Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ အနုပညာကြယ်တစ်ပွင့်နှင့် တွေ့ဆုံမေးမြန်းခြင်း – အပိုင်း(၁)

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ အနုပညာကြယ်တစ်ပွင့်နှင့် တွေ့ဆုံမေးမြန်းခြင်း – အပိုင်း(၁)

0
By Editor on April 13, 2023 Featured

၂၀၀၁ ခုနှစ်ဝန်းကျင်ကစပြီး အချစ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ရင်ဘတ်ထဲ နေရာယူခဲ့ပြီး ယနေ့ချိန်ထိ ပရိတ်သတ်ရင်ဘတ်ထဲမှာ စွဲထင်ကျန်ရစ်ခဲ့တဲ့အဆိုတော်တစ်ယောက်ရှိပါတယ်။ တနိုင်ငံလုံးက လူငယ်တွေရဲ့ အိပ်စက်သွားတဲ့ နှလုံးသားတွေကို “အချစ်စွမ်းအား” နဲ့ နိုးထစေခဲ့သူလည်းဖြစ်ပါတယ်။ သူကတော့ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့က ချင်းတိုင်းရင်းသား ထွဏ်းခမ်ပဲဖြစ်ပါတယ်။

ကိုထွဏ်းခမ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တနိုင်ငံလုံးက ဆန့်ကျင်ဆန္ဒပြတဲ့ပြည်သူလူထုနဲ့ တသားတည်းရပ်တည်ပြီး ရှေ့တန်းက မားမားရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ကိုထွဏ်းခမ်တစ်ယောက်လည်း စစ်ကောင်စီကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နွေဦးတော်လှန်ရေးမှာ အနုပညာအခန်းကဏ္ဍကနေ ဆက်ပြီးတော့ တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့မှာ မိသားစုနှင့်အတူနေထိုင်ပြီး ဘဝရပ်တည်ရေးအတွက် လဘ္ကရည်ဆိုင်လေးဖွင့်လှစ်ပြီးတော့ နွေဦးတော်လှန်ရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ကျရာတာဝန်ကို ထမ်းဆောင်နေလျှက်ရှိပြီး ခိုနူမ်းသုန်သတင်းဌာနက သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ယခု ကိုထွဏ်းခမ်နဲ့အင်တာဗျူးအပိုင်း ၁ မှာ စစ်အာဏာသိမ်းမှုမဖြစ်ခင်က သူ့ဘဝဇာတ်ကြောင်း အနုပညာဖြတ်သန်းမှုအခြေအနတွေ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

မေး – ပထမဆုံးအနေနဲ့ ကိုထွဏ်းခံရဲ့မိသားစုအကြောင်းလေး မိတ်ဆက်ပေးလို့ရမလား။

ဖြေ – ကျွန်တော်က တွန်ဇံ သားပေါ့။ တွန်ဇံမှာ မွေးတယ်။ တွန်ဇံကနေ သူငယ်တန်းကနေ ဆယ်တန်းအောင်တဲ့အထိ တစ်ကျောင်းတည်းမှာပဲတက်တာ။ တက်ပြီးတော့ အခုလက်ရှိအခြေနေမှာတော့ မိန်းမနဲ့ သား၊ ယောကျားသုံးယောက် သမီးတစ်ယောက်နဲ့ ဒီမှာ လောလောဆယ် ရပ်တည်နေတာပေါ့နော်။

မေး- ကိုထွဏ်းခမ်အနေနဲ့ ဒီအနုပညာလောကထဲကို ဘယ်အချိန်ကနေ ဘယ်လိုမျိုးနဲ့ စတင်ဝင်ရောက်လာတာလဲ နည်းနည်းပြောပြပါအုံး။

