကဆက္သြယ္ေမး ျမန္းထားပါတယ္။

ေမး။ ။ CDF-Mara နဲ႔ MATC-MDF အၾကားက အဓိကအျငင္းပြားမႈ က ဘာလဲ။ မရာမ်ိဳးႏြယ္စုအခ်င္းခ်င္းၾကားမွာ ဘာေၾကာင့္ ခုလို ပဋိပကၡေတြ ျဖစ္ေနရတာလဲ။

အျဖ။ ။ မူဝါဒမတူဘူး၊ လူက မူဆြဲတယ္၊ မူကပဲလူေတြကို သက္ေရာက္တယ္။ ဆိုေတာ့ အဖြဲ႕စည္းတိုင္းက မိုးေပၚက က်လာတာမဟုတ္ဘူး။ လူကပဲတည္ေထာင္ေတာ့ အဲ့ဒီလူေတြရဲ႕ စိတ္ဓာတ္အတိုင္းပဲ မူကထြက္ေပၚလာတာ။ ဆိုေတာ့ သူတို႔မူက စကစ ကိုမတိုက္ဘူးလို႔ေျပာတယ္။ သူတို႔ စစ္ဦးစီးခ်ဳပ္ကိုလည္းကြၽန္ေတာ္တို႔ ေကာင္းေကာင္းသိတာေပါ့။ သူကခနခနေျပာတယ္ စကစ ကို မတိုက္နဲ႔ မင္းတို႔ဘာႏိုင္မွာလည္းမဟုတ္ဘူး။ CDM လည္းဝင္စရာမလိုဘူး။ ကြၽန္ေတာ္ တို႔က ႏိုင္ငံေရးကစားမယ္ မင္းတို႔ ႏိုင္ငံေရးနားမလည္ဘူး ႏိုင္ငံေရးကစားဖို႔လိုတယ္ အဲ့ေတာ့ စကစ မတိုက္နဲ႔ အခြင့္ အေရးပဲယူရေအာင္ဆိုၿပီးေတာ့မွ သူတို႔မူဝါဒခ်မွတ္တယ္။ စကစကို တိုက္ဖို႔ သူတို႔ရည္႐ြယ္ခ်က္မရွိဘူး။ အိႏၵိယဘက္က မရာေတြကလည္း ကြၽန္ေတာ့ကိုေျပာျပတာေပါ့ တစ္ခ်ိဳ႕ႏိုင္ငံေရး ကစားတတ္တဲ့သူက မီဇိုရမ္ေတာ္လွန္ေရးလုပ္တုန္း ကလည္း တို႔မရာေတြမပါပါဘူး။ ဒါေပမဲ့ ရတဲ့အခ်ိန္က်ေတာ့ မရာ နယ္ေကာင္စီ ရတာပဲ။ အဲ့ဒီလိုလုပ္ေတာ့ ကြၽန္ေတာ္ တို႔က ေတာ္လွန္ေရးကေန ေပါက္ပြားလာတယ္ဆိုေတာ့ အေခ်ာင္မခိုခ်င္ဘူး။ တိုက္ႏိုင္သမွ်တိုက္မယ္ အသက္လည္း ေပးမယ္ ရသင့္ရထိုက္တဲ့အခ်ိန္မွာလည္းရမယ္၊ မရာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရရင္လည္းရမယ္ တိုက္လည္းတိုက္မယ္။ တိုက္တဲ့အခ်ိန္က်ေတာ့ မတိုက္ခ်င္ဘူး ရတဲ့အခ်ိန္ရခ်င္တယ္။ ဒါက ဘုရားတရားနဲ႔လည္းမကိုက္ညီဘူး။ အျခားေသာ လူမ်ိဳးစု ေတြကိုလည္း အားနာစရာလည္းေကာင္းတယ္။ ဆိုေတာ့ အဲ့လိုမ်ိဳးႏိုင္ငံေရးေတာ့ ကစားတာမေကာင္းဘူးဆိုၿပီးမွ ေပၚလစီကြာသြားတယ္။ ေပၚလစီမတူတဲ့ဥစၥာ အတူတူေနလို႔မရဘူး။ အဲ့တာေၾကာင့္ပါ။ေ

