Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

0
By Editor on January 20, 2023 Featured

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အလှည့်ကျ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်နှင့် တွေ့ဆုံမေးမြန်းခြင်း- အပိုင်း (၂)

ခိုနူမ်းသုန်သတင်း၊ ၁၉ ဇန်နဝါရီ ၂၀၂၃

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းယူပြီးနောက် နွေဦးတော်လှန်ရေး စတင်လာခဲ့ကြသည်မှာ ယခုဆိုရင် နှစ်နှစ်နီးပါးရှိလာပြီ ဖြစ်ပါသည်။ မြန်မာ့နွေဦးတော်လှန်ရေးဘယ်လောက်ထိခရီးပေါက်ပြီလဲ။

လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေကဘယ်လိုရှိနေပါသလဲ။ ဒီကိစ္စနှင့်ပတ်သက်၍ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အလှည့်ကျ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်ကို ခိုနူမ်းသုန်သတင်းဌာနဆက်သွယ်မေးမြန်းထားသည်။

(ဆလိုင်းအိုက်ဇက်ခင်နှင့် ဆက်သွယ်မေးမြန်းချက်အပိုင်း (၁) ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်လွင့်ခဲ့ပြီး ဖြစ်သည်။ ယခု အင်တာဗျူး ဒုတိယပိုင်းကို ထုတ်လွှင့်ပေးလိုက်ပါသည်။)

မေး။ ။ ချင်းပြည်နယ်ရဲ့ စစ်ရေး နိုင်ငံရေးအခြေအနေအပေါ်မှာ ဆရာ့အမြင်သိချင်ပါတယ်။

ဖြေ။ ။ တကယ့်တကယ် စစ်တိုက်တယ်ဆိုတာက နိုင်ငံရေး ရည်မှန်းချက်အောက်မှာပဲ စစ်တိုက်ရတာ။ အဲ့တော့ နိုင်ငံရေး ရည်မှန်းချက်မပါပဲစစ်တိုက်တာက တကယ်စစ်တိုက်တယ်လို့ ကျွန်တော်တို့ ပြောလို့တော့မရဘူး။ ဆိုတော့ ကျွန်တော်တို့က ချင်းပြည်နယ်မှာ အခု CDF တွေ အများကြီး မြို့နယ်တိုင်းမှာရှိကြတယ် ဒါတွေဟာ တူညီတဲ့ ရည်မှန်းချက် နိုင်ငံရေး ရည်မှန်ချက် တစ်ခုအောက်မှာ သွားကြတာပေါ့လေ၊ ရည်မှန်းချက်မှာကတော့ စစ်အာဏာရှင်စနစ် အပြီးတိုင် ဖြုတ်ချနိုင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေး၊ ညီညွတ်တဲ့ ဖက်ဒရယ် ချင်းပြည်ကို ထူထောင်ကြ မယ်ဆိုတဲ့ ရည်မှန်ချက်က အားလုံးတူတယ်။ သို့သော် ဘယ်လိုစလုပ်မလဲဆိုတဲ့အခါမှာ ဆွေးနွေးညှိနှိုင်းရတဲ့ သဘောဖြစ်တယ်။