ဖြေ – အတိုချုပ်ပြောရရင် ကျွန်တော်က နှစ်ခြင်းအသင်းတော်လူငယ်ထဲမှာပါဝင်တယ်။ နောက်ပြီးတော့ Church Choir တွေမှာပါတယ်၊ အဲဒီတုန်းကဆိုရင် ကျွန်တော် ၅ တန်းလောက်ပဲရှိမယ်၊ အိမ်မှာလာသင်တော့၊ အဲ့တုန်းက Friday Saturday night တွေမှာ အိမ်မှာသင်တာ။ ဘုရားကျေးတော်နဲ့ ကိုယ့်ရဲ့ ဗီဇလို့ခေါ်မလား အဲ့ဒီကနေစတာပဲ၊ ၁၉၈၃ လောက်ရှိမယ်ထင်တယ်။ နောက် ၈၅ လောက်ဆို Choir leader လုပ်နေပြီ။ အဲ့ကတည်းက သီချင်းလည်း ကိုယ့်ဟာ ကိုယ်စပြီးတော့ ရေးနေပြီ။ ရွာထဲမြို့ထဲ၊ တွန်ဇံမြို့ထဲမှာဆိုရင် ညဘက်ဆိုရင် လူမနေတဲ့လမ်းတွေမှာဆိုရင် အော်တော့ တာ။ အဲ့တုန်းက နာမည်ကြီးတဲ့ ခိုင်ထူးတို့ ဇော်ဝင်းထွဋ်တို့ နောက်ပြီးတော့ ထူးအိမ်သင် ပေါ်လာတော့ ထူးအိမ်သင် သီချင်းလည်း တောက်လျှောက် အဲ့ဒီကနေ သွားရင်းသွားရင်းတော့ပေါ့နော်။ ၁၀ တန်းအောင်ပြီးတော့ ကျောင်းဆရာ နှစ်နှစ်လောက် လုပ်ဖြစ်ခဲ့တယ်။ ပြီးမှ နားပြီးမှ ရန်ကုန်မှာ မေ စတိုဒီယိုမှာ အသံဖမ်းအင်ဂျင်နီယာ အလုပ်သင်တယ်။ အလုပ်သင်တာလည်း ကျွန်တော်တို့ Music ဝါသနာပါပြီးသားဆိုတော့၊ Beating ကအစ အကုန်နားလည်ပြီးသားဆိုတော့ အသံဖမ်းတဲ့အပိုင်းမှာ ပြသနာမရှိ၊ မကြာဘူး ချက်ချင်းအသံဖမ်း အလုပ်လုပ်လို့ရတယ်။ အဲ့ဒီကနေစပြီးတော့ ဒီဂီတလောကထဲ ဝင်ရောက်သွားတာပေါ့။

၁၉၉၄ မှာ ရန်ကုန်ရောက်တယ်။ ၁၉၉၅ မှာ ကျွန်တော့်သီချင်း စစဝယ်တာက ကိုဂျေမောင်မောင် နှစ်ပုဒ်လောက် လာဝယ်သွားတယ်။ အဲ့ဒါနဲ့ ကျွန်တော်က လုပ်ရင်းလုပ်ရင်းနဲ့ ၁၉၉၈-၁၉၉၉ မှာ ပထမ Album ထုတ်တယ် တီးတိန်လို Love song ကော၊ ကိုယ့်နယ်ဒေသအကြောင်းတွေရော မိဘမေတ္တာတွေရော အစုံ ၁၂ ပုဒ်မှာ တစ်ဝက်ကျော်ကျော်က အကျိုးပြုသီချင်းပေါ့။ နောက် ဗမာလို First Album ကျတော့ ၂၀၀၁ ခုနှစ်မှာ ကက်စက်ခွေခေတ်တုန်းက ပထမဆုံးထုတ်တာက ပျောက်ဆုံးဝိညာဉ် အဲ့လိုမျိုး အစတည်လာတာပေါ့နော်။

မေး- အဆိုလောကထဲမဝင်ခင် သီချင်းတွေ အရင်စရေးတာပေါ့နော်။

ဖြေ – ကျွန်တော် ပြန်မှတ်မိသလောက်က ၁၉၈၄-၁၉၈၅ ကတည်းကထင်တယ် သီချင်းတွေစရေးတာက၊ ထူးအိမ်သင် စပေါ်တာက ၁၉၈၆ အဲ့ဒီမတိုင်ခင် ၅ လလောက်မှာ ကျွန်တော်က ချင်းလိုကော ဗမာလိုကော စပြီးတော့ ရေးနေပြီ။ ပထမဦးဆုံး သီချင်းကို ကိုဂျီမောင်မောင်က ၁၉၉၅ မှာ ဝယ်တယ်။ အကိုဂျီမောင်မောင်တို့က အရှေ့က ကိုဂျွမ်သင်ဇမ်းတို့နဲ့ လည်း အရမ်းလက်တွဲထားတာဆိုတော့လေ၊ သူက ချင်းတွေနဲ့ သံယောဇဉ်ကရှိပြီးသား အဲ့ဒါကြောင့်လည်းဖြစ်မယ်ထ င်တယ်။ ကျနော့ကို ရင်းနှီးပြီးတော့ ကျွန်တော့်သီချင်း အကြမ်းနားထောင်ရအောင်ဆိုပြီးတော့ နားထောင်ခိုင်းလိုက်တယ်။ အဲ့မှာ သူလည်း စိတ်ကြိုက် ဖြစ်သွားတာပေါ့ ဒါလည်းပါမှာပေါ့။

