Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဇိုတုန်နယ်က ပြည်သူတစ်ဦးကို အပြင်းအထန်ရိုက်နှက်မှုကျူးလွန်သူ တပ်ဖွဲ့ဝင် ၂ ဦးကို အရေးယူထားဟု CDF-Zotung ပြော

ဇိုတုန်နယ်က ပြည်သူတစ်ဦးကို အပြင်းအထန်ရိုက်နှက်မှုကျူးလွန်သူ တပ်ဖွဲ့ဝင် ၂ ဦးကို အရေးယူထားဟု CDF-Zotung ပြော

0
By Editor on August 24, 2023 Headline

(03PT) 

ချင်းပြည်နယ်၊ မတူပီမြို့နယ် ဇိုတုန်နယ်မြေဒေသအတွင်းရှိ စာလ်ထောင်ရွာတွင်နေထိုင်သူ ဦးဖွာတင်အား စစ်ဆေးမေးမြန်း ရာတွင် ဗဟိုဌာနချုပ်သို့ အကြောင်းကြားရန်ပျက်ကွက်သည့်အပြင် ချမှတ်ထားသည့် စည်းကမ်းများကျော်လွန်ကာ ရိုက်နှက်မှုကျူးလွန်သူ တပ်ဖွဲ့ဝင်နှစ်ဦးကို အရေးယူထားသည်ဟု CDF-Zotung ပြော‌ရေးဆိုခွင့်ရှိသူက ပြောသည်။

“ပြည်သူတစ်ယောက်ဒီလိုဖြစ်သွားတာကိုတော့ ကျွန်တော်တို့ စိတ်မကောင်းဘူးဆိုတော့ တာဝန်ယူတဲ့အနေနဲ့ ကျွန်တော်တို့ ရဲဘော်တွေကို ပြန်အရေးယူဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီကိစ္စအပေါ်မှာ စည်းကမ်း ကျော်လွန်ပြီးတော့ လုပ်ဆောင် တာတွေတွေ့ရတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ အရေးပြန်ယူတာပေါ့‌လေ ကိုယ့်တပ်သားတွေကို။ အရေးယူတဲ့နေရာမှာ ကျွန်တော်တို့ ထုတ်ပြန်ထားသလို့ပေါ့နော်။ ဒီကိစ္စဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ သေချာ စစ်ဆေးပြီးတော့ အဲ့ဒီ တာဝန်ရှိတဲ့ နှစ်ဦးကို တာဝန်ကနေ အကန့်သတ်မရှိ ရပ်နားထားတယ်။ တစ်နေရာမှာ စည်းကမ်းအရ ထိန်းချုပ်ထားတယ်” ဟု CDF-Zotung ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

စာလ်ထောင်ကျေးရွာခံ ဦးဖွာတင်သည် တော်လှန်ရေးအားနည်းစေရန် ရည်ရွယ်ချက်ဖြင့် ကျေးရွာရှိ ပြည်သူများ၏ ဒီမိုက ရေစီနည်းလမ်းကျစွာ ရွေးကောက်တင်မြောက်ထားသည့် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ဦးဆောင်ကာ အကောင်ထည် ဖော်ဆောင်နေသည့် ရပ်ကျိုး၊ ရွာကျိုး လုပ်ငန်းများအား အနှောက်အယှက်လုပ်ဆောင်နေခြင်းကြောင့်ဟုဆိုကာ တိုက်နယ်မှူး နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ ထံတိုင်ကြားခဲ့သည့်အတိုင်း ဇူလိုင် ၃၁ ရက်နေ့က ခေါ်ယူစစ် ဆေးခဲ့သည်ဟု ဩဂုတ်လ ၁၈ ရက်နေ့က CDF-Zotung ကထုတ်ပြန်သည်။ 

မေးမြန်းစစ်ဆေးချက်အရ ဦးဖွာတင်သည်တိုင်ကြားချက်ပါအချက်များအားလုံးကိုကျူးလွန်ကြောင်းတွေ့ရှိခဲ့ပြီး ၎င်းမှ နောက်နောင်တွင် ထိုကဲ့သို့ပြစ်မှုမျိုးကျူးလွန်တော့မည်မဟုတ်ကြောင်းခံဝန်ကတိထိုးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်ဟု CDF-Zotung ၏ ထုတ်ပြန်ချက်တွင်ဖော်ြပသည်။ 

သို့သော်လည်း ဦးဖွာတင်မှာ CDF-Zotung တပ်စခန်းမှ နေအိမ်သို့ပြန်လာသည့်အချိန်တွင် ရိုက်နှက်မှုဒဏ်ရာအပြင်း ထန်ရရှိခဲ့သည့်အတွက် အရေးပေါ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ဒဏ်ရာပြင်းထန်သည့်အတွက် ရန်ကုန်ဆေးရုံးဘက်သို့ လွှဲပြောင်းကုသမှု ခံယူနေရသည်ဟု သိရသည်။ 

ယခုဖြစ်စဉ်တွင်နယ်မြေခံတပ်ရင်းတာဝန်ရှိသူမှ CDF-Zotung Headquarters သို့အကြောင်းကြားရန် ပျက်ကွက်ခြင်းနှင့် ယခုကဲ့သို့အရေးယူဆောင်ရွက်မှုလုပ်ဆောင်ရာတွင် မိမိတို့ CDF-Zotung မှချမှတ်ထားသည့် စည်းကမ်းချက်များကို ကျော်လွန်သည့်အတွက် ထိုတာဝန်ရှိသူများအား မိမိတို့ CDF-Zotung ဗဟိုကော်မတီမှ ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ကာ အရေးယူခဲ့ပြီဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲအတွင် အင်တိုက်အားတိုက် ဆက်လက်ပါဝင်ကြပါရန်နှင့် တော်လှန်ရေးအားနည်းစေရန် လုပ်ဆောင်ခြင်းနှင့် တော်လှန်ရေးအင်အားစုများ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေလိုသည့် လုပ်ဆောင်ချက်မျိုးများအား ပြည်သူများအနေဖြင့် ရှောင်ရှားရန် CDF-Zotung က တိုက်တွန်းနိုးဆော်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.