Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်တွင် ကလေးငယ်တစ်ဦးအပါဝင် အရပ်သား ၃ ဦး သေဆုံး

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်တွင် ကလေးငယ်တစ်ဦးအပါဝင် အရပ်သား ၃ ဦး သေဆုံး

0
By Editor on July 12, 2023 Headline

Salai Vakok

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ်တစ်ဦးနှင့် နို့တိုက်မိခင်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်အုပ်စုက အကြောင်းမဲ့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်သွားပါတယ်။ ပြီးတော့ ၃ ကြိမ် လှည့်ပတ်ပြီး စက်သေနတ်နဲ့ ပစ်တယ်။ တိုက်ပွဲ မရှိဘဲ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာကို အကြောင်းမဲ့ တိုက်ခိုက်သွားတာပါ” လို့ မင်းတပ်မြို့က ဒေသခံ တဦးက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီခန့်တွင် မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု၊ ဝုမ်းခုန်ကျေးရွာရှိ ပြည်သူများနှင့် စစ်ဘေးရှာင်ပြည်သူများနေထိုင်ရာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး၊ အတွဲလိုက်ဗုံးသီး ၄ လုံး၊ ရော့ကတ်၊ ပွိုင့်ဖိုက်ကျည်များနှင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မင်းတပ်မြို့ရှိ ခလရ (၂၇၄) တပ်မှလည်း လက်နက်ကြီး (၄) ချက်ဖြင့် ဝုမ်ခုမ်းကျေးရွာဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု မင်းတပ်- CDF က ယနေ့ ဇူလိုင် ၈ ရက် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၉ နှစ်ရွယ် မိန်းကလေး (၁) ဦး၊ အသက် (၃၀) နှစ်ရွယ် (၂ လသား) နို့တိုက်မိခင် (၁) ဦး၊ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ စုစုပေါင်း ၃ ဦး ထိမှန် သေဆုံးခဲ့ပြီး အသက် (၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လာရောက်တိုက်ခိုက်ခဲ့သော Pilot နာမည်ကို တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်၊ တုံ့ပြန်မှု လုပ်ဆောင်သွားမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ထုတ်ပြန်သည်။

စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ချင်းပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ချင်းအမျိုးသား ၆၄ ဦး သေဆုံးခဲ့ရာ၊ ၁၀ ဦးသာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ ကျန် ၅၄ ဦးမှာ သာမန်အရပ်သားပြည်သူများဖြစ်ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်မှာ မူးယစ်းဆေးဝါးတားဆီးကာကွယ်ရေးဥပဒေပြဌာန်းပြီး နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည်

မတ်လလယ်မှာ လွှတ်တော်များ ခေါ်ယူပြီး၊ ဧပြီလဆန်းပိုင်းမှာ စစ်အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပြောင်းပေးမည်ဟု ဆို

ဆော – ကျောက်ထု – မင်းတပ် လမ်းပိုင်းကို လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့်ကန့်သတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.