Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့နယ် စက္ကန့်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဖက်က ၃ ဦးသေဆုံးပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက် ၂ ဦးထိခိုက်ဒါဏ်ရာရရှိ

ကလေးမြို့နယ် စက္ကန့်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဖက်က ၃ ဦးသေဆုံးပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက် ၂ ဦးထိခိုက်ဒါဏ်ရာရရှိ

0
By Editor on October 10, 2023 Headline

(004SS)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အနောက်တောင်ပိုင်းရှိ စက္ကန့်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ် ရေးပူး ပေါင်းတပ်ဖွဲ့တို့အကြားဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတက်ဖွဲ့ဖက်က ၃ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ထိခိုက်ခဲ့ကြောင်း CDF-KKG ၊ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့များသည် အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်ပိုင်း ၈ နာရီခန့်တွင် ကလေးမြို့တောင်ပိုင်း မြို့လှ ရပ်ကွက်မှ စက္ကန့်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကာ ဒေသကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များဖြစ်သည့် CDF-KKG, CNDF (TZ), CNDF (NA), Kalay-PDF ပူးပေါင်းတပ်ဖွဲ့များနှင့် ၁ နာရီခန့်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဟု CDF-KKG က အောက်တိုဘာလ ၈ ရက်နေ့က ထုတ်ပြန်သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များသည်  တောင်ဖီလာတောင်ပေါ်မှ လက်နက်ကြီးများဖြင့် တရဆပ်ပစ်ကူခဲ့ခြင်း ကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ ဒါဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

၎င်းဒါဏ်ရာရရှိသူများမှာ CDF-KKG မှ ရဲဘော်တစ်ဦး (မစိုးရိမ်ရဒါဏ်ရာ) နှင့် CNDF (TZ) မှ ရဲဘော်တစ်ဦး ပြင်းထန်ဒါဏ်ရာရရခဲ့ကြောင်း သိရသည်။

“CNDF (TZ) က ရဲဘော်တစ်ဦး လက်နက်ကြီးကျည်စထိမှန်တော့ သူ့ရဲ့ မျက်လုံးတစ်ဘက် ထိခိုက်ထားတယ်၊ နောက် ပေါင်နဲ့ ဝမ်းဗိုက်မှာလဲ နဲနဲ ထိထားတယ်၊ သူ့ကို ဆေးကုသနိုင်ဖို့ ‌ပို့လိုက်ပြီ” ဟု ‌CDNF (TZ) နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ထို့နောက် ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များမှ drone ဖြင့် တစ်ကြိမ် ထပ်မံပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

အလားတူ အောက်တိုဘာလ ၈ ရက်နေ့က ဂန့်ဂေါမြို့နည် မြစ်သာဆည်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်များနှင့် CDF-KKG တပ်ရင်း ၅ တို့ထိတွေ့ရှိခဲ့ပြီုး စစ်ကောင်စီတပ်ဖက်က ၂ ယောက်သေဆုံးခဲ့သည်ဟု သိရသည်။

ယခုလက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့နယ်အနောက်တောင်ပိုင်း စက္ကန့်ကျေးရွာတွင် တပ်ဆွဲထားပြီး ပြည်သူနေအိမ်များအား မီးရှုဖျက်ဆီးကာ နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့သလို လက်ရှိတွင်လည်း ဆက်လက်မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.