Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

0
By Editor on January 31, 2023 Featured

အာဏာသိမ်းစစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် သူတို့ဘာပြောကြသလဲ

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ တနိုင်ငံလုံးမှာ လူဦးရေသန်းခေါင်စာရင်းတွေ လိုက်လံကောက်ခံနေပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း တင်းကြပ်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေတွေ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် ဘယ်လိုသဘောထား အမြင်ရှိကြပါသလဲ။ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့်အလားအလာ၊ ဘယ်လောက်အတိုင်းအတာထိကျင်းပနိုင်မလဲ။ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲ။ ဒီအပေါ်မှာ သက်ဆိုင်ရာ ချင်းလက်နက်ကိုင်အဖွဲ့အစည်းနှင့် အရပ်ဖက်အဖွဲ့အစည်းတချိူ့ရဲ့ သဘောထားအမြင်ကို စုစည်းတင်ပြလိုက်ပါတယ်။

ဆလိုင်းထက်နီ (ပြောရေးဆိုခွင့်ရှိသူ၊ ချင်းအမျိုးသားတပ်ဦး-CNF)

“စကစ ရဲ့ နိုင်ငံရေးပါတီ ထူထောင်ခွင့်ဆိုင်ရာ စည်းမျဉ်းကို ကြည့်လိုက်ရင် လူမျိုးပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံလူဦးရေ အနေအထားနဲ့လုံးဝ မဟပ်စပ်ဘူး။ အထူးသဖြင့် ဗမာမဟုတ်တဲ့ လူနည်းစုတိုင်းရင်းသားတွေအတွက် နိုင်ငံရေးလုပ် ဆော င်ခွင့်ပိတ်လိုက်တာပါပဲ။ အဓိက စစ်ယူနီဖောင်းချွတ် (ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ) USDP ကဲ့သိုသော လူများစုဖြစ်တဲ့ လူမျိုးတမျိုး သို့တည်းမဟုတ် မဟာ ဗမာလူမျိုးကြီးစစ်ဝါဒီတွေရဲ့ နိုင်ငံရေးကစားကွက်ပါပဲ၊ တနည်းအားဖြင့် နာဂစ်ကာ လမှာ ၂၀၀၈ ဖွဲ့စည်းပုံကို အကွက်ဆင် အတည်ပြုသလို ခုလည်း တိုင်းပြည် မငြိမ်သက်ချိန်ကို အခွင့်ကောင်းယူပြီး ကစားတာပါပဲ။

ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ် ရှိတယ်၊ အဲဒီ ၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်’’

Peter Thang (စစ်ဦးစီးချုပ် ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-CNDF)

“ရှိပြီးသားရွေးကောက်ပွဲကို သူ့အနေနဲ့(စစ်ကောင်စီ)လက်မခံဘဲ အာဏာသိမ်းခဲ့တာပေါ့နော်၊ အခုသူ့ အနေနဲ့ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်လို့ပြောတဲ့အခါမှာ ပြည်သူတွေက ကျေနပ်မှုရှိသလား ပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို အရင် ဖြေရှင်းမှုမပေးနိုင်ပဲနဲ့ တခါရွေးကောက်ပွဲလုပ်လိုက် မကြိုက်လို့ပြန်ဖျက်လိုက် ပုံစံမျိုးကတော့ ပြည်သူတွေအနေနဲ့ လည်း လက်ခံနိုင်စရာမရှိဘူးလို့ယူဆပါတယ်၊ အထူးသဖြင့် ကျနော်တို့လို လက်နက်ကိုင်တိုက်ပွဲဝင်ကြတဲ့ ညီအကိုတွေ အတွက်ဆိုလို့ရှိရင် ပိုပြီးလို့တောင်လက်ခံနိုင်ဖွယ်ရာမရှိဘူး၊ ဖက်ဒရယ် ဒီမိုကရေစီအရေးတွက် လက်နက်ကိုင်တိုက်ပွဲ ဝင်နေတဲ့သူတွေအတွက် ဘယ်လိုမှ မူဘောင်ထဲမှာမဝင်ဆံ့နိုင်အောင် တဖက်သတ်ဆန်တဲ့ရွေးကောက်ပွဲကြီး ဖြစ်နေ ပါတယ်၊ အခုသူတို့ လုပ်မယ့်ရွေးကောက်ပွဲက ပွဲမစခင်ကိုယ်၌က ဘယ်သူတွေပဲဝင်နိုင်မယ် ဘယ်သူတွေတော့ ဝင်နိုင်မှာမဟုတ်ဘူး ဆိုပြီးတော့ သူတို့ပဲနိုင်အောင်သေချာစွဲထားပြီးသားရွေးကောက်ပွဲလိုပုံစံဖြစ်နေပါ တယ်။ ဒါကြောင့် ပိုပြီးတော့လက်ခံနိုင်စရာ မရှိဘူး။ ပြည်သူတွေအနေနဲ့လည်း စကစ လုပ်မယ့်ရွေးကောက်ပွဲမှာ အထူးတလဲ မဲထည့်ကြ လိမ့်မယ်လို့ မယူဆပါဘူး။ ဒါပေမယ့်သူက မျက်လှည့်ပြတတ်တယ် သိုင်းဝတ္တုထဲကလိုပေါ့ မည်သို့မည်ပုံလုပ် လိုက်သည်မသိဆိုပြီး ရွေးကောက်ပွဲရ လဒ်ကြီးကတော့ ထွက်ပေါ်လာတာ ရှိကောင်းရှိကောင်းနိုင်ပါတယ် ဒါပေမယ့် အများလက်ခံနိုင်တဲ့ရွေးကောက်ပွဲပုံစံ မျိုးတော့ဖြစ်လာနိုင်စရာအကြောင်းမရှိဘူး”

