Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီ-ဟားခါးလမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၂ ဦးသေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရရှိ

မတူပီ-ဟားခါးလမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၂ ဦးသေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရရှိ

0
By Editor on October 28, 2023 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီ- ဟားခါး လမ်းမပေါ်တွင် တပ်စွဲသည့် ခရိုင်ရုံးသို့ အင်အားလာဖြည့်သော စစ်ကောင်စီစစ်ကြောင်းကို လက်ဦးမှုယူ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသည်ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့ -မတူပီက သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၇ ရက် ညနေ ၄ နာရီခန့်က မတူပီ- ဟားခါးလမ်မပေါ်တွင် စစ်ကောင်စီတပ်စွဲသည့် ခရိုင်ရုံးသို့ ခလရ – ၁၄၀ တပ်မှ အင်အားလာဖြည့်သော စစ်ကောင်စီ စစ်ကြောင်းနှင့် ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF – မတူပီက ယနေ့ သတင်းထုတ်ပြန်သည်။

တိုက်ပွဲတွင် ထိခိုက်ကျဆုံးမှု ရှိသော စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သော်လည်း CDF မတူပီက အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

ထို့နောက် တိုက်ပွဲအပြီး ၂နာရီကြာအထိ စစ်ကောင်စီတပ်က မတူပီ- ဟားခါးလမ်းနှင့် မတူပီ- ပလက်ဝလမ်းပိုင်းတို့ကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။

နှစ်ဖက် ပစ်ခတ်မှုများ အချိန်မရွေး ဖြစ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် မတူပီမြို့တွင်း အဝင်အထွက် မပြုလုပ်ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ထပ်မံအသိပေးထားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ သည် စစ်အာဏာရှင်ကို တော်လှန်ရန်အတွက် လက်နက်ခဲယမ်းများ လိုအပ်နေပြီး ပြည်တွင်း ပြည်ပ ပြည်သူများအနေဖြင့် ပံ့ပိုးကူညီကြရန်လည်း အသိပေးနှိုးဆော်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.