ကျွန်တော်တို့ ရည်မှန်းတဲ့ ဥစ္စာသည် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအတွင်းမှာ ချင်းလူမျိုးတွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ နိုင်ငံရေး တန်းတူညီမျှခွင့်၊ ကိုယ့် ကံကြမ္မာကို ဖန်တီးပိုင်ခွင့်ဆိုတဲ့ ဖက်ဒရယ် Principle အပေါ်မှာ ကျကျနန လုပ်နိုင်ဖို့ ရည်မှန်းကြရတာပေါ့လေ၊ ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်ထဲမှာ၊ နှလုံးသားထဲမှာ ကျွန်တော်တို့ ဘယ်လိုပုံစံမျိုး ချင်းပြည်ကို ဘယ်လိုထူထောင်ချင်သလဲ၊ တည်ဆောက်ချင်သလဲဆိုတဲ့ ဥစ္စာက ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ဖြစ်ပြီးသားပဲ ဘာမှ အခက်ခဲမရှိဘူး။ တစ်ချို့ကတော့လည်း အားမလို အားမရတာတွေရှိတာပေါ့လေ။ တစ်ချို့ကတော့ နည်းနည်း ပြစ်တင်ချင်တဲ့ဟာလည်း ရှိကောင်းရှိနိုင်တာပေါ့၊ စိတ်မရှည်နိုင်တဲ့ဟာလည်းရှိကောင်းရှိနိုင်တာပေါ့။ ဒါပေမဲ့ လည်း ကျွန်တော်တို့ နားလည်ရမှာက အခု နှစ်နှစ်မပြည့်သေးခင်ပေါ့နော်၊ နှစ်နှစ်ပြည့်ဖို့ တစ်လ လိုသေးတာပေါ့ဗျာ။ ဒီအတွင်းမှာ ချင်းလူမျိုးတွေရထားတဲ့ အောင်မြင်မှုဟာ နည်းတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပေးဆပ်ရတာလည်း အများကြီးပဲ။

ကျွန်တော်တို့ ချင်းပြည်နယ် လူဦးရေ၊ ချင်းပြည်နယ်ရဲ့ အရင်းမြစ်နဲ့ ပြန်ထိုးကြည့်ရင် ကျွန်တော်တို့ ပေးဆပ်ရတာဟာ မနည်းဘူး။ တစ်ချိန်တည်းမှာ ကျွန်တော်တို့ရတဲ့ အောင်မြင်မှုကလည်း မနည်းဘူး။ အဲ့တော့ အခုချိန်မှာ ဒီအောင်မြင်မှုတွေ ဆက်ထိန်းထားဖို့ဆိုတဲ့ ကိစ္စ၊ ရှေ့ဆက်ဘယ်လိုသွားမလဲ ဆိုတဲ့ကိစ္စ၊ ဒါတော့ ICNCC ရော၊ CJDC ဘက်ကရော၊ CNF ဘက်ကရော၊ ဒါနီးနီးကပ်ကပ် ဆွေးနွေးညှိနှိုင်းတဲ့အနေထားရှိပါတယ်။ ဆိုတော့ အဲ့ဒီအတွက်ကြောင့်မို့ တကယ့် တကယ်ဆိုရင် ဒီလိုမျိုးအနေထားမျိုးကို ကျွန်တော်တို့က ထောက်ခံအားပေးဖို့လိုတယ်ဗျာ။ အဲ့တော့ ချင်းလူမျိုးတွေ တောင်းဆိုနေတဲ့ဥစ္စာဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စကို တောင်းဆိုနေတာမဟုတ်ဘူး။ ဒါဖြစ်သင့်ဖြစ်ထိုက်တဲ့အရာ၊ ဖြစ်ဖို့လည်းလိုအပ်တဲ့အရာကိုတောင်းဆိုနေတာဖြစ်တယ်။ အဲ့တော့ ဒါတွေကို စုစည်းသွားနိုင်တဲ့ အနေအထား တာလည်းတဖြည်းဖြည်း ရုပ်လုံးပေါ်လာမယ်လို့ပဲ ပြောချင်ပါတယ်။

မေး။ ။ ချင်းပြည်နယ်ကိုကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းက အရမ်းများနေတာတွေ့ရတယ်၊ မျိုးနွယ်စုကို အခြေခံပြီး ဖွဲ့ကြတာရှိသလို ဒေသကိုအခြေခံပြီးဖွဲ့ကြတာရှိတာပေါ့လေ။ လက်နက်ကိုင်အဖွဲ့အစည်းများတာသည် ချင်းအတွက် ဘယ်လို အားသာချက် အားနည်းချက်ရှိလာနိုင်လဲ။