မး။ ။ ဆရာတို႔အေနနင့္ ျပန္ၿပီးညႇိႏႈိင္းဖို႔ႀကိဳးစားခဲ့တဲ့ဟာမ်ိဳးေတြေကာ္ရွိသလား။

ေျဖ။ ။ ညႇိႏႈိင္းဖို႔ႀကိဳးစားခဲ့တာ ကြၽန္ေတာ္တို႔ဘက္ကမရွိဘူး။ ဘာျဖစ္လို႔လဲဆိုရင္ သူတို႔ကတစ္ခ်ိန္လုံး ရန္စတယ္။ အဲ့တာေတာ့ အမွန္တိုင္းပဲ။ ကိုယ္က စကစ ေတာ္လွန္တယ္ သူတို႔က ရန္စတယ္။ ဒီ MDF ေတြက ကြၽန္ေတာ့ရဲ႕ ညီအစ္ကိုေတြ သူတို႔ကိုတိုက္ဖို႔လည္းမစဥ္းစားဘူး ဆန႔္က်င္ဖို႔လည္းမစဥ္းစားဘူး၊ မရာကေတာ့ မရာပါပဲ ဆိုေတာ့ တစ္ေန႔ေန႔ တစ္ႀကိမ္ႀကိမ္က်ေတာ့ တစ္လုံးတစ္ဝတည္းျဖစ္မွာေပါ့။ ဘာအခက္ခဲမွလည္းရွိမွာ မဟုတ္ဘူး။ သို႔ေသာ္ သူတို႔ေပါလစီကိုေျပာင္းဖို႔လိုမယ္။ ေနာက္ၿပီးေတာ့မွ သူတို႔စိတ္ဓာတ္ကိုလည္းေျပာင္းဖို႔လိုမယ္။ သို႔မဟုတ္ရင္ေတာ့ မရာေတြ အခက္ခဲႀကဳံမယ္ ႐ိုး႐ိုးသားသားနဲ႔ပဲေနေစခ်င္တယ္။

ေမး။ ။ မရာလက္နက္ကိုင္အဖြဲ႔အခ်င္းခ်င္း ျပန္လည္ေပါင္းစည္းသင့္ျမတ္ဖို႔က ဆရာတို႔ နစ္ဘက္စလုံးကေန ဘာေတြေဆာင္႐ြက္သင့္သလဲ။

ေျဖ။ ။ ပထမဦးဆုံး အတူတကြ အလုပ္လုပ္လို႔ရေအာင္ဆိုရင္ေတာ့ လုပ္ရပ္ေတြ သူတို႔ေျပာင္းဖို႔လိုမယ္။ အြန္လိုင္းမွာ ၾကည့္ပါလား ဆဲတာတို႔ဘာတို႔ ဘယ္သူေတြကလည္း။ ေၾကညာခ်က္ထုတ္ၿပီးမွ လိမ္ညာၿပီးေတာ့မွ ထုတ္ေနတာလဲ ဘယ္သူေတြလဲ၊ ကြၽန္ေတာ္တို႔ၾကေတာ့ အဲ့လိုမ်ိဳးမဟုတ္ဘူး အမွန္ကိုအမွန္တိုင္း ေျပာတတ္တယ္ ဝန္ခံတတ္တယ္။ ဆိုေတာ့ ပုတ္ခတ္တဲ့စာကိုမေရးတတ္ပါဘူး။ ဆိုေတာ့သူတို႔ကိုလည္း အၫွိးလည္းမထားပါဘူး။ သို႔ေသာ္ သူတို႔လုပ္ရပ္ေတြ အေျပာအဆိုေတြ အမူအက်င့္ေတြ ေျပာင္းဖို႔လိုမယ္။ ခရစ္ယာန္က်မ္းစာမွာ ရွိတာေပါ့ လူမည္သည္ကား ခရစ္ေတာ္၌ရွိလွ်င္ အသစ္ေသာ သတၱဝါျဖစ္တယ္ဆိုတာ သူတို႔စိတ္ႏွလုံး ေျပာင္းလဲၿပီဆိုရင္ေတာ့ ဒါေတြကေတာ့ ေျပာစရာကိုမလိုဘူး။ သို႔ေသာ္ သူတို႔က စိတ္ထားေတြမျပင္ေသးဘူး၊ ရည္႐ြယ္ခ်က္ေတြလည္းမေျပာင္းေသးဘူးဆိုရင္ေတာ့ ဘယ္သူႀကီး ပဲလာလာ ဘာႀကီးပဲ လာလာ ျဖစ္မယ္မထင္ဘူးလို႔ ကြၽန္ေတာ္ျမင္တယ္။

