Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးငယ်များကို အဓမ္မဖမ်းဆီး၍ တပ်ဖွဲ့ဝင်အဖြစ် လက်ခံခြင်း၊ သွပ်သွင်းခြင်း လုံးဝမပြုလုပ်ကြောင်း CDF-ပလက်ဝ ထုတ်ပြန်

ကလေးငယ်များကို အဓမ္မဖမ်းဆီး၍ တပ်ဖွဲ့ဝင်အဖြစ် လက်ခံခြင်း၊ သွပ်သွင်းခြင်း လုံးဝမပြုလုပ်ကြောင်း CDF-ပလက်ဝ ထုတ်ပြန်

0
By Editor on July 12, 2023 Headline

(06SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အသက်မပြည့်သော ကလေးငယ်များကို အတင်းအဓမ္မဖမ်းဆီးကာ တပ်ဖွဲ့ဝင်အဖြစ် လက်ခံခြင်းနှင့် သွပ်သွင်းခြင်း လုံးဝပြုလုပ်ခြင်းမရှိသလို ထိုကဲ့သို့လည်းပြုလုပ်မည်မဟုတ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝက ထုတ်ပြန်သည်။

ယခုရက်ပိုင်းအတွင်း ပလက်ဝမြို့နယ်တွင် အသက်အရွယ်မပြည့်သည့်ကျောင်းသူကျောင်းသားများအား CDF-Paletwa တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသအခြေစိုက် အွန်လိုင်းမီဒီယာတစ်ခုတွင် ဖော်ပြခဲ့သည့်အပေါ် CDF-Paletwa က ဇူလိုင်လ ၁၀ ရက်နေ့တွင်ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ထိုကဲ့သို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဘယ်သူမှ အတင်းအဓမ္မခေါ်ဆောင်ခြင်းကို သုံးလည်း မသုံးချင်ဘူး။ သုံးလည်း မသုံးသင့်ဘူး။ အခုက ပွင့်လင်းမြင်သာတဲ့ခေတ်၊ ကျနော်တို့က ပွင့်ပွင့်လင်းလင်းနဲ့ အောက်ခြေမှာ လုပ်ခဲ့သည်ရှိသော် အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူမယ်လို့ ထုတ်ပြန်ပြီးသာဖြစ်သလို၊ အောက်ခြေဝန်ထမ်းတွေကို ဘာဖြစ်ခဲ့သလဲဆိုတာ အစီရင်ခံစာလည်း တက်ခိုင်းဖို့ ရှိပါတယ်” လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝ ဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။

အဆိုပါရေးသားဖော်ပြချက်သည် CDF-Paletwa တပ်ဖွဲ့အပေါ် ပြည်သူများအနေဖြင့် အထင်အမြင်လွဲမှားစေရန် အတွက်သော် လည်းကောင်း၊ နွေဦးတော်လှန်ရေးကိုသေးသိမ်စေပြီး အာဏာရှင်နှင့်အပေါင်းအပါအလိုတော် များအားရကျေနပ်စေရန်အတွက် သော်လည်းကောင်း ရေးသားဖော်ပြခြင်းသာဖြစ်သည်ဟု CDF-Paletwa ကဆိုသည်။

ဒေသခံပြည်သူများ ငြိုငြင်ပြီး တော်လှန်ရေးကို နားလည်မှု လွှဲမှားစေနိုင်သော ပြုမှုဆောင်ရွက်ချက်များ လုံးဝ ပြုလုပ်မည် မဟုတ် ကြောင်း၊ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး ကွန်ဗင်းရှင် ပြဌာန်းချက်များနှင့်အညီ အသက်မပြည့်သော ကလေးငယ်များကို တပ်ဖွဲ့ဝင်အဖြစ် လက်ခံခြင်းနှင့် အဓမ္မဖမ်းဆီးကာ သွပ်သွင်းခြင်းကို လုံးဝ ပြုလုပ်မည် မဟုတ်ကြောင်း CDF-Paletwa ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထိုကဲ့သို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- ပလက်ဝမှ တပ်ဖွဲ့ဝင်များက ပြုလုပ်ပါက ပြည်သူများအနေဖြင့် သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူများထံသို့ ဆက်သွယ်တိုင်ကြားနိုင်ပြီး ကျူးလွန်ကြောင်း စစ်ဆေး တွေ့ရှိပါက ကျူးလွန်သူ တပ်ဖွဲ့ဝင် မည်သူကို မဆို စစ်ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ထိုက်သင့်သော အရေးယူမှုများ ပြုလုပ်မည်ဟု သိရသည်။

