Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝ၊ မီးဇာရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရ တချို့မှာ အသက်အန္တရာယ် စိုးရိမ်ရ

ပလက်ဝ၊ မီးဇာရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရ တချို့မှာ အသက်အန္တရာယ် စိုးရိမ်ရ

0
By Editor on November 21, 2023 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ မီးဇာရွာကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် လေကြောင်းက ဗုံးကြဲတိုက် ခိုက်သောကြောင့် အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး တချို့မှာ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဒေသခံ များက ပြောသည်။

“စစ်ကောင်စီကနေ ဗုံးကြဲချတဲ့ အဲဒီနေရာက တိုက်ပွဲဖြစ်တဲ့ နေရာလည်း မဟုတ်ဘူး။ ဗုံးကြဲတော့ ၇ ယောက်ဒဏ်ရာ ရတယ်။ ဒဏ်ရာရတဲ့ အထဲမှာ အသက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်တော့ ဒဏ်ရာ ပြင်းထန်တယ်။ အသက်ဆုံးရှုံးနိုင်တဲ့ အခြေ အနေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းတွင် ပလက်ဝမြို့နယ်၊ တရွန်အိုင်ရွာအထက်ပိုင်း ၆ မိုင်ခန့်က မီးဇာရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသော ပြည်သူများကို ဆေးဝါးကုသမှု ပေးနေသော်လည်း ဒဏ်ရာပြင်းထန်သော အရပ်သားတချို့ကို ဆေးဝါးကုသမှုပေးနိုင်ရန် ခက်ခဲနေသည်ဟု သိရသည်။

တရွန်အိုင်ရွာအနီးမှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ၄ ရက်ဝန်းကျင် ရှိလာ ချိန်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားပြည်သူများ စစ်ဘေးရှောင်နေသည် ကျေးရွာကို လေကြောင်းမှ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရက္ခိုင်တပ်တော် (AA) သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေက စစ်ကောင်စီစခန်းတွေကို နိုဝင်ဘာလ ဒုတိယပတ်က စ၍ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် နှစ်ဖက် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.