ေမး။ ။ အဖြဲ႕စည္းတစ္ခုခုကေန ၾကားဝင္ေဆာင္႐ြက္ၿပီးေတာ့ ဥပမာ CJDC လိုမ်ိဳးက ၾကားဝင္ညႇိႏႈိင္းေပး အဲ့လိုမ်ိဳး ဆိုရင္ေတာ့ ႏွစ္ဘက္အျငင္းပြားမႈေတြက ေျပလည္ႏိုင္မယ္လို႔ေျပာတာမ်ိဳးေတြရွိတယ္။ ဆိုေတာ့ အဲ့ေပၚမွာေကာ ဆရာတို႔အေနနဲ႔ ဘယ္လိုသေဘာ ထားအျမင္ရွိလဲ။

ေျဖ။ ။ သူတို႔က CJDC အဖြဲ႕ဝင္ေတြမွ မဟုတ္တာ၊ သူတို႔ဟာသူတို႔ ေနေနတာ ဆိုေတာ့ CJDC ကၾကားဝင္ေပး လို႔မရဘူး။ ၾကားဝင္ေပးႏိုင္တာက မရာ ကပဲ ျဖစ္မွာေပါ့ ဘာျဖစ္လို႔လည္းဆိုေတာ့ သူမ်ား နဲ႔ျဖစ္ေနတာမဟုတ္ဘူး မရာအခ်င္းခ်င္းျဖစ္ေနတာပဲေလ မရာကပဲ လုပ္ရမွာေပါ့။ သူတို႔လည္း ပြင့္ပြင့္လင္းလင္း ေျပာပါလား။ ကဲ ဒီလိုဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ဒီလိုပဲလုပ္မယ္ ေပၚလစီပဲေျပာင္းမယ္ဆိုရင္ေတာ့ ေဆြးေႏြးစရာေတာင္မလိုဘူး။ ဒါလြယ္လြယ္ေလးဥစၥာကို သူတို႔ခက္ေအာင္လုပ္တယ္။

အေမး။ ။ ဟုတ္ကဲ့ ဆိုေတာ့ ႏွစ္ဖက္ျပန္လည္ေပါင္းစည္း သင့္ျမတ္ဖို႔ေပါ့ေလး ဘယ္လိုမ်ိဳးလုပ္ေဆာင္ရင္ေကာင္းမလဲ ဆရာ့အျမင္ေျပာျပေပးလို႔ရမယ္လား။

အေျဖ။ ။ စစ္ေကာင္စီကို ျပတ္ျပတ္တိုက္မယ္ဆိုတဲ့ ျပင္ဆင္ခ်က္လုပ္ရမယ္၊ သူတို႔ရဲ႕ မူဝါဒေတြလည္းေျပာင္းရမယ္။ ၿပီးရင္ေတာ့ ရန္ရွာတဲ့စကားေတြ မေျပာဖို႔ အေရးႀကီးမယ္။ ဆိုေတာ့ ျဖစ္ေစခ်င္တာကေတာ့ စိတ္ေျပာင္းလဲၿပီဆိုရင္ ကိုယ့္အခ်င္းခ်င္းပဲ လြယ္လြယ္ေလးကိစၥကို သူတို႔က ခက္ေအာင္လုပ္ေနတာ။