ဇွန်လ ၃၀ ရက်က ပလက်ဝမြို့နယ်၊ ပေါင်းမိုကျေးရွာမှ ကျောင်းသား/ သူ ၂၂ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝက ဖမ်းဆီးခေါ်ဆောင်ထားပြီး ၁၉ ဦးကို ချက်ချင်း ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသအခြေစိုက် Khumiland News ကဖော်ပြခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆလိုင်းမျိုးထိုက်က “ပေါင်မိုးက ကျောင်းသားတွေကို ခဏထိန်းတယ်ဆိုတာ သိရသလောက်က CDM မလုပ်တဲ့ စကစ ဝန်ထမ်းတွေကို ခေါ်ပြီးမှ ကျောင်းဖွင့်တဲ့ ကိစ္စကို အဲဒီမှာ ဦးဆောင်တဲ့ ရဲဘော်တွေက ခဏထိန်းတယ်ဆိုတဲ့ အနေအထားပါ။ ကလေးတွေကို လက်ဖျားနဲ့တောင်မှ မထိဘူး။ မြေပြင်က ဖုန်းဆက်တော့ ချက်ချင်းကို ချွက်ယွင်းချက် မရှိပေါ့နော်။ ဒီကိစ္စက ကျနော်တို့ မူဝါဒ ရှိတယ်။ မူဝါဒအတိုင်းပဲ အရေးယူသင့်ရင် ယူမယ်၊ မယူသင့်ဘူးဆိုရင်လည်း ဆုံးဖြတ်ချက် ချရမှာ အဲဒါကြောင့် လုံးဝမဖြစ်သင့်တဲ့ ကိစ္စဖြစ်လို့ အားလုံးကို ပြန်လွှတ်ပေးခိုင်းထားပါတယ်။ အဲဒီပေါင်မိုးက ကျောင်းသား/သူ တွေရဲ့ မိဘတွေနဲ့ စကားပြောတယ်။ အဲဒါဟာ အောက်ခြေက မှားသွားပါတယ်ဆိုတဲ့အကြောင်း ကျနော်က တောင်းပန်ထားတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝ ဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောပါသည်။

ယနေ့အချိန်ထိ ပေါင်းမိုရွာက ကျောင်းသား/သူ ၂၂ ဦးတွင် (၃) ဦးမှာ ပြန်မလွတ်သေးဘဲ ရှိနေသေးကြောင်း ပလက်ဝ ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ဇူလိုင်လ ၅ ရက်မှာလည်း ပလက်ချောင်းကျေးရွာများဘက်က ကျောင်းသူ/သားအပါအဝင် ကလေးငယ် ဆယ်ဂဏန်း ခန့် ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝက ခေါ်ဆောင်သွားသည်ဟု ဒေသခံတချို့က ပြောသည်။

“ပလက်ချောင်းကိစ္စက စုဆောင်းရေးဆိုပြီးမှ ဟောပြောပွဲ လုပ်ပြီးမှ သဘာဆန္ဒအရ လိုက်မယ်ဆိုတဲ့ဟာ လုပ်ပါတယ်။ မြေပြင်က မိဘတွေကလည်း ဖုန်းတကြောင်းမှ မဆက်သေးဘူး။ အဲဒါမှ မြေပြင်ကဟာတွေ ဟုတ်၊ မဟုတ်ဆိုတာ သိမှာပေါ့။ တကယ်တမ်း တပ်ရင်းထဲက ရဲဘော်တွေရဲ့ သတင်းပို့ချက်အရ ပါသွားတဲ့ စုဆောင်းရေးအဖွဲ့တွေရဲ့ မှတ်ချက်အရ သူတို့ရဲ့ သဘောအတိုင်းပဲ လာတဲ့ အနေအထားပါ” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

ပလက်ဝမြို့နယ်ထဲက ပေါင်းမိုးနှင့်ပလက်ချောင်းကျေးရွာ ဖြစ်စဉ်များနှင့်ပတ်သက်လို့ ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် ထပ်မံ အတည်ပြုချက်များရရှိရေး ကြိုးစားနေဆဲဖြစ်ပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.