မေး- ဟုတ်ကဲ့ပါ ပညာရေးပိုင်းကို နည်းနည်းပြန်မေးချင်ပါတယ်။ ဆယ်တန်းအောင်ပြီးတော့ ကျောင်းတွေ ဆက်တက်ဖြစ်လာ။

ဖြေ – ကျွန်တော်က ၁၉၉၄ မှာ ရန်ကုန်သွားတဲ့အခါကျတော့ အခုနပြောသလို ဖြစ်ချင်တော့ ကိုယ်က တက္ကသိုလ် Day နဲ့တက်ရင်း ဂီတဘက်ကိုလုပ်ရင်းနဲ့ အဲ့လိုသွားချင်တာ။ ဒါပေမဲ့ တောင်ပေါ်မှာ မိသားစုရဲ့အခြေနေ Background အနေနဲ့ ကောလိပ်တက်ဖို့ လုံးဝအဆင်မပြေဘူး။ အဲ့တော့ အဲ့တုန်းက ဒီကလေးတက္ကသိုလ်က ခိုင်ကမ်း ကောလိပ်ပဲဖြစ်သေးတယ်။ အဲ့မှာမပါတဲ့ Subject တွေ မန္တလေးမှာသွားဖြေရမယ့် Subject တွေ အထူးရွေးပြီးတော့ အဲ့မှာ ကိုယ့်မှတ်နဲ့လည်းညီတော့ ခိုင်ကမ်း ကောလိပ်မှာဖြေလို့မရတဲ့ မပါတဲ့ Subject တွေ မန္တလေးမှာ အဝေးသင်တစ်နှစ်ပဲဖြေတယ်။ အဲ့တာပြီးတော့ ငါက ဂီတ အနုပညာနဲ့ပဲလုပ်စားချင်တယ် ငါ ဒီပညာနဲ့ ဘွဲ့နဲ့ ဘာမှ တစ်သက်လုံး ဘဝမှာလုပ်စားဖို့ အချိန်မပေးနိုင်တော့ဘူး၊ ဒီ စတိုဒီယိုမှာပဲ မြဲအောင် ကြိုးစားမယ်ဆိုပြီးတော့ ပညာရေးအဝေးသင်ကိစ္စကိုထားလိုက်တယ် အခုထိ။ အဲ့ဒီကနေ အနု ပညာလောကထဲကို ခြေစုံပစ်ပြီးတော့ ဝင်လိုက်တယ်။ အဲ့ဒါကြောင့် မိန်းမရတာလည်း နောက်ကျတာပေါ့။

မေး – ကိုထွဏ်းခမ်ရဲ့ ပထမဆုံး တေးစီးရီး Album က ၂၀၀၁ ခုနှစ်မှာထွက်တယ်ပေါ့နော်၊ အဲဒီအကြောင်းလေး နည်းနည်း ပြန်ပြောပြပါလား။

