(03PT)
မဏိပူရ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် အယောက် ၇၀၀ ကျော်ကို အိန္ဒိယ နယ်ခြားစောင့် အသံရိုင်ဖယ်တပ်ဖွဲ့များက ပြန်လည်မောင်းထုတ်ခဲ့သည့်အပေါ် လူသားအချင်းချင်းအနေဖြင့် ခိုလှုံခွင့်ပေးသင့်ကြောင်း မီဇီုရမ်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
လွန်ခွဲ့သည့် ဇွန်လိုင်လ ၂၂ ရက်နေ့ စစ်ကိုင်းတိုင်း ခမ်းပတ်မြို့တွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောက်ခဲ့ကြပြီး၊ အယောက် ၇၁၈ တို့သည် အိန္ဒိယ၊ မဏိပူရ်ပြည်နယ်၊ Chandel ခရိုင်ရှိ New Lajang ကျေးရွာအနီးသဝိုက်ဖက်သို့ထွက်ဘေးတိမ်ရှောင်ကြရာ အိန္ဒိယစစ်တပ် အာသံရိုင်ဖယ်တို့က ပြန်လည် မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအပေါ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ယခင် ၁၉၇၁ ခုနှစ်တုန်းက သန်းနှင့်ချီသော ပါကစ္စတန်စစ်ရှောင်များကို အိန္ဒိယနိုင်ငံ West Bangal ပြည်နယ်ထဲ ဝင်ရောက်ခိုမှုခွင့်ပေးခဲ့သည့်နည်းတူ အိန္ဒိယအစိုးရအနေဖြင့် လူလူသားခြင်းဖြစ်သည့် မြန်မာစစ်ရှောင်ပြည်သူများကိုလည်း ခိုလှုံခွင့်နှင့် အစားသောက်များ ထောက်ပံ့ကူညီပေးသင့်ကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga က ပြောသည်။
“ဥပမာ ကျွန်တော် ဦးလေးနှစ်ယောက်က မြန်မာနိုင်ငံမှာ နေပြီး ဆုံးသွားတယ်။ ပြီးတော့ အမေနှင့် အမေ့ညီမ သူတို့နှစ်ယောက်လည်း အိန္ဒိယမှာ နေပြီး ဆုံးခဲ့ကြတာပဲ။ ဆိုတော့ ကျွန်တော်တို့က သွေးချင်းတော်စပ်တဲ့ ဆက်ဆံရေးရှိခဲ့ပြီးသားဖြစ်တယ်။ ပြီးတော့ သန်းနှင့်ချီးတဲ့ ပါကစ္စတန်စစ်ရှောင်တွေကို၊ ဘယ်နေရာကလာလာ အိန္ဒိယအစိုးရက ဘာလုပ်ခဲ့လဲ၊ သူတို့အများကြီးကူညီပေးခဲ့တာပဲ ပြီတော့ လူသားချင်းချင်းကူညီတာက ဖြစ်သင့်တာပဲ။ တာကြောင့် ညီအစ်ကိုမောင်နှမတွေကို ခိုလှုံခွင့်နှင့် အစားသောက်အကူညီထောက်ပံ့ပေးတာက ဘာပြောစရာရှိသေးလဲ” ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga က ပြောဆိုခဲ့သည်။
မြန်မာစစ်ရှောင်အရေးနှင့်ပက်သက်ပြီး အိန္ဒိယဗဟိုအစိုးရက တရားဝင်နိုင်ငံကူးလက်မှတ် သို့မဟုတ် ခိုင်လုံသည့် ခရီးသွားစာရွက်စာတမ်းအထောက်ထားမရှိသော မြန်မာနိုင်ငံသားမျာကို မဏိပူပြည်နယ်ထဲ ဝင်ရောက်ခြင်းကို တင်းကြပ်စွာ တားမြစ်အရေးယူဆောင်ရွက်ဖို့ နယ်ခြားစောင့်စစ်တပ်ဖြစ်သော အာသံရိုင်ဖယ်ကို တာဝန်ပေးအပ်ထားမှုနှင့်အညီ ယင်း စစ်ရှောင် ၇၁၈ ဦးနှင့်ပက်သက်ပြီး အစီရင်ခံစာ ပြန်လည်တင်ပြဖို့ မဏိပူရ်ပြည်နယ် အစိုးရဌာန ညွန်ကြားရေးမှူးချုပ် Vineet Joshi က အသံရိုင်ဖယ်တပ်ဖွဲ့ကို ညွန်ကြားထားကြောင်း ဒေသ သတင်းအရင်းမြစ်မှ သိရသည်။
မြန်လည်မောင်းထုတ်ခံရသော ကလေး ၃၀၁ ယောက် အပါဝင် မြန်မာစစ်ရှောင် ၇၁၈ ယောက်တို့သည် တမူးမြို့နယ် ကျေးလက်ရွာတစ်ချို့မှာ ယာီတည်းခိုနေကြရပြီး အစားသောက်ခက်ခဲကြုံတွေ့နေရကြောင်း အနီးတစ်ဝိုက် ဒေသခံများက ပြောသည်။
၂၀၂၁ ခုနစ် စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများကြောင့် ဒေသခံပြည်သူများသည် အိန္ဒိယဖက်ကို စစ်ဘေးတိမ်ရှောင်ခဲ့ကြရာ လက်ရှိ မဏိပူပြည်နယ်အပါဝင် မီဇိုရမ်ပြည်နယ်တို့တွင် မြန်မာစစ်ရှောင် အယောက် ၄၀,၀၀၀ ကျော်ခန့်ရှိနေကြောင်း သိရသည်။