Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့နယ် ထင်းရှုးစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CNDF တို့ တိုက်ပွဲပြင်းထန်

ဖလမ်းမြို့နယ် ထင်းရှုးစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CNDF တို့ တိုက်ပွဲပြင်းထန်

0
By Editor on March 15, 2023 Headline

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဗားလုံရွာနှင့် ထင်းရှုးစခန်းကြားတွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေး (CNDF) တပ်ဖွဲ့တို့ ယမန်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုလည်းရှိသည်ဟု သိရသည်။

ကလေးမြို့မှတက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ဖလမ်းဘက်သို့ ဦးတည်ချီတက်လာကြပြီး မတ်လ ၁၄ ရက် နေ့လယ် ၁၂ နာရီခန့်မှ ညနေပိုင်းအထိ ဗားလုံနှင့် ထင်းရှုးစခန်းကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်ဟု CNDF တပ်မဟာမှုးနှင့် စစ်ကြောင်းမှုး ကို Lian No ကပြောသည်။

“ကျွန်တော်တို့ မနက် ၁၂ နာရီကတည်းက စပစ်တာပေါ့ ဗားလုံနဲ့ ထင်းရှုးစခန်းကြားထဲမှာ မိုင်းဆွဲတယ်၊ ကားတစ်စီးတော့ ပျောက်သွားတယ်။ ၂ စီးတော့ စုတ်ပြတ်သတ်သွားတယ်။ ပြီးတော့ လူက ဘယ်နှစ်ယောက်သေတယ်ဆိုတာ အတိအကျ ကျွန်တော်တို့မသိဘူး။ အသေးစိတ်ကို ကျွန်တော် တို့မမြင်ရဘူး၊ သူတို့တွေလည်း အခုလောလောဆယ် ကျွန်တော်တို့ ထင်းရှုးစခန်းနဲ့ ဇောင်လေးကြား ထဲမှာ ကားတွေတော့ပျက်ပြီး ရပ်တန့်နေတာ သူတို့ ဆက်သွားလို့မရဘူး။ စစ်ရေးအခြေအနေကတော့ တင်းမာနေတုန်းပေါ့။” ဟု ခိုနူမ်းသုန်ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၇ ရက် နှင့် ၉ ရက်နေ့က သံချပ်ကာ ၂ စီးအပါအဝင် ကားအစီး ၃၀ ကျော်နှင့် ကလေးမြို့မှ ချင်းတောင်ဘက်ကိုတက်လာခြင်းဖြစ်ပြီး ဖလမ်းနှင့် ဟားခါးမြို့မှာအထိုင်ချထားသော စစ်ကောင်စီတပ်ရင်းများထံ ရိက္ခာပို့ဆောင်ရန်ဖြစ်သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို မတ်လ ၁၁ ရက်နေ့ကလည်း CDM Siyin, EMDF ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ၁၀ ကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခဲ့ကြပြီး စစ်ကောင်စီဘက် ၆ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ သည်ဟု CDM Siyin က ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီယာဉ်တန်းသည် ဖြေးဖြေးချင်း ဆက်လက်ချီတက်လာကြပြီးနောက် ဗားလုံနှင့် ထင်းရှုးစခန်းအကြားမှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲတော့ ပြင်းထန်လာအုံးမယ်။ သူတို့စစ်နည်းဗျူးဟာကလည်း အရင်းတုန်းကလို မတူဘူး၊ အရင်တုန်းကဆိုရင် ကလေးနဲ့ဖလမ်းကို ၃ ရက် ၄ ရက်လောက်နဲ့ ရောက်တယ်လေ။ ဒါပေမယ့် အခုက ဒီနေရာအထိ ဖလမ်းတဝက်ပဲ ရှိသေးတယ် ဒီနေရာထိတောင်မှ တပတ်ကျော်သွားပြီ။ သူတို့ စကစတွေလည်း လုံးဝရှေ့ဆက်တိုးဖို့က မဖြစ်နိုင်သေးဘူး” ဟု CNDF တပ်မဟာမှုးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့ပေါ်တာစွဲထားသော အရပ်သားကုန်တင်ကား အစီး (၃၀) ကျော်မှ ယာဉ်မောင်းသူများကို ပြန်လွှတ်ပေးလိုက်ပြီး ကုန်တင်ကားများကို စစ်ကောင်စီတပ်သားများက ဆက်လက်အသုံးပြုထားကြောင်း သိရသည်။

ကလေး-ဖလမ်းကားလမ်းပေါ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ပြီး ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် CNDF က အသိပေးထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၁၂ ရက်နေ့က New Suanpi ကျေးရွာရှိ စာသင်ကျောင်းအပါအဝင် နေအိမ် ၃ လုံး မီးရှို့ခဲ့ကြသည့်အပြင် ဗားလုံကျေးရွာမှ လူနေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများနှင့် အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခဲ့ကြပြီး ဒေသခံပြည်သူများလည်း တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.