Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

0
By Editor on June 7, 2023 Headline

(02HH)

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ ထိခိုက်ပျက်စီးမှု ဒုတိယအများဆုံးဒေသဖြစ်သည့် ချင်းပြည်နယ်တွင် မုန်တိုင်းဘေးဒဏ်ခံပြည်သူများထံ ကူညီထောက်ပံ့မှုများ ရောက်ရှိမှုနည်းပါးနေသေးပြီး ပြန်လည်ထူထောင်ရေးပိုင်းမှာလည်း အခက်အခဲများ ကြုံနေရသည်ဟု သိရသည်။

ချင်းပြည်နယ်သည် ရခိုင်ပြည်နယ်ပြီးရင် ထိခိုက်ပျက်စီးမှု ဒုတိယအများဆုံး ပြည်နယ်ဖြစ်သော်လည်း ကမ္ဘာ့ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းကြီးများမှ ဝင်ရောက်ကူညီပေးခြင်း မရှိသေးသောကြောင့် မုန်တိုင်းသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးမှာ အခက်ကြုံနေရသည်ဟု ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ ဒုက္ကဌ ဦးပြည်မင်းက ပြောသည်။

“ချင်းကတော့ ရခိုင်ပြီးရင်တော့ ဒုတိယ အထိခိုက်ဆုံးပြည်နယ်ဖြစ်တယ်ဆိုတော့ UN Agency တွေကလည်း ဝင်ပေးဖို့ သင့်ပါတယ်။ ၉ မြို့နယ်အလိုက် နိုင်သလောက် ရံပုံငွေလေးတွေရှာတာကတော့ လက်တလုံး လောက်ပဲရမှာပေါ့နော် ပြန်လည်ထူထောင်ရေးစနစ်တွေမှာ တော်တော်လေးအခက်အခဲရှိမယ်၊ ကျွန်တော်တို့ Local INGO ပုံစံနဲ့ ပံ့ပိုးတာကတော့ ထိထိရောက်ရောက်တော့ မဖြစ်နိုင်ဘူးလေ သူတို့ရဲ့ လိုအပ်ချက်ကို ပြည့်စုံ၊ လုံလောက်နိုင်တဲ့ အတိုင်းအတာတခု လုပ်ပေးဖို့ အရမ်းခက်ခဲရှိတယ်၊ NUG ကနေ နည်းနည်း သူတို့ နိုင်သလောက်တော့ မုန်တိုင်းကြိုတင်ပြင်ဆင်ရေးမှာ နည်းနည်းပံ့ပိုး ကူညီတာရှိတယ်။ ပြီးရင်တော့ အမိုးအတွက်ကို နည်းနည်းကူညီထောက်ပံ့တာရှိတယ်။ အဲ့လိုပုံစံနဲ့ပဲ၊ ကြီးကြီးမားမား တော့မဟုတ်ဘူး ရိက္ခာပိုင်းတို့ ပြန်လည်တည်ဆောက်ရေးပိုင်းတို့ မရောက်နိုင်သေးဘူးဗျာ။ နိုင်သလောက် နည်းနည်းစီ ကူညီပံ့ပိုးတာ ပဲရှိသေးသေးတယ်” ဟု ဦးပြည်မင်းကပြောသည်။

မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်တဝန်းလုံးတွင် ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်း၊ စပါးကျီများအပါအဝင် လူနေအိမ်ခြေ ၃၀၀၀ နီးပါးခန့် ပျက်စီးခဲ့ပြီး မတူပီ၊ ပလက်ဝ၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့သည် ထိခိုက်မှုအများဆုံး ကြုံခဲ့ကြရသည်။

မိုခါမုန်တိုင်းဖျက်ဆီးမှုဒဏ် အများဆုံးခံခဲ့ရသော မတူပီမြို့နယ်မှာတော့ မုန်တိုင်းကြောင့်ပျက်စီးသွားသော နေအိမ်များကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြုပြင်နေကြရသည်ဟု CDF-Matupi တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောဆိုသည်။

