Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

0
By Editor on September 23, 2023 Headline

(003PT၊ 006SV)

ခုခံတော်လှန်စစ်အားကောင်းသည့် ချင်းပြည်နယ်တွင် တော်လှန်ရေးအင်အားစုများက ချင်းပြည်ကောင်စီ (Chinland Council) ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် ပြင်ဆင်လျက်ရှိပြီး ယင်းအတွက် ဖြစ်မြောက်ရေး ကော်မတီတစ်ရပ်ကို  မကြာသေးခင်က ဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။

ချင်းပြည်ကောင်စီဖွဲ့စည်းနိုင်ရေးနှင့်ပတ်သက်၍ ယခုလ ၇ ရက်မှ ၉ ရက်နေ့အထိ အိန္ဒိယ-မြန်မာ နယ်စပ်တနေရာတွင် ချင်းအမျိုးသားတပ်ဦး CNF၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့်ဒေသအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၁၀၈) ဦးတိုသည့် (Pre-Plenary Meeting for Chinland Council) မျက်နှာစုံညီအစည်းအ‌ေ၀◌းကို အောင်မြင်စွာကျင်းပခဲ့ကြသည်ဟု Working Committee for Chinland Council Conference (WCCCC) က ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းမျက်နှာစုံညီအစည်းအ‌ေ၀◌းတွင် တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ (Chinland Constitution) ပေါ်ပေါ်လာရေး၊ ချင်းပြည်ကောင်စီ (Chinland Council) ဖွဲ့စည်းနိုင်ရေးနှင့် ချင်းပြည်၏ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီးရင်ရေး မဏ္ဍိုင် (၃) ရပ်ကို ဖွဲ့စည်းထူ ထောင်နိုင်ရေးအတွက် ညီလာခံတစ်ရပ် ခေါ်ယူကျင်းပပြီး ဖော်ဆောင်ရန် တက်ရောက်သူ ကိုယ်စားလှယ်များက သဘောတူခဲ့ကြသည်ဟု သိရသည်။

အဆိုပါညီလာခံခေါ်ယူကျင်းပနိုင်ရေးအတွက် ညီလာခံဖြစ်မြောက်ရေးကော်မတီ Working Committee for Chinland Council Conference (WCCCC) ကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

မျက်နှာ စုံညီအစည်းအ‌ေ၀◌း၏ တာ၀◌န်ပေးအပ်မှုအရ WCCCC အနေဖြင့် တော်လှန်ရေးကာလ အတွင်း ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲခြင်းကိုဆောင်ရွက်လျက်ရှိပြီး  ချင်းလဲန်းကောင်စီ ညီလာခံ ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.