Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်သို့ ပြင်ပမှ ခရီးသည်များဝင်ရောက်ခွင့် CNF တားမြစ်

ချင်းပြည်နယ်သို့ ပြင်ပမှ ခရီးသည်များဝင်ရောက်ခွင့် CNF တားမြစ်

0
By Editor on June 9, 2023 Headline

(05MK)

ချင်းပြည်နယ်(ချင်းလဲန်) သို့ ဒေသခံချင်းပြည်သူများမှအပ ပြင်ပမှခရီးသည်များ ဝင်ရောက်ခြင်းကို ချင်းအမျိုးသားတပ်ဦး CNF က တားမြစ်လိုက်ကြောင်း ယနေ့ ထုတ်ပြန်သည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အများပြည်သူခရီးသည်ယာဉ်များကို အသုံးပြုကာ အရပ်ဝတ်ဖြင့် ဝင်ရောက်ပြီး စစ်ရေးဆိုင်ရာ အင်အားဖြည့်တင်း လျက်ရှိ သည်ဟု CNF ကဆိုသည်။

ထို့ကြောင့် ချင်းလဲန်အတွင်းသို့ ဒေသခံချင်းပြည်သူများမှအပ ပြင်ပမှ ခရီးသည်များ ဝင်ရောက်ခြင်းကို တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ဇွန်လ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော CNF ၏ စစ်ရေးဆိုင်ရာအသိပေးချက်တွင်ဖော်ပြထားသည်။

ချင်းလဲန်သို့ လာရောက်ရန် အရေးကြီးကိစ္စရှိပါက သက်ဆိုင်ရာ CDF နှင့် PDF များ၏ ထောက်ခံစာဖြင့်သာ ဝင်ခွင့်ပြုမည်ဟု CNF ကဆိုသည်။

ထို့အပြင် အများပြည်သူခရီးသွားယာဉ်များအနေဖြင့်လည်း စစ်ကောင်စီ၏ အဖွဲ့ဝင် (သို့မဟုတ်) လက်နက်ခဲယမ်း၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်သည်ဟု CNF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အထက်ပါအသိချက်များအား ချိူးဖောက်ပါက ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ပြီး နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ယခုထုတ်ပြန်ချက်သည် အတည်ဖြစ်သည်ဟု CNF ကဆိုသည်။

ပြီးခဲ့သည့်မေလကုန်ပိုင်းကစ၍ ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။

အလားတူချင်းပြည်နယ်တောင်ပိုင်း မင်းတပ်-မတူပီမြို့နယ်ဖက်တွင်လည်း စစ်ရေးအခြေအနေတင်းမားလျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.