PDF-Zoland ပြောရေးဆိုခွင့်ရှိသူ

“လုံးဝလက်ခံလို့မရတဲ့ လုပ်ရပ်ပါ။ စကစ က သူခိုး သေဖော်ညှိတဲ့ သဘောလို့ပဲပြောချင်ပါတယ်။ ပြည်နယ်အလိုက် ကျင်းပနိုင်တဲ့အခြေနေလုံးဝမရှိပါဘူး။ မြို့နယ်အလိုက်လည်း ဖြစ်လာနိုင်စရာမရှိပါဘူး။ တစ်ပြည်နယ်လုံး အနေနဲ့ ၅ ရာခိုင်နှုန်းလောက်တောင်ဖြစ်နိုင်ခြေမရှိဘူးလို့ မြင်ပါတယ်။ ပြည်သူ့သဘောထားကို ၂၀၂၁ ခုနစ်မှာဓားပြတိုက်လိုက်တယ်။ အခု ထပ်မံစော်ကားဖို့ ကြံစည်တယ်။ အမှတ်မရှိ ကိုယ်ကျိုးရှာတစ်ချို့က အခြေနေကို စောင့်ကြည့်နေကြတယ်။ ကျနော်တို့ကတော့ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းနဲ့ ပက်သက် ဆက်နွယ် သူတွေကို အရေးယူမယ်၊ ကိုယ်စားလှည်အနေနဲ့ ပါဝင်ပက်သက်သူတွေကိုတော့ မိမိဒေသမှာရော မြန်မာပြည်တွင်းဘယ်နေရာမဆို ခြေချခွင့်မရှိအောင် တစ်ခြားတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ကြေငြာထာ ပြီးပြီ၊ ဒီသဘောထား အတိုင်းလုပ်ဆောင်သွားမှာပါ”

ဆလိုင်းပေါလု (တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)၊ Chinland Join Defense Force – CJDC)

“စစ်အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီကတော့ သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိူးဖောက်ခဲ့ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဟာကို ကိုင်စွဲပြီးတော့မှ ၂၀၀၈ ခြေဥနဲ့အညီ ရွေးကောက်ပွဲလုပ်ပါမယ် အနိုင်ရပါတီကိုအာဏာလွဲအပ်ပါမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ပရိယာယ်သုံးတာပေါ့ ကျနော်တို့အနေနဲ့ ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်းမြင်နိုင်တဲ့အရာကတော့ သူတို့အာဏာတောက်လျှောက်တည်မြဲနိုင်ရေးအတွက် နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့လုပ်ဆောင်တာလို့မြင်တယ်၊ ကျနော်တို့အနေနဲ့ကတော့ ဒါဟာ လွတ်လပ်ပြီးတရားမျှမှု လုံးဝမရှိတဲ့ရွေးကောက်ပွဲစနစ်သာဖြစ်တယ် ပြည်သူ့ဆန္ဒမပါပဲနဲ့ပြုလုပ်တဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ဒီရွေးကောက်ပွဲကို လုံးဝကန့်ကွက်ရှုတ်ချပါတယ် ဘယ်လိုမှလက်ခံလို့မရပါဘူး”