ဖြေ။ ။ များတယ်လို့ ယူဆကြတယ်ပေါ့လေ၊ အဲ့တော့ များရတဲ့အကြောင်းရင်းလည်း ရှိပါတယ်။ မများရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ချင်းတွေကြားထဲမှာက မျိုးနွယ်စုတွေ များကြတယ် အထူးသဖြင့် ဦးဆောင်မှု အခန်းကဏ္ဍမှာလည်းပဲ ဝိုင်းလုပ်ချင်ကြတယ် ဆိုတဲ့အနေထားရှိတော့ အခုချင်းပြည်နယ်အတွင်းမှာ ချင်းလက်နက်ကိုင်အ ဖွဲ့စည်းတွေ အများကြီးရှိတယ်ပေါ့လေ၊ ဒါပေမဲ့ တာက ထာဝရ ရှိသွားမယ်လို့တော့ ကျွန်တော်တို့ ပြောလို့မရဘူးပေါ့နော်။ ဒါက စစ်တပ်ကို အမြဲတမ်းထူထောင်နေတာမဟုတ်ဘူး။ အခုနာမည်ပေးနေတဲ့ code က force တပ်ဖွဲ့ပေါ့နော်။ တပ်ဖွဲ့အနေနဲ့ အင်အားစုအနေနဲ့ သွားနေတာဖြစ်တယ်။ ဆိုတော့ တော်လှန်ရေး ပြီးသွားတာနဲ့ တစ်ဆင့်ဆင့် DDR Process (Disarmament Demobilization and Reintegration) တွေသူ့ဟာနဲ့သူဖြစ်သွားမယ်။ ဆိုတော့ ကျွန်တော်နားလည်သလောက် စုဖွဲ့ထားတဲ့အဖွဲ့တွေက များတယ်ဆိုတာက လောလောဆယ်ကြည့်တာ ဒါပေမဲ့ တကယ့်တကယ်တော်လှန်ရေးပြီးသွားလို့ ဖြစ်လာမဲ့ အခင်းကျင်းမှာဆို များတယ်၊ နည်းတယ် ကိစ္စတွေက မဟုတ်ဘူးဗျာ။ အဲ့ဒီအချိန်ကြရင် ဖက်ဒရယ်တပ်မတော်၊ ဖက်ဒရယ် Army ဆိုတာ သူ့ဟာနဲ့သူရှိလာမယ်။ ပြီးတော့ ပြည်နယ် မှာလည်း သူ့ဟာသူရှိမယ်။ နောက်ပြီးတော့ ကျွန်တော်တို့က မြို့နယ်အလိုက်မှာလည်း သူ့ဟာနဲ့သူ ရှိကြမယ်။ အဲ့တော့ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတာတော့ ညှိနှိုင်းကြရမှာပေါ့လေ။

ဥပမာ ဖီလစ်ပိုင် အတွေ့ကြုံအရဆိုရင် ပြည်နယ်အဆင့်မှာတော့ ပြည်နယ်တပ်ဖွဲ့တွေဖြစ်သွားမှာပေါ့လေ။ မြို့နယ်မှာဆိုရင် မြို့နယ်အဆင့် တပ်ဖွဲ့တွေဖြစ်လာမှာ၊ အဲ့တော့ အဲ့ဒီအချိန်မှာ အခုလက်ရှိမှာကိုယ့်မြို့နယ်အလိုက်ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေက ဆက်ပြီးတော့ တာဝန်ယူမှာပဲ ဥပမာအားဖြင့် ပလက်ဝမြို့နယ်ဆိုပါစို့၊ ပလက်ဝမြို့နယ်မှာ CDF မှာ တပ်ရင်း လေးရင်းရှိတယ် သဘောက၊ အဲ့လိုဆိုလို့ရှိရင် ဒီတော်လှန်ရေးအပြီးမှာပေါ့နော်၊ Federal Army ထဲကို join ချင်တဲ့သူတွေက join မှာပဲ။ ပြီးတော့ ပြည်နယ်မှာ ပြည်နယ်အဆင့်ရှိ လုံခြုံရေးတပ်ဖွဲ့မှာပါတဲ့ သူတွေက ပါသွားမှာပဲ။ ပြီးတော့ ပလက်ဝမြို့နယ်ထဲမှာ လိုအပ်တဲ့ ရဲတပ်ဖွဲ့တွေမှာ သူ့ဟာနဲ့သူ ဖြစ်သွားမှာပဲ။ အဲ့တော့ အဲ့ဒီအချိန်ကြရင်တော့ Integration process ပေါ့နော်၊ ပေါင်းစည်းတဲ့ ဥပဒေ နည်းလမ်းနဲ့ သူ့ဟာသူ စနစ်တကျဖြစ်သွားမယ်။

