Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”
ပုံစာ - CNF-CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီ

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

0
By Editor on June 6, 2023 Featured

ချင်းပြည်နယ် ဟားခါးမြို့နဲ့ထန်တလန်မြို့အကြား သီမြစ်လွင်ပြင်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေ တိုက်ပွဲဖြစ်ပွားနေတာ ခုဆိုရင် ၂ ပတ်ခန့်ရှိလာပြီဖြစ်ပါတယ်။ သီမြစ်လွင်ပြင်တိုက်ပွဲမှာ စစ်ကောင်စီဖက်က အကျအဆုံးများသလို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဖက်ကလည်း အကျအဆုံးများခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ သီမြစ်လွင်ပြင်ကိုဖြတ်ကျော်ပြီး ထန်တလန်မြို့ကို ဝင်ရောက်ထိုးဖောက်ကာ နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတာလို့လည်းဆိုကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ဟားခါး-ထန်တလန်ကြား သီမြစ်တိုက်ပွဲအခြေအနေအရှင်ဆုံးရှင်းပြလို့ရမလား။

ဖြေ။ ။ သူတို့တက်လာတာ ၂၆ ရက်နေ့က တက်လာတာ အဲ့ဒီ ၂၆ ရက်နေ့မတိုင်ခင် သုံးရက်နေ့အလိုကနေ သူတို့ မြေပြင်တပ်ဖွဲ့တွေအတွက် လမ်းကြောင်းရှင်းဖို့ဆိုပြီးတော့ သုံးရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတယ်၊ ပြီးတော့ လက်နက်ကြီးနဲ့လည်းပစ်တယ် အဲ့သည်ပြီးမှ ၂၆ ရက်နေ့မှာ တက်လာတယ်။ တက်လာတော့ ၂၆ ရက်နေ့ကနေ ဒီနေ့အထိ အခုက တိုက်ပွဲက ဆက်ဖြစ်နေတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ဖက်က ၁၂ ယောက် ကျပြီးတော့ ၁၀ ယောက်ခန့် ဒဏ်ရာရတယ်။ သူတို့ဘက်က ဒီနေ့အထိဆိုရင် ၃၀ နီးပါး၊ ကျွန်တော်တို့ တွက်ထားတာကတော့ ၂၇ ဦးပေါ့ ပြီးတော့ ဒဏ်ရာရရှိတဲ့ဟာ စရင်းကောက်ထားအရ ၁၅ ဦးပေါ့ တာကတော့ မြေပြင်သတင်းအရ ကျွန်တော်တို့က သိရတာပေါ့။ အခုတိုက်ပွဲကတော့ ဆက်လက်ပြီးတော့ ဖြစ်လာမယ့်အနေထားမှာရှိတယ်။ သူတို့က အင်အား ၁၅၀ ခန့်အားနဲ့ တက်လာတယ်။ အဓိကကတော့ ထန်တလန်မြို့တပ်ကုန်းကို အင်အားဖြည့်ပြီးတော့ သူတို့အဲ့ဒီမှာ နယ်မြေစိုးမိုးဖို့ အဲ့ဒီကနေတစ်ဆင့် စစ်ရေးအရ ကျွန်တော်တို့ကို ခြေမှုန်းဖို့လုပ်လာတဲ့အနေထားမှာရှိတယ်။

မေး။ ။ သီမြစ်လွင်ပြင်တိုက်ပွဲမှာ ချင်းကာကွယ်ရေးဖက်က ၁၂ ဦးထိတောင်ကျဆုံးတာဆိုတော့ သူတို့က ဘယ်လိုကြောင့် ကျဆုံးရတာလဲ။

ဖြေ။ ။ ကျဆုံးရတာကတော့ လက်နက်ကြီးကြောင့်ကျဆုံးတာဖြစ်တယ်၊ ၂၉ ရက်နေ့ကဆိုရင် ကျွန်တော်တို့ဖက်က ရဲဘော်တစ်ယောက်က ဒဏ်ရာရရှိတာကို အဲ့ကို တစ်ခြား ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက သွားကယ်တဲ့နေရာမှာ လက်နက်ကြီးကျပြီး‌တော့ ၆ ယောက်လောက် သေသွားတာပေါ့၊ နောက်ဒဏ်ရတွေကို ဆေးရုံမရောက်ခင်မှာ ကျဆုံး တာတွေရှိတာပေါ့။ အဓိကကတော့ လက်နက်ကြီးကြောင့် အဲ့သလိုကျတာများပါတယ်။

မေး။ ။ စစ်ကောင်စီတပ်ဖွဲ့ဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ ထန်တလန်ဖက်ကို ချီတက်လာတာလဲ။

ဖြေ။ ။ သူတို့က ကျွန်တော်တို့ရဲ့ ချင်းပြည်ကို စစ်အုပ်ချုပ်ရေးကြေညာထားတယ်။ နောက်ပြီးတော့ ဒီနှစ်ထဲမှာ ချင်းရယ်၊ ကရင်နီရယ် ပြီးတော့ စစ်ကိုင်းတိုင်းရယ် အဲ့ဒီမှာလေကြောင်းရော ကုန်းကြောင်းရော ဖြည့်ပြီးတော့ ခြေမှုန်းရေး စစ်ဆင်ရေးလုပ်မယ်ဆိုတာ ကျွန်တော်တို့ အတွင်းသတင်း ရထားတာရှိတယ်။ အဲ့ဒီကနေမှ ဒေသကာကွယ်ရေးတပ်ဖွဲ့ေ တွခြေမှုန်းမယ် အဲ့ဒီပြီးခါမှ ကျွန်တော်တို့ Victoria base ချင်းအမျိုးသားတပ်ဦး/တပ်မတော် ဌာနချုပ်နေရာထိကို အဲ့သည်လိုမျိုးနဲ့ ခြေမှုန်းဖို့ ကြိုးစားလာတာပေါ့။