ဆလိုင်းအာရွန် – CDF-Matupi ပြန်ကြားရေးတာဝန်ခံ

“စစ်ကောင်စီက ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲက ကျွန်တော်တို့ မတူပီ CDF အနေနဲ့ လုံးဝ လက်သင့်ခံစရာ အကြောင်း လုံးဝ မရှိဘူးပေါ့နော်။ ဒီချင်းပြည်နယ်မှာ ၉ မြို့နယ်ရှိတယ်ပေါ့။ ဒီ ၉ မြို့နယ်ထဲမှာ မြို့ပေါ်တွေကိုတော့ CDF တွေက မထိန်းချုပ်နိုင်သေးပေမယ့် ကျေးရွားတော်တော်များများတွေကို ကျွန်တော်တို့ CDF တွေက အားလုံးလွမ်းမိုးမှုရှိပြီဆိုတော့ မြို့ပေါ်တွေကိုတော့ သူတို့က ထိန်းချုပ်နိုင်သေးတယ်။ ကျွန်တော်တို့ မတူပီမှာလည်း မြို့ပေါ်က ကစကရဲ့ ထိန်းချုပ်နယ်မြေထဲမှာပဲ ရှိသေးတဲ့အတွက်ကြောင့် အနည်းနဲ့ အများတော့ ရွေးကောက်ပွဲတော့ လုပ်နိုင်မယ်လို့ယူ ဆရတယ်၊ ဒါပေမယ့် ကျနော်တို့ဘက်ကနေ မဖြစ်ဖြစ်တဲ့နည်းနဲ့ အစွမ်းကုန် ဟန့်တားသွားမှာပါ။”

ဆလိုင်းဇအုပ်လိန် – ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)

“ရွေးကောက်ပွဲလုပ်နိုင်ဖို့က စစ်ကောင်စီမှာ ပထမအချက် Credibility မရှိဘူး။ ဘာလဲဆိုတော့ သူတို့ ကိုယ်တိုင်ကပဲ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းပြီးတော့ ဒီမိုကရေစီ မဆန်တဲ့လုပ်ရပ်တွေနဲ့ စစ်အာဏာသိမ်းမှုကို လုပ်ခဲ့တယ်။ အဲ့ဒီအာဏာသိမ်းတဲ့လူက ရွေးကောက်ပွဲ ပြန်လုပ်ပြီးတော့ သူတို့စိတ်ကြိုက်လူတွေကို အတင်းမဲထည့်ခိုင်းတာမျိုးပုံစံနဲ့ သူတို့သွားနေတယ်ဆိုတော့၊ ပထမအချက် သူတို့အပေါ် အယုံကြည်မရှိဘူး။ သူတို့ ကိုယ်တိုင်ပဲဖြစ်ဖြစ် သူတို့ရဲ့လုပ်ရပ် တွေက ဒီမိုကရေစီစံတဲ့ လုပ်ရပ်တွေ မဟုတ်ဘူး။ ဒုတိယအချက်က အခုတစ်ပြည်လုံးအတိုင်းတာမှာ သူတို့ကို တော်လှန်နေတယ်။ ဒီ ကျွန်တော်တို့ ချင်းပြည်နယ်မှာ ကြည့်မယ်ဆိုလို့ရှိရင် သူတို့ထိန်းချုပ်နိုင်တဲ့ ဒေသဆိုလို့ရှိရင် သိပ်မရှိတော့ဘူး။ မြို့ပေါ်တွေပဲ သူတို့ထိန်းချုပ်နိုင်တယ်။ ပြီးတော့ အစိုးရ ယန္တရားတွေကလည်း မလည်ပတ်သလောက် ဖြစ်နေတယ် ဆိုတော့ သူတို့ ထိန်းချုပ်တဲ့ ဒီမြို့ပေါ်တွေမှာဆိုရင် မဲထည့်နိုင်မယ့် အသက်အရွယ် လူငယ်တွေက သူတို့ကို တော်လှန်ပုန်ကန်နေတယ်။ ဒီလိုအခြေအနေမျိုးမှာ တကယ်လို့ သူတို့ရွေးကောက်ပွဲလုပ်မယ်ဆိုလို့ရှိရင်လည်း မဲထည့်မ ယ့်လူက ရှိမှာမဟုတ်ဘူး။ ပြည်သူလူထုတွေကလည်း သူတို့ကိုမဲထည့်ပေးနိုင်မယ့် ဆန္ဒမရှိတော့ဘူး ဆိုတာ သေချာတယ်။ ဆိုတော့ မဲထည့်မှုမရှိဘဲနဲ့ သူတို့လုပ်မယ့်ဟာတွေက အကြမ်းဖက်မှုနဲ့ ချိန်းခြောက်မှုတွေနဲ့ အတင်းအဓမ္မ မဲထည့်ခိုင်း ရမယ့်အခြေနေမှာ သူ့တို့ကရှိနေတယ်။ အဲ့လိုမျိုးရွေးကောက်ပွဲဟာဆိုလို့ရှိရင် ဒီမိုကရေစီမဆန်သလို အောင်မြင်ဖို့ အလား အလာလည်းမရှိဘူးလို့ ယူဆပါတယ်”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

#Article”ချင်းကို ကာရံညှိခြင်း”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.