ဖြေ – ကျွန်တော် ရေးတယ်။ ရေးတုန်းက ပေါ်လာတဲ့ arrangement ဘယ်လိုလုပ်ရင်ကောင်းမလဲကအစ (1, 2, 3, 4) Notes တွေ သေချာလေးမှတ်ထားတယ်။ နောက်ပြီးတော့ အခွေကြမ်းတွေလုပ်တယ်။ ဂီတာလေးနဲ့ ကိုယ်ဟာကို အားတဲ့ အချိန် စတိုဒီယိုမှာ ခိုးပြီးတော့လုပ်တယ်။ အဲဒါနဲ့ Lazy Club ကို ချပြပြီးတော့ Notes လည်း ချပြပေးပြီးတော့ ဒီလိုဒီလိုမျိုး လိုချင်တယ် ကိုယ်တတ်နိုင်သလောက်။ တစ်ချို့ဆိုလို ဘာညာကျတော့ ကိုနိုင်ဇော်၊ ကိုအုပ်ကာတို့က အဓိက၊ intro-solo တစ်ဝက်လောက်လောက်ကတော့ ကိုယ့်ဟာကိုယ်ချထားတာ။ ဥပမာ ကျေးလက်တောတန်း ပလက်ကင်ဆိုရင် သူက အနှေးကွက် 16 Notes နဲ့ဆိုတော့လေ၊ Left-right up and down နဲ့ Notes တွေနဲ့ ကျွန်တော် သေချာရေးပေးထားတော့ ဂီတာ သမားတို့လည်း လုပ်ရတာ အရမ်းလွတ်လပ်တယ်။ အဲ့တုန်းက Drum က ကိုဝေထွန်းလေ၊ တစ်ပုဒ်ပြီးတိုင်း၊ ” ဟာ… ကောင်းတယ်တီးမယ်” အဲ့လိုမျိုး၊ ပျောက်ဆုံး ဝိညာဉ်ဆိုရင် ending မှာ rock chord နဲ့သွားတာလေ၊ သူကမ ပြီးနိုင်တော့ဘူ မနားတော့ဘူး ကိုဂျင်ပီးကလည်း လိုက်တီးသွားတာ မိနစ်အကြာကြီးပဲ အမှတ်တရပေါ့လေ။

မေး- ကိုထွဏ်းခမ်သီချင်းတွေထဲမှာ ပရိတ်သတ်ရဲ့နှုတ်ဖျားနဲ့ ရင်ဘတ်ထဲမှာအမြဲရှိတာသီချင်းတပုဒ်ကတော့ ကျေးလက်တောတန်းပေါ့နော်၊ အဲဒီသီချင်းကို ဘယ်လိုခံစားသီကုံးခဲ့ပါလဲ။

ဖြေ – ကျွန်တော်တို့ မွေးရပ်မြေကို တစ်ခြားနေရာရောက်ရင် လွမ်းတယ်။ အိမ်မက်မက်တယ်။ စိတ်ကအမြဲတမ်း အဲ့လို ဖြစ်တယ်။ အဲ့လိုသဘောအတိုင်းပဲ။ ကျေးလက်တောတန်းကို ကျနော် ရန်ကုန်ကနေရေးတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန် တော်တို့ အဲ့ဒီခေတ်တုန်းက တောင်ပေါ်လမ်းတွေက ဖုန်တွေတစ်လုံးလုံးနဲ့ အခုလို ကတ္ကရာလမ်းတွေမဟုတ်သေးဘူး၊ မျက်စိထဲမှာ မြင်ယောင်ပြီးတော့ တိမ်တိုက်တွေက ငါ့ကိုခေါ်သွားနိုင်မလားဆိုတဲ့စိတ်ကူးတွေနဲ့၊ တစ်ခါတလေကျရင် ချင်း တောင်ကိုပြန်ချင်တယ်လေ၊ အဲ့ဒီစိတ်ကူးနဲ့။ ဒါပေမဲ့ ချင်းတောင်ရဲ့ အထိမ်းအမှတ် တောင်ဇလပ်ကို ဘာကြောင့်မထည့် တာလဲ အဲ့တစ်ခုရှိတယ်။ ဘာလို့လဲဆိုတော့ ဒီ Music မှာ ကျွန်တော် အမြဲတမ်းပြောဖြစ်တာက ဘောင်မရှိဘူး။ ဘောင်ကျ ယ်လေကောင်းလေ။ နောက်ပြီး‌တော့ ခြံစည်းရိုးခတ်မထားဘူး။ သဘောက ကျွန်တော် တီးတိန်ချင်းလို ဆိုထားတဲ့ Pianna Vangkhua ဆိုရင် ကျွန်တော် တွန်းဇံပြန်သွားတော့ မြို့နယ်တရားသူကြီး Kawlte(ဗမာလူမျိုး) က အလွတ်ရနေပြီ။ ဒါက ဘောင်မရှိဘူးလေ အဲ့သဘောပဲ။ ဘာလို့လဲဆိုတော့ မြန်မာပြည်ဆိုတာ တောင်ပေါ်သားတွေ ပတ်လည်ဝိုင်းပြီးတော့ နေထိုင်တဲ့ မြန်မာပြည်ဆိုတော့လေ၊ မြန်မာလိုရေးထားတဲ့အခါကျတော့ အဲ့ဒီခံစားချက်ကြောင့် အားလုံး ဝိုင်းပြီးတော့ ခံစား လို့ရအောင်ဆိုပြီး ကျွန်တော်ရေးတုန်းက ခေါင်းထဲမှာပေါ်လာတယ်။ အဲ့ဒါကြောင့် တောင်ဇလပ်မထည့်ဖြစ်လိုက်တာ ကျွန်တော်တို့ချင်းတွေကို ကျွန်တော်မချစ်လို့မဟုတ်ဘူး။ အားလုံး Music မှာ ကျွန်တော်တို့အားလုံး ညီတူညီမျှခံစားလို့ရ တယ်ဆိုတဲ့အကြောင်း အဓိကထားချင်တာပါ။

