Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုရားကျောင်းအပါအဝင် လူနေအိမ်များ ထိခိုက်ပျက်စီး 
ပုံစာ - စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် ထန်တလန်မြို့ရှိ ဘုရားကျောင်းနှင့် နေအိမ်အဆောက်အဦးအချို့။

ထန်တလန်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုရားကျောင်းအပါအဝင် လူနေအိမ်များ ထိခိုက်ပျက်စီး 

0
By Editor on August 15, 2023 Headline

ချင်းပြည်နယ် ထန်တလန်မြို့နယ် Khuafo ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ယနေ့မနက်ပိုင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းတစ်ကျောင်းအပါအဝင် အနည်းဆုံး လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ 

ထန်တလန်မြို့တွင် ယနေ့မနက်ပိုင်း ၅ နာရီခန့်က စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့၏ စခန်းတစ်ခု သိမ်းပိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးလည်း အရှင်ဖမ်းဆီးရမိကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။ 

တိုက်ပွဲဖြစ်ပွားသည့်အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့က ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိမည်ဟု ယူဆသောနေရာများကို တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ယနေ့ Khuafo ကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ လူထိခိုက်မှုရှိ/မရှိနှင့် အသေးစိတ်ဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ကလည်း Khuafo ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ 

အလားတူ ဩဂုတ်လ ၁၃ ရက် ညကလည်း ဟားခါးမြို့နယ် Loklung ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး နေအိမ် ၃ လုံးခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ 

Photo – Thawngthar leh Kan Lairam

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်မှာ မူးယစ်းဆေးဝါးတားဆီးကာကွယ်ရေးဥပဒေပြဌာန်းပြီး နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည်

မတ်လလယ်မှာ လွှတ်တော်များ ခေါ်ယူပြီး၊ ဧပြီလဆန်းပိုင်းမှာ စစ်အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပြောင်းပေးမည်ဟု ဆို

ဆော – ကျောက်ထု – မင်းတပ် လမ်းပိုင်းကို လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့်ကန့်သတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.