ကျွန်တော် နားလည်သလောက်ဆိုရင် အခုချိန်မှာ ဖွဲ့ကြတဲ့ဥစ္စာက process အနေနဲ့ဖွဲ့ကြတယ် ဒါတော်လှန်ရေး၊ စစ်အာဏာရှင်ဖြုတ်ချရေးအတွက် လက်နက်ကိုင်ကြတဲ့အခါမှာ ဒီလိုမျိုးသွားရတယ်၊ ဒါပေမဲ့ ရေရှည်မှာကြရင်တော့ ကျွန်တော်တို့က တစ်ခုတည်းသော Command control ပေါ့နော် Chief of Command အောက်မှာရောက်သွားရမယ်။ အဲ့တော့ အဲ့လိုဖြစ်ဖို့အတွက်ကိုလည်းပဲ တွန်းအားပေးတဲ့ကိစ္စတွေရှိတယ် အထူးအဖြင့် Resource ကိစ္စတွေပေါ့နော်၊ အရင်းမြစ်၊ တာဝန်၊ ပြီးတော့ လုပ်ပိုင်ခွင့် ဒါတွေ သေချာစဉ်းစားလိုက်တဲ့အခါကြရင်တော့ တော်လှန်ရေးရဲ့အလွန်မှာ ကျွန်တော်တို့ အဖွဲ့တွေ အများကြီးရှိမှာမဟုတ်ဘူး။ ရှိစရာလည်းမလိုဘူး။ ရှိလည်းရှိမှာမဟုတ်ဘူး။ ဒါကို ကျွန်တော် ရိုးရိုးလေးယုံတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ တခြားဘာများဖြည့်စွပ်ပြောချင်တာရှိပါလဲ။

ဖြေ။ ။ အရေးကြီးတာက လက်ရှိ ဆင်နွဲနေတဲ့ နိုင်ငံရေးဆိုတာဟာ နောက်လူတစ်စုကောင်းစားဖို့မဟုတ်ဘူး၊ လူတစ်ဖွဲ့ေ ကာင်းစားဖို့မဟုတ်ဘူး။ ပါတီတစ်ခု၊ တပ်ဦးတစ်ခု ကောင်းစားဖို့မဟုတ်ဘူး။ ပြည်သူတစ်ရပ်လုံး အတွက်ဖြစ်တယ်။ အဲ့တာကို ပြည်သူတွေက နားလည်သဘောပေါက်ဖို့လိုတယ်။ ပြည်သူတွေဟာ အခက်ခဲမျိုးစုံရင်ဆိုင်ရမယ်ဆိုတာ နားလည်ပါတယ်။ သဘောလည်းပေါက်ပါတယ် ကိုယ်ချင်းလည်းစာပါတယ်။ အဲ့တော့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့က မကြောက်ဖို့လိုတယ်။ ခပ်ကြောက်ကြောက်ဖြစ်နေရင်တောင်မှပဲ ကျွန်တော်တို့က မကြောက်ဘူးဆိုတာပြရမယ်ဆိုတဲ့အနေထားပေါ့လေ။ အဲ့တော့ နောက်ဆုံးကတော့ ကျွန်တော်တို့ အမှန်တရားတစ်ခုကို ပြောဆိုဖို့ ကျွန်တော်တို့ ခန္ဒာကိုယ်တစ်ခုလုံး တုန်လှုပ်နေရင်တောင်မှ အမှားကို မပြောမိဖို့ဘဲ ဖြစ်ပါတယ်။ ပြောချင်တာက CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကိုတော်လှန် တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီ ယန္တရားကို မထောက်ခံဖို့လိုပါတယ်။ ဒါ လူတိုင်းလုပ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.