Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုရားကျောင်းအပါအဝင် လူနေအိမ်များ ထိခိုက်ပျက်စီး 
ပုံစာ - စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် ထန်တလန်မြို့ရှိ ဘုရားကျောင်းနှင့် နေအိမ်အဆောက်အဦးအချို့။

ထန်တလန်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုရားကျောင်းအပါအဝင် လူနေအိမ်များ ထိခိုက်ပျက်စီး 

0
By Editor on August 15, 2023 Headline

ချင်းပြည်နယ် ထန်တလန်မြို့နယ် Khuafo ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ယနေ့မနက်ပိုင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းတစ်ကျောင်းအပါအဝင် အနည်းဆုံး လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ 

ထန်တလန်မြို့တွင် ယနေ့မနက်ပိုင်း ၅ နာရီခန့်က စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့၏ စခန်းတစ်ခု သိမ်းပိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးလည်း အရှင်ဖမ်းဆီးရမိကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။ 

တိုက်ပွဲဖြစ်ပွားသည့်အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့က ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိမည်ဟု ယူဆသောနေရာများကို တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ယနေ့ Khuafo ကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ လူထိခိုက်မှုရှိ/မရှိနှင့် အသေးစိတ်ဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ကလည်း Khuafo ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ 

အလားတူ ဩဂုတ်လ ၁၃ ရက် ညကလည်း ဟားခါးမြို့နယ် Loklung ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး နေအိမ် ၃ လုံးခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ 

Photo – Thawngthar leh Kan Lairam

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.