Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝ၊ သူဌေးကုန်းရွာအနီး လေကြောင်းတိုက်ခိုက်မှု ကလေးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် လူ ၁၂ ဦးအစုအပြုံလိုက်သေဆုံး

ပလက်ဝ၊ သူဌေးကုန်းရွာအနီး လေကြောင်းတိုက်ခိုက်မှု ကလေးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် လူ ၁၂ ဦးအစုအပြုံလိုက်သေဆုံး

0
By Editor on November 18, 2026 Headline

(006SV)

ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာအနီးကို စစ်တပ်က Y – 12 နှင့် ဂျက်ဖိုက်တာအုပ်စုဖြင့် ပေါင် ၅၀၀ နှင့် ၃၀၀ ဗုံး အပါအဝင် ဗုံးမျိုးစုံ အသုံးပြု၍ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် လူ ၁၂ ဦးအထိ အစုအပြုံလိုက် သေဆုံးကြောင်း သိရသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာအနီး ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က နိုဝင်ဘာလ ၁၄ ရက်တွင် ည ၇ နာရီ ၅၇ မိနစ်မှ ၉ နာရီ ၁၅ မိနစ်အထိ ဂျက်ဖိုက်တာ ၄ စီး၊ Y – 12 ၁ စီးတို့ဖြင့် တစ်နာရီကျော်ကြာ ပေါင် ၅၀၀၊ ၃၀၀ နှင့် ၂၀၀ ဗုံးများ၊ Rocket နှင့် Drop Bomb များအပါအဝင် ဗုံးအလုံးရေး ၅၀ နီးပါးခန့် မရပ်မနား ကြဲချတိုက်ခိုက် ခြင်းဖြစ်သည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း ခေတ္တစစ်ဘေးရှောင် အရပ်သားပြည်သူ ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ ကိုယ်ဝန် ၅ လရှိ အမျိုးသမီး ၁ ဦးနှင့် နောက်ထပ် ကျား ၆ ဦး ၊ မ ၄ ဦး စုစုပေါင်း ၁၂ ဦး အစုအပြုံလိုက် သေဆုံးရကြောင်း အာရက္ခတပ်တော် (ULA/AA) က ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်မှာ ထုတ်ပြန်သည်။

ထိခိုက်ဒဏ်ရာ ရရှိသူ ကျား ၁၁ ဦးနှင့် မ ၁၀ ဦး ၊ စုစုပေါင်း ၂၁ ဦးအထိ ရှိခဲ့ပြီး ၎င်းတို့မှာ အသေးစား၊ အလတ်စား၊ အကြီးစား စသည့် ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း၊ နေအိမ်အဆောက်အဦး အများအပြားလည်း ထိခိုက်ပျက်စီးမှု ရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ်၊ သူဌေးကုန်းရွာသည် ပလက်ဝ- ကျောက်တော်ကားလမ်းမဘေးတွင် တည်ရှိပြီး စိမ်းစင်းကျေးရွာ၏ အနီးတွင် လည်း တည်ရှိသော ရွာဖြစ်ကြောင်း၊ ၎င်းတို့ကျေးရွာအနီးတွင် အာရက္ခတပ်တော် ULA/ AA ၏ စစ်သင်တန်းကျောင်း ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်က သူဌေးကုန်းရွာအနီး လေကြောင်းတိုက်ခိုက်မှုသည် ULA/ AA ၏ စစ်သင်တန်းကျောင်းကို တိုက်လေယာဉ် အုပ်စုလိုက် အသုံးပြု တိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှု များပြားသည်ဟု ဒေသခံသတင်း ရင်းမြစ်တချို့က ပြောသော်လည်း၊ ULA/ AA စစ်သင်တန်းကျောင်းနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

အာာဏာသိမ်းစစ်တပ်သည် ULA/ AA ထိန်းချုပ်ထားသော ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်ထဲက မြို့နယ်များတွင် စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်း၊ ဆေးရုံး၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေးနှင့် လူနေအိမ်များ၊ လမ်းတံတားနှင့် မြို့ရွာများကို လေကြောင်းတိုက်ခိုက်မှု နေစဉ် ပြုလုပ်နေကြောင်း သိရသည်။

နိုဝင်ဘာလ ၁ ရက်မှ ၁၆ ရက်အတွင်း အာရက္ခတပ်တော် ULA/ AA ထိန်းချုပ်ဒေသများတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ ကလေးငယ်နှင့် သက်ကြီးရွယ်အိုအပါအဝင် ပြည်သူ ၁၀၆ ဦးထက်မနည်း သေဆုံး၊ ထိခိုက်ဒဏ် ရာများ ရရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လူသစ်မှတ်ပုံတင်ခြင်းနှင့် စာရွက်စာတမ်းဆိုင်ရာ လုပ်ငန်းများ ရပ်ဆိုင်းပြီဟု UNHCR – မလေးရှား ကြေညာ

CPU/ CPA ကို အိမ်နီးနားချင်းမိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီရင်းအစ်ကိုကောင်း စိတ်ဓါတ်ဖြင့် ကူညီပံ့ပိုးမည်ဟု ULA/ AA ပြော

စစ်ရေးနှင့် နိုင်ငံရေးကို မဟာမိတ်အင်အားစုများနှင့် လက်တွဲ၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်မည်ဟု CPU/ CPA ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 18, 2026

ပလက်ဝ၊ သူဌေးကုန်းရွာအနီး လေကြောင်းတိုက်ခိုက်မှု ကလေးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် လူ ၁၂ ဦးအစုအပြုံလိုက်သေဆုံး

November 18, 2026

လူသစ်မှတ်ပုံတင်ခြင်းနှင့် စာရွက်စာတမ်းဆိုင်ရာ လုပ်ငန်းများ ရပ်ဆိုင်းပြီဟု UNHCR – မလေးရှား ကြေညာ

November 18, 2026

ချင်းပြည်သူ့အစည်းအရုံး CPU/CPA နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ တွေ့ဆုံ

November 17, 2026

CPU/ CPA ကို အိမ်နီးနားချင်းမိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီရင်းအစ်ကိုကောင်း စိတ်ဓါတ်ဖြင့် ကူညီပံ့ပိုးမည်ဟု ULA/ AA ပြော

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.