Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီတိုက်ပွဲ CDF-Matupi က ရဲဘော်တစ်ဦးကျဆုံး၊ သေနတ် ၄ လက်နှင့် ကျည်ဆံအမြောက်များ ဆုံးရှုံး

မတူပီတိုက်ပွဲ CDF-Matupi က ရဲဘော်တစ်ဦးကျဆုံး၊ သေနတ် ၄ လက်နှင့် ကျည်ဆံအမြောက်များ ဆုံးရှုံး

0
By Editor on January 17, 2023 Headline

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ငလိုင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် CDF-Matupi တပ်ဖွဲ့အကြားဖြစ်ပွားသည့် တိုက်ပွဲတွင် CDF-Matupi က ရဲဘော်တစ်ဦးကျဆုံးပြီး သေနတ် ၄ လက်နှင့် ကျည်ဆံအမြောက်များ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်က မတူပီ-ဟားခါးလမ်းမပေါ်ရှိ ငလိုင်ကျေးရွာကို အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာတွင် CDF-Matupi တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

ယင်းတိုက်ပွဲတွင် CDF-Matupi မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး မောင်းပြန် (M4) သေနတ် ၂ လက်၊ ခါးချိူးသေနတ် ၂ လက်၊ မော်တော်ဆိုင်ကယ် ၁၁ စီး၊ လက်ကိုင်ဖုန်း ၇ လုံး၊ မောင်းပြန်ကျည် အမြောက်အများနှင့် မြန်မာကျပ်ငွေ ၁၅ သိန်း လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု CDF-Matupi က ယနေ့ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

“ကျွန်တော်တို့ထက် သာလွန်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ဒီရှေ့တန်း Post ကို နည်းနည်းလေး ပြန်ပြီးတော့ ဆုတ်ခွာလိုက်ရတယ်” ဟု CDF- Matupi တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ အာရွန်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ငလိုင်ကျေးရွာက လူနေအိမ်များကိုလည်း ဖောက်ထွင်းကာ ယနေ့ဇန်နဝါရီလ ၁၆ ရက်နေ့မနက် ပိုင်း ၇ နာရီခန့်တွင် အိမ်သုံးလုံးကို စက်ကြီးနှင့်ဖြိုခွင်း၍ နှစ်လုံး မီးရှို့ဖျက်ဆီးခဲ့သည်ဟု CDF-Matupi က ဆိုသည်။

ငလိုင်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း တစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.