Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဝိတိုရိယစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုးများ၏ နာကြည်းမှုနှင့် သန္နိဌာန်ကို ပိုမိုအားသစ်လောင်းပေးရာရောက်ဟု ICNCC ပြော

ဝိတိုရိယစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုးများ၏ နာကြည်းမှုနှင့် သန္နိဌာန်ကို ပိုမိုအားသစ်လောင်းပေးရာရောက်ဟု ICNCC ပြော

0
By Editor on January 11, 2023 Headline

ချင်းအမျိုးသားတပ်ဦး CNF/A ဗဟိုဌာနချုပ် ဝိတိုရိယစခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် ပြင်းထန်စွာရှုတ်ချပြီး စစ်ကောင်စီ ကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုးများ၏ နာကြည်းမှုနှင့် သန္နိဌာန်ကို ပိုမိုအားသစ်လောင်းပေးရာရောက်သည်ဟု ကြားကာလချင်းအမျိုး သားအတိုင်ပင်ခံကောင်စီ ICNCC ပြောဆိုလိုက်သည်။

ဝိတိုရိယစခန်းအပါအဝင် ချင်းပြည်အတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများသည် နိုင်ငံရေးအရ အလွန်ပင် မှားယွင်းသည့်လုပ်ရပ်ဖြစ်ပြီး၊ လူမျိုးရေး အရလည်း ပြန်လည်ဖြေဆည်ရာခက်ခဲသည့် စိတ်ဒါဏ်ရာများကို ပိုမိုနက်ရှိုင်းခိုင်မာသွားစေမည်ဖြစ်သည်ဟု ICNCC ၏ ဇန်နဝါရီလ ၁၀ ရက်နေ့စွဲဖြင့်ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။

“ဤကဲ့သို့ ပြုမူခြင်းအားဖြင့် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုးများ၏ နာကြည်းမှုနှင့် သန္နိဌာန်ကို ပိုမိုအားသစ်လောင်းပေးရာ ရောက်ပေသည်။ ချင်းလူမျိုးများအနေဖြင့် စစ်ကောင်စီ ၏ ဖိနှိပ်တိုက်ခိုက်မှုများကို ဆက်၍ တွန်းလှန်ခုခံသွားမည်သာဖြစ်သည်” ဟု ICNCC ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

“လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုသည် လူမဆန်သောလုပ်ရပ်ဖြစ်သည်သာမက၊ နိုင်ငံတော်အာဏာကို စစ်တပ်က မတရားလုယူပြီးနောက်ပိုင်းဖြစ်ပေါ်လာသော ချင်းလူမျိုးများအပါအဝင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားနှင့် လိုလားချက်များကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုကာ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေမရှာလိုသော စစ်ကောင်စီ၏ သဘောထားအမှန်ကို အတိအလင်း ဖော်ပြချက်လည်းဖြစ်သည်” ဟု ICNCC က ဆိုသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်ကုန်အထိ အပစ်အခတ်ရပ်စဲမည်ဟု ထုတ်ဖော်ပြောဆိုချက်သည်လည်း အလိမ်အညာသက်သက်သာဖြစ်ကြောင်း ၎င်းတို့ကိုယ်တိုင် ဝန်ခံနေခြင်းပင်ဖြစ်သည်ဟု ICNCC က ပြောဆိုသည်။

ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်တည်ရှိသော CNF/A ဗဟိုဌာနချုပ်ကို ယမန်နေ့ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်း ၄ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်ဖြင့် ဗုံး ၅ ကြိမ် ကြဲချခဲ့ပြီး ချင်းအမျိုးသားတပ်မေတာ်မှ ရဲမေ ၂ ဦးအပါအဝင် ၅ ဦးကျဆုံးခဲ့ရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှား UNHCR က ၎င်းတို့ဝဘ်ဆိုဒ်ကို စနစ်သစ်သို့ ပြောင်းလဲအသုံးပြုတော့မည်

မင်းတပ်၊ ကန်ပက်လက်သို့ စစ်တပ်၏ ထိုးစစ်မှာ ဖွဲ့စည်းပုံပျက်ပြီး တပ်လန်ကျ၊ တိုက်ပွဲအတွင်း စစ်တပ်ဘက် ရာချီသေဆုံး ဟု CPU/ CPA ထုတ်ပြန်

ထန်တလန်မြို့တွင်းတိုက်ပွဲတွင် စစ်တပ်က အဆိပ်ငွေ့ပါဝင်သော ဓာတုဗုံးများနှင့် အသေခံဒရုန်းများဖြင့် အသုံးပြုလာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.