မေး- နောက်တခုကတော့ ယနေ့ချိန်ထိ လူငယ်ကော လူကြီးကော အရမ်းနှစ်ခြိုက်ခဲ့ရတဲ့ အချစ်စွမ်းအားသီချင်းကကော် ဘယ်လိုရေးစပ်သီကုံးခဲ့လဲ။

ဖြေ။ အဲ့ဒီသီချင်းရေးတုန်းကတော့ ကိုယ်တိုင် အပျိုတွေချစ်ကြိုက်ပြီးတော့ ဖြစ်နေတဲ့အချိန်မဟုတ်ဘူး အမှန်တိုင်း ပြောရ ရင် ကျွန်တော်တို့ တက်ကြွနေတဲ့အချိန် သီချင်းတွေရေးဖို့ ကုန်ကြမ်းတွေရဖို့ ဘာသီချင်းတွေနားထောင်ရမယ်၊ ဘယ်လိုစာ တွေဖတ်ရမယ်ဆိုတဲ့ အားအရမ်းတက်နေတဲ့အချိန်၊ ရန်ကုန်မှာနေတုန်းကဆိုတော့လေ၊ ဒါပေမဲ့ ဘဝပေး အခြေနေအရ အဲ့ဒီအချိန်တုန်းက ဒီသီချင်းရေးတဲ့ ညတုန်းကဆိုရင် ကျွန်တော့ဆရာ့ရဲ့အိမ်မှာ ကပ်နေတာ။ သူဝယ်ထားတဲ့အိမ်မပြင်ရေ သးဘူး။ အဲ့မှာ ကိုယ်က ညနေစာ ထမင်းဝိုင်းစားဖို့မရှိဘူး အဲ့တော့ လမ်းဘေးက မုန်းဟင်းခါးကို စားရင်းနဲ့ အဲ့သီချင်း တစ်ပုဒ်ကိုရေးဖြစ်သွားတာဗျာ။ စိတ်ကူးဘဝနဲ့ လက်တွေ့ဘဝနဲ့ ပြောင်းပြန်ဖြစ်သွားတယ် ထွက်လာတဲ့ စကားလုံးနဲ့ မယ်လိုဒီကလေ၊ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှာ အဲ့လို အသဲကွဲပြီးတော့ ခံစားပြီးတော့ ကြေကွဲတဲ့ ဟာတွေပဲ ပါလာတာများတယ်။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင် ချင်းလို ဆိုထားတဲ့ Album ထဲမှာ အကြောင်းအရာတွေလည်းပါပြီးသား အဲ့မှာ ဒီချစ်သူ နှစ်ယောက်ဖြစ်ဖြစ်၊ သားသမီးရပြီးသား လင်မယားဆိုလည်း အားပြန်ယူလို့ရတယ်လေ။

မေး- ကိုထွဏ်းခမ်ရဲ့ နောက်ထပ် Album အကြောင်းလည်းပြောပြပါအုံး။

ဖြေ – ဒုတိယ ကိုယ်ပိုင် Album ထွက်တာက ၂၀၁၃ ခုနှစ်မှာ မျက်ရည်အက်ကြောင်းဖြစ်ပါတယ်။ အဲဒါကလည်း ကိုယ်တိုင်တီး ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို၊ အခုနပြောသလိုပဲ Arrangement တွေတစ်ဝက်နီးနီး ကိုယ့်ဟာကိုယ်လုပ် တာပေါ့နော် Lazy Club နှင့်ပဲ။

