Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်မှာ ပြည်သူ (၃) ဦး စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ဟုဆို

မင်းတပ်မြို့နယ်မှာ ပြည်သူ (၃) ဦး စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ဟုဆို

0
By Editor on January 3, 2023 Headline

ချင်းပြည်နယ်၊ မင်းတပ်မြို့အနောက်ဘက် (၅) မိုင်အကွာ တက္ကသိုလ်ကျောင်းဝန်းအနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူအမျိုးသား (၃) ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်းတွေကို မိသားစုဝင်တွေက တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့က မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့တွေ ကင်းလှည့်နေစဉ်မှာ အဲဒီပြည်သူ ၃ ဦးကို ဖမ်းဆီးပြီးနောက် သူတို့ထဲက နှစ်ဦးရဲ့ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြပြီး ကျန်တစ်ဦးကိုတော့ ခုထိမတွေ့ရသေးဘူးလို့ မင်းတပ်မြို့ခံတစ်ဦးက ပြောပါတယ်။

“သူတို့မြို့အနီးအနားကင်းလှည့်ရင်းနဲ့တွေ့လို့ဖမ်းတာ။ ၉ မိုင်လောက်မှာဖမ်းပြီး ၄မိုင်လောက်မှာ အလောင်း ပြန်တွေ့တယ်။ တယောက်ကတော့ အသေအချာမသိရသေးဘူး၊ နှစ်ယောက်ကျတော့ သေချာတယ်။ နှစ်ယောက်ရဲ့အလောင်း ကိုပြန်တွေ့တာ ဆွေမျိုးအသိုင်းအဝန်းက”

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီးသတ်ဖြတ်ခံရတဲ့ အဲဒီ ၃ ဦးဟာ လုံးခါး၊ ထန်းရိုးနဲ့ နန်းဂီးကျေးရွာက ပြည်သူတွေဖြစ်ကြတယ်လို့ သိရပါတယ်။

မင်းတပ်မြို့ပေါ်မှာ နယ်မြေခံတပ်ရင်း ၂၇၄ မှာ စစ်ကောင်စီက အင်အားဖြည့်တင်းထားပြီး နေ့တိုင်း လမ်းမပေါ် ကင်းလှည့်စစ်ဆေးမေးမြန်းတာမျိုး ရှိနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် Telegram Channel တွေမှာတော့ မင်းတပ်မြို့နယ် ပန်းအော့ကျေးရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိတွေ့ပစ်ခတ်မှုရှိပြီးတဲ့နောက် ကာကွယ်ရေးတပ်ဘက်က ကျဆုံးမှုရှိကြောင်းနဲ့ လက်လုပ်တူမီးသေနတ် သိမ်းဆည်းရမိတယ်လို့ ဝါဒဖြန့် စွပ်စွဲထားပါတယ်။

ယခုသတ်ဖြတ်ခံထားရတဲ့ မင်းတပ်ဒေသခံပြည်သူ ၃ ဦးနဲ့ပတ်သက်ပြီး CDF မင်းတပ်ဘက်က တစုံတရာထုတ်ပြန်ထား တာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မကွေးတိုင်း ပခုက္ကူမြို့မှာ ဆေးကုဖို့သွားတဲ့ မင်းတပ်မြို့ခံ လူငယ် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

