ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်တည်ရှိသော ချင်းအမျိုးသားတပ်ဦး CNF/CNA ဗဟိုဌာန ချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်း ၄ နာရီခန့်က တိုက်လေယာဉ်နှင့်ဗုံးကြဲတိုက်ခိုက်မှုတွင် ချင်းအမျိုးသားတပ်မတော်မှ ရဲမေ ၂ ဦးအပါအဝင် ၅ ဦးကျဆုံးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော ချင်းအမျိုးသားတပ်မတော် CNA ရဲဘော် ၅ ဦးမှာ ဆလိုင်းဗန်ရိုပြန်၊ ဆလိုင်းဒုသင်၊ ဆလိုင်ကီလ်မန်၊ မိုင်ငွန်လှေပါရ်နှင့် မိုင်ရွှေလဲန်ပါရ်တို့ဖြစ်ကြသည်။
စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ဝိတိုရိယစခန်းကို အနည်းဆုံး ၅ ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အိန္ဒိယပိုက်နက် မီဇိုရမ်ပြည်နယ်ဘက်သို့လည်း ဗုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
Photo Crd