မေး- အဲဒီ Album ထဲမှာ မဆုန်းသင်းပါရ်နဲ့ စုံတွဲဆိုတားတဲ့ တသက်လုံး သီချင်းကလည်း ရမ်းနားထောင်လို့ကောင်းတယ်။ ပြီးတော့ ကြားထဲမှာ ချင်းဘာသာလို့ ထည့်ထားတာရှိတယ် ဆိုတော့ အဲ့သီချင်းအကြောင်းလေးလည်းပြောပါအုံး။

ဖြေ – ကျနော်တို့တွေဟာ ဘာသာစကားမတူပေမဲ့ တစ်မျိုးတည်းဆိုတာ ကျွန်တော် Music နဲ့ စကားလုံးနဲ့ ပြချင်တာ အဓိကက အခုနလိုပဲ စုံတွဲလည်းဖြစ်မယ် မဆုန်းသင်းကလည်း ကူညီမယ်၊ ညီအစ်ကိုတွေပေါ့နော်၊ ကူညီရင်းနဲ့ ကျွန်တော်တို့ ချင်းထဲမှာ ဟားခါးပဲဖြစ်ဖြစ် တီးတိန်ပဲဖြစ်ဖြစ် ဖလမ်းဖြစ်ဖြစ် ငါတို့က ညီအစ်ကိုတွေ၊ ဘာသာ စကားမတူညီတာတစ်ခု ဒါပေမဲ့ ငါတို့ တစ်မြေထဲမှာပဲနေတယ်၊ Music မှာ ဒီစိတ်တွေမရှိဘူးဆိုတဲ့ အဲ့ဒီကြောင်း ပြောချင်းတာ၊ Music ထဲမှာ တစ်စုတစ်စည်းတည်းဖြစ်တယ်ဆိုတဲ့ဟာပြချင်တာ။

မေး- ၂၀၁၃ နောက်ပိုင်းမှာတော့ နောက်ထပ် Album မထွက်တော့ဘူးနော်။ ဘာတွေဆက်လုပ်ဖြစ်ခဲ့လဲ။ မိသားစုအရေး ဘယ်လိုရပ်တည်ခဲ့လဲ။

ဖြေ- ကျွန်တော်က ချင်းတောင်မှာပဲ အမေက ကျန်မာရေးမကောင်းတော့လေ အမေ့အနားမှာပဲ အနီးကပ်နေရတော့တာ။ အဲ့တော့ ကြားထဲမှာ နိုင်ငံခြားခရီးစဉ်မဖြစ်မနေသွားရမယ်ဆိုရင်တော့ သွားတယ်။ နောက်ပြီးတော့ ချင်းအမျိုးသားနေ့ ပွဲတွေမှာလာခေါ်ရင်တော့ ကြားဖြတ်သွားတယ်။ ကျွန်တော်တို့ကျတော့ Album စလုပ်ကတည်းက သီချင်းစရေးကတည်း က ဒီသီချင်းစကားလုံးတွေနဲ့ Melody နဲ့ နောက်ပြီးတော့ ကိုယ်ဆိုထားတဲ့ သီချင်းတွေနဲ့ ပိုက်ဆံတွေပြန်ဝင်ပြီးတော့ ကိုယ်တွေက မိသားစုတွေ ဘယ်လိုရပ်တည်မလဲဆိုတဲ့စိတ်ကလုံးဝမရှိတာ။ အဓိက ကိုယ့်စကားလုံးတွေ ကိုယ့်မယ်လိုဒီ တွေ ပရိသတ်တွေရင်ထဲ ဒီငါးယောက်ထဲမှာ နှစ်ယောက်လောက်စီရောက်သွားရင်လည်း ကိုယ်ကကျေနပ်ပြီ ဆိုတဲ့ အဲလို မျိုးစိတ်နဲ့ပဲသွားနေတာ။ ဒီတစ်ပုဒ် ဘယ်လောက်ရမှ ရောင်းမယ် အဲ့လိုမျိုးမဟုတ်ဘူး။ အဲဒါ ကျွန်တော်တို့ရဲ့ ခံစားမှုနှင့် ရပ်တည်မှုပါ။

အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်။ အပိုင်း (၂) မှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုတော် ထွဏ်းခမ်ရဲ့ ဘဝဖြတ်သန်းမှုအခြေအနေများကို ဖော်ပြသွားမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.