Zawgyi

မင္းတပ္ျမိဳ႕နယ္မွာ ျပည္သူ (၃) ဦး စစ္ေကာင္စီတပ္ဖြဲ႔က ဖမ္းဆီးသတ္ျဖတ္ဟု ဆို

ခ်င္းျပည္နယ္၊ မင္းတပ္ျမိဳ႕အေနာက္ဘက္ (၅) မုိင္အကြာ တကၠသိုလ္ေက်ာင္းဝန္းအနီးမွာ ကင္းလွည့္ေနတဲ့ စစ္ေကာင္စီတပ္သားေတြက ေဒသခံျပည္သူအမ်ဳိးသား (၃) ဦးကုိ ဖမ္းဆီးၿပီး သတ္ျဖတ္ခဲ့တဲ့ ႐ုပ္အေလာင္းေတြကို မိသားစု၀င္ေတြက ေတြ႕ရွိခဲ့ၾက တယ္လို႔သိရပါတယ္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၂၇ ရက္ေန႔က မင္းတပ္ျမိဳ႕အေျခစုိက္ ခလရ ၂၇၄ တပ္ရင္းက စစ္ေကာင္စီတပ္ဖြဲ႕ေတြ ကင္းလွည့္ ေနစဥ္မွာ အဲဒီျပည္သူ ၃ ဦးကို ဖမ္းဆီးျပီးေနာက္ သူတို႔ထဲက ႏွစ္ဦးရဲ႕႐ုပ္အေလာင္းကို ျပန္လည္ေတြ႕ရွိခဲ့ၾကၿပီး က်န္တစ္ဦး ကိုေတာ့ ခုထိမေတြ႕ရေသးဘူးလို႔ မင္းတပ္ၿမိဳ႕ခံတစ္ဦးကေျပာပါတယ္။

“သူတုိ႔ျမိဳ႕အနီးအနားကင္းလွည့္ရင္းနဲ႔ေတြ႕လုိ႔ဖမ္းတာ။ ၉ မုိင္ေလာက္မွာဖမ္းျပီး ၄မိုင္ေလာက္မွာ အေလာင္း ျပန္ေတြ႔တယ္။ တေယာက္ကေတာ့ အေသအခ်ာမသိရေသးဘူး၊ နွစ္ေယာက္က်ေတာ့ ေသခ်ာတယ္။ ႏွစ္ေယာက္ရဲ႕အေလာင္း ကုိျပန္ေတြ႔တာ ေဆြမ်ဳိးအသုိင္းအဝန္းက။”

စစ္ေကာင္စီတပ္ဖြဲ႔က ဖမ္းဆီးၿပီးသတ္ျဖတ္ခံရတဲ့ အဲဒီ ၃ ဦးဟာ လံုးခါး၊ ထန္း႐ိုး နဲ႔ နန္းဂီးေက်းရြာကျပည္သူေတြျဖစ္ၾက တယ္လို႔ သိရပါတယ္။

မင္းတပ္ၿမိဳ့ေပၚမွာ နယ္ေျမခံတပ္ရင္း ၂၇၄ မွာ စစ္ေကာင္စီက အင္အားျဖည့္တင္းထားၿပီး ေန႔တိုင္း လမ္းမေပၚ ကင္းလွည့္ စစ္ေဆးေမးျမန္းတာမ်ိဳးရွိေနတယ္လို႔လည္းသိရပါတယ္။

စစ္ေကာင္စီရဲ့ ဝါဒျဖန္႔ Telegram Channel ေတြမွာေတာ့ မင္းတပ္ၿမိဳ့နယ္ ပန္းေအာ့ေက်းရြာအနီးမွာ ကာကြယ္ေရးတပ္ဖြဲ႕နဲ႔ ထိေတြ႕ ပစ္ခတ္မွုရွိၿပီးတဲ့ေနာက္ ကာကြယ္ေရးတပ္ဘက္က က်ဆုံးမွုရွိေၾကာင္းနဲ႔ လက္လုပ္တူမီးေသနတ္ သိမ္းဆည္းရ မိတယ္လို့ ဝါဒျဖန္႔ စြပ္စြဲထားပါတယ္။

ယခုသတ္ျဖတ္ခံထားရတဲ့ မင္းတပ္ေဒသခံျပည္သူ ၃ ဦးနဲ႔ပတ္သက္ၿပီး CDF မင္းတပ္ဘက္က တစုံတရာထုတ္ျပန္ထား တာမ်ိဳး မရွိေသးပါဘူး။

ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း မေကြးတိုင္း ပခုကၠဴၿမိဳ့မွာ ေဆးကုဖို႔သြားတဲ့ မင္းတပ္ၿမိဳ့ခံ လူငယ္ ၂ ဦးကို စစ္ေကာင္စီတပ္ဖြဲ႔ ဖမ္းဆီးခဲ့တယ္လို႔သိရပါတယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.