ေမး။ ။ အျခားဘာမ်ား ျဖည့္စြပ္ေျပာခ်င္တာရွိလဲ။

အေျဖ။ ။ ကြၽန္ေတာ္ လူႀကီးတစ္ေယာက္အေနနဲ႔ ျဖည့္စြပ္ခ်င္တာက ကြၽန္ေတာ္တို႔ မရာေတြကေတာ့ ေမ်ာ္လင့္ခ်က္ရွိ တယ္၊ ဝမ္းသာစရာေကာင္းတာကေတာ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရမယ္ အဲဒါ မရာေတြအတြက္ ဝမ္းသာစရာျဖစ္တယ္၊ မရာကို ဘယ္သူမွ အုပ္ခ်ဳပ္လို႔မရဘူးေနာ္၊ ပလက္ဝလည္းမရဘူးေနာ္ မတူပီ လည္းမရဘူး၊ ထန္တလန္လည္းမရဘူး၊ မရာပဲအုပ္ခ်ဳ ပ္ရမွာ ဘာျဖစ္လို႔အဲ့လိုေျပာသလဲဆိုရင္ေတာ့ တိုက္ပြဲဝင္တာကိုး တိုက္တဲ့အခ်ိန္မွာ နစ္နာခံတဲ့အခ်ိန္မွာ နစ္နာခံတယ္။ ရသင့္ရထိုက္တဲ့အခ်ိန္မွာ တို႔ရမယ္။ အဲ့ဒီဥစၥာကို မရာ ေတြကို သတင္းေကာင္းပါး ခ်င္တယ္။ မရာကေတာ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရမယ္ သို႔ေသာ္ ဒီမွာတစ္ခုရွိတာကေတာ့ စစ္ေကာင္စီကို မႏိုင္ပဲနဲ႔ေတာ့ မရာ ကိုယ္ပိုင္အုပ္ခ်ဳပ္ ေရးရဖို႔က အဆင္ေျပမွာမဟုတ္ဘူး။ အဲ့ေတာ့ စကစ ကိုႏိုင္ေအာင္တိုက္ၾကရမယ္။ အုပ္ခ်ဳပ္ေရးေတြ ဘာေတြဖြဲ႕တဲ့ အခ်ိန္မွာ မရာ ေတြအားလုံးကႀကိဳက္တဲ့နာမည္သံုးလို႔ရတယ္ေလ မရာေကာင္စီျဖစ္ခ်င္ျဖစ္မယ္၊ ဥပမာ MATC လည္း ျဖစ္ခ်င္ျဖစ္မယ္ မရာေတြက ႀကိဳက္တဲ့ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြဖြဲ႕လိမ့္မယ္။ ဆိုေတာ့ ေနာင္တစ္ခ်ိန္ခ်ိန္မွာ မရာ ကေတာ့ တကယ့္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရလာၿပီးေတာ့မွ အတူတကြ နင္လား ငါလားဆိုတာရွိမွာမဟုတ္ေတာ့ဘူး၊ အတူတကြ အလုပ္လုပ္ၾကမယ္။ ဆိုေတာ့ တစ္ဘက္နဲ႔တစ္ဘက္ ဆိုၿပီးေတာ့မွမလုပ္ၾကေတာ့ပါနဲ႔ ေနာက္ၿပီးေတာ့ CDF-Mara ပဲျဖစ္ျဖစ္ MDF-Mara ပဲျဖစ္ျဖစ္ ကိုယ္က မရာ ေတြျဖစ္တယ္။ တစ္ခ်က္သတိထားရမွာကေတာ့ ကိုယ့္မရာအခ်င္းခ်င္း ေၾကာင့္ ေနာက္ထပ္ မရာ တစ္ေယာက္ မေသပါရေစနဲ႔ေတာ့လို႔ ကြၽန္ေတာ္မွာခ်င္တယ္။

(မွတ္ခ်က္။ ။ မရာမ်ဳိးႏြယ္စုတပ္ဖြဲ႔ႏွစ္ဖြဲ႔အၾကားျဖစ္ပြားေနေသာ ပဋိပကၡမ်ားအား ႏွစ္ဖက္တာ၀န္ရွိသူမ်ားမွ သေဘာ ထားႀကီးႀကီးျဖင့္ေျဖရွင္းႏိုင္ရန္ ရည္ရြယ္ခ်က္ျဖင့္ ယခုကဲ့သို႔ ႏွစ္ဖက္တာ၀န္ရွိသူမ်ားအား ေတြ႕ဆံုေမးျမန္းရျခင္းျဖစ္သည္။ အျခားမည္သည့္ရည္ရြယ္ခ်က္မွမရွိေပ။ ၿပီးခဲ့သည့္ ေအာက္တိုဘာလတုန္းက MATC/MDF တာ၀န္ရွိသူ ဦးခိုင္ဆာ ကို ဆက္သြယ္ေမးျမန္းခဲ့ၿပီးျဖစ္သည္။ ယခုအခါ CDF-Mara ဘက္က တာ၀န္ရွိသူ Salai Bawi Kung ကို ေတြ႕ဆံုးေမးျမန္း ခဲ့ျခင္းျဖစ္သည္။ အယ္ဒီတာ)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.