မေး။ ။ ဆိုတော့ ထန်တလန်ကို ပြန်လည်ထိန်းချုပ်ပြီး CNF ရဲ့ ဗဟိုဌာနချုပ်ကို ချဉ်းကပ်လာမယ့်သဘောလား။

ဖြေ။ ။ ဟုတ်တယ် အဲ့သလိုပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့က ပြောပြီးသား။ မင်းအောင်လိုင်က ပြောပြီးပြီလေ။ ပြောချင်တာကတော့ NUG နဲ့ ထိတွေ့ဆက်ဆံတဲ့ အဖွဲ့စည်းမှန်သမျှ ပြင်းထန်စွာအရေးယူမယ် ဆိုတဲ့ဟာ ပြောထားပြီးသားရှိပါတယ်။ ဆိုတော့ အဲ့ဒီပြောထားတဲ့အတိုင်း အဲ့ဒီအစီစဉ်တိုင်း လုပ်တာပေါ့။ ဒါကတော့ အားလုံးက ရှင်းပြီးသားဖြစ်မှာပါ။

မေး။ ။ ဆိုတော့ စစ်ရေးအခြေနေ ဘယ်လိုဖြစ်လာနိုင်လဲ။ ပိုပိုပြီးတော့ ဆိုးလာမယ့်အနေအထားလား။

ဖြေ။ ။ စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူကိုယ်တိုင်ကပဲ ကျွန်တော်တို့ ချင်းတောင်ရယ် ပြီးတော့ တစ်ခြား အဓိကတော့ စစ်ကိုင်းတို့၊ ကရင်နီတို့ ဒေသမှာတော့ ဒီနှစ်မိုးတွင်းမှာ စစ်ဆင်ရေးကို ဖြည့်လုပ်မယ်ဆိုတဲ့ဟာ ကျွန်တော်တို့ အတွင်းသတင်းရထားပြီးသား ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ တွက်ထားပြီးသား ဖြစ်တယ်။ သူတို့ စစ်ကြောင်းကြီးပဲထိုးထိုး ကျွန်တော်တို့ကတော့ ပြန်လည် ခြေမှုန်းဖို့ ပြင်ဆင်ပြီးသား ဖြစ်ပါတယ်။ အဓိကကတော့ သူတို့ရဲ့ နောက်ဆုံးအခြေေ နကတော့ သူက သူ့မြန်မာ့နိုင်ငံရေးကနေ လုံးဝနောက်မဆုတ်ရေး၊ ရာသက်ပန် ရပ်တည်ရေး အဲ့ဒါကတော့ အဓိကရည်ရွယ်ချက်ပေါ့နော်။ အဲ့ဒါကြောင့် ပြည်သူကိုပါ မရှောင်ဘဲ အဲ့သလိုမျိုး ပြည်သူကို ရန်သူသဘောထားပြီးတော့ သူက အဲ့သလို လုပ်နေတာ။

မေး။ ။ အခု သီမြစ်လွင်ပြင်တိုက်ပွဲမှာ ချင်းကာကွယ်ရေးဖက်ကလည်း အကျအဆုံးများနေတာကိုတွေ့ရပါတယ်။ ဒီကိစ္စအပေါ် ဘာများပြောချင်တာရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့တွေကတော့ ဒီလမ်းကတော့ လက်နက်ကိုင်တော်လှန်ရေးထဲက ဖြစ်စဉ်တစ်ခုပါပဲ။ ဒါပေမဲ့ ကိုယ်အမျိုးသားရေး အတွက်ဆိုပြီးတော့မှ သွေးသောက်ပြီးတော့မှ အဲ့တာတွေ ကျွန်တော်တို့က ပြင်ဆင်ပြီးသား ဖြစ်ပါတယ်။ အဲ့ဒီအတွက်တော့ ကိုယ့်လက်အောက်ငယ်သားတွေ ကျဆုံးတာကတော့ လူ့သဘောအရ ဝမ်းနည်းရတာပေါ့၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်နေဖြစ်နေ အဲ့ဒီလိုမျိုး စစ်ကောင်စီက ရက်စက်လေ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကတော့ ပိုပြီးတော့ ပြင်းထန်လေ၊ ပြည်သူူလူထုကလည်း စစ်ကောင်စီကို မုန်းတီးလေ အဲ့သလိုပဲဖြစ်တယ်။ အမှန်ဆိုရင် ကျွန်တော်တို့ လက်နက်အင်အားမမျှပါဘူး။ တာပေမဲ့ ကျွန်တော်တို့ဖက်က အသာစီးရနေတာ အားလုံး အသိဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲဘော်တွေ အဲ့သလို ကျဆုံးတာ ပြည်သူ့ဖက်တော်သားကျဆုံးတာ ပြည်သူကတော့ လူ့သဘောအရ ဝမ်းနည်းရတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ အဆုံးစွန် တိုက်ပွဲဝင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဒါကတော့ ပြည်သူ့အတွက်လုပ်တဲ့အတွက် ပြည်သူလည်း အဲ့ဒါတွေ အားလုံးနားလည် သဘောပေါက်ပြီးသား ဖြစ်ပါလိမ့်မယ်လို့ ကျွန်တော် အဲ့သလိုပဲပြောချင်တယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.