“ကျွန်တော်တို့မတူပီမှာကျတာ့ မုန်တိုင်းဖြစ်ပြီးနောက်ပိုင်း ပြည်သူတွေအတွက်ထောက်ပံ ငွေကြေး ရရှိတာ ဘာမှမရှိသေး ဘူး။ အခုလောလောဆယ်အခြေအနေကတော့ ပျက်စီးသွားတဲ့ဟာ တွေကတော့ ကျေးရွာလူငယ်အဖွဲ့အစည်းတွေနဲ့ ဒေသခံက အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီးတော့ ပျက်စီးသွားတဲ့အဆောက်အအုံတွေကို တက်နိုင်သလောက် ပြန်ပြင်ကြတယ်၊ ပြီးတော့ မုန်တိုင်း မထိတဲ့ကျေးရွာဖက်ကနေပြီးတော့ သူတို့ ပြန်ပြီးတော့ကူညီပေးကြတယ် တဖက်နဲ့ တဖက်အဲ့လိုတွေရှိတယ်၊ တခြား အဖွဲ့စည်းအနေနဲ့ဒီကိုလာပြီးတော့ ထိထိရောက်ရောက်လာပြီးတော့ ကူညီပေးတယ်ဆို တာ မရှိသေးဘူး။” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အလားတူ ထိခိုက်ပျက်စီးမှုအများဆုံးကြုံခဲ့ရသောကန်ပက်လက်မြို့နယ်မှာလည်း ယနေ့ချိန်ထိ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းထံမှ ကူညီထောက်ပံ့မှုများ မရရှိသေးသလို ပျက်စီးသွားတဲ့နေအိမ်တွေ ပြန်လည်ပြုပြင်ရန်လည်း အခက်ကြုံနေရသည်ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဘာအကူအညီမှမရနိုင်သေးဘူး၊ သူတို့ဘာသာ နည်းနည်းပါးပါးသူတို့ ဆွေမျိုးတွေစီ အကူအညီယူပြီးမှ နည်းနည်းပါးပါး ပြန်ပြင်တဲ့ဟာတွေပဲရှိတယ်၊ လုံးလုံးပျက်စီးတဲ့ဟာတွေအတွက်တော့ ဘယ်လိုမှ ပြန်ပြင်လို့မရတဲ့အတွက် သူတိုက အမျိုးတွေနဲ့ ပေါင်းပြီးတော့ ခနတဖြုတ်အဲ့လိုပဲနေကြတာ၊ ပြန်ပြင်တာတွေမရှိသေးဘူး” ဟု ၎င်းကပြောသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မတူပီမြို့နယ်မှာ အိမ်ခြေ ၁၂၁၁၊ မင်းတပ်မြို့နယ်မှာ ၆၅၄၊ ပလက်ဝမြို့နယ်မှာ ၄၀၀၊ ကန်ပက်လက်မြို့နယ်မှာ ၂၁၁၊ ဟားခါးမြို့နယ်မှာ ၁၀၅၊ ဖလမ်းမြို့နယ်မှာ ၁၀၀၊ တီးတိန်မြို့နယ်မှာ ၅၁ နှင့် ထန်တလန်မြို့နယ်မှာ ၄၁ အိမ် စုစုပေါင်း ၂၇၇၄ အိမ်ပျက်စီးခဲ့ပြီး တွန်းဇံမြို့နယ်တွင် အပျက်အစီးမရှိကြောင်း ကြားကာလချင်းရေးရာအတိုင်ပင်ခံကောင်စီ ICNCC ၏ မေလ ၂၃ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် ချင်းပြည်နယ်တဝန်းလုံးတွင် စာသင်ကျောင်း ၁၈၅ ကျောင်း၊ ဘာသာရေးအဆောက်အဦး ၁၀၂ ခု၊ ကျန်းမာရေးအဆောက်အဦး ၁၂ ခု၊ စပါးကျီ ၂၅၉ ခု၊ ခန်းမဆောင် ၆ ခုတို့ ပျက်စီးခဲ့ပြီး ကျွဲ၊နွား၊ နွားနောက် အကောင် ၅၀၊ ကြက်၊ ဘဲ ၁၃ ကောင်နှင့် ဝက်၊ ဆိတ် ၆ ကောင် သေဆုံးခဲ့သည်ဟု သိရသည်ဟုဆိုသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့်မြို့နယ်များအတွက် ပျက်စီးသွားသော လူနေအိမ်နှင့် အခြားအဆောက်အဦးများ ပြန်လည်ပြုပြင်ရန် အိမ်မိုးသွပ်ပြား၊ အိမ်ရိုက်သံ၊ မိုးကာ၊ တာလပတ်၊ စပါးကျီပျက်စီးသွားသည့်ဒေသများအတွက် ဆန်ရိက္ခာ၊ အခြေခံစားသောက်ကုန်နှင့် အခြေခံအိမ်သုံးဆေးဝါးများလည်း ကူညီထောက်ပံ့ရန် အရေးပေါ်လိုအပ်သည်ဟု ICNCC က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.