Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဇိုတုန်နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က မောင်းပြန်သေနတ် ၂ လက် သိမ်းဆည်းရမိ

ဇိုတုန်နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က မောင်းပြန်သေနတ် ၂ လက် သိမ်းဆည်းရမိ

0
By Editor on February 9, 2023 Headline

ချင်းပြည်နယ် မတူပီမြို့နယ် ဇိုတုန်နယ်မြေဒေသတွင် ယနေ့ နေ့ခင်းပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ စစ်ကောင်စီဘက်က အများအပြားကျဆုံးနိုင်ပြီး မောင်းပြန်သေနတ် ၂ လက်လည်း သိမ်းဆည်းရမိသည်ဟု CDF-Zotung က သတင်းထုတ်ပြန်သည်။

ယနေ့ဖေဖော်ဝါရီလ ၈ ရက် နေ့လည် ၁၂ နာရီမှ ၂ နာရီအထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသော CDF-Zotung၊ CNA ၊ CDF-Matupi ၊ CDF-Senthang ၊ CDF- lautu ၊ CDF-Zophei တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ချင်းကာကွယ်ရေးဘက် အထိအခိုက်မရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ရေဇွာမြို့နှင့် မိုင် ၂၀ အကွာရှိ ဇိုတုန်ရွာတစ်ရွာတွင် ညအိပ်တပ်စွဲခဲ့ကြသည်ဟု CDF-Zotung က ဆိုသည်။

“သူတို့နေတဲ့နေရာက ရွာနဲ့မိုင် ၂၀ လောက်ဝေးတဲ့နေရာမှာပဲဆို‌တော့ ပိုးပြီးတော့ တိုက်ပွဲဖြစ်လာနိုင်ခြေရှိတယ်” ဟု CDF-Zotung ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဒေနီက ပြောသည်။

ထို့ကြောင့် ဇိုတုန်ဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိပြီး အများပြည်သူများအနေဖြင့် ရေဇွာ-မတူပီကြား ခရီးသွားလာခြင်းမပြုရန် CDF-Zotung က အသိပေးထားသည်။

ဇိုတုန်နယ်တွင် လွန်ခဲ့သော ဖေဖော်ဝါရီ ၅ ရက်နေ့မှစတင်ပြီး စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်လာခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးမှုရှိခဲ့ပြီး၊ CDF-Zotung ဘက်မှ တပ်ရင်းမူးအပါဝင် ၂ ဦးကျဆုံးကာ စစ်ကောင်စီက အရပ်သားပြည်သူ ၈ ဦးကိုလည်း လူသားဒိုင်ကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.