Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေး-ဖလမ်း ကားလမ်းမကြီးအား အသုံးမပြုကြရန် သတိပေး

ကလေး-ဖလမ်း ကားလမ်းမကြီးအား အသုံးမပြုကြရန် သတိပေး

0
By Editor on November 22, 2023 Headline

(003PT)

ချင်းပြည်နယ် ဖလမ်းမြို့နှင့် ကလေးမြို့ ကြားဆက်သွယ်သော ကားလမ်းမကြီးအား ပြည်သူများအနေဖြင့် အသုံးပြုသွားလာခြင်းမပြုလုပ်ရန် ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ တွင် CNO/CNDF က အသိပေး ထုတ်ပြန်လိုက်သည်။

ကလေး-ဖလမ်းကားမပေါ်တွင်တည်ရှိသော ထင်းရှုးစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့မနက် ပိုင်းတွင် စခန်းကိုစွန့်ခွာထွက်ပြေးကြသောကြောင့် ခရီးသွားပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုလာနိုင်သည့်အတွက်  ယခုကဲ့သို့အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု CNO/CNDF ကဆိုသည်။

“သူတို့ ပြေးထားတယ်ဆို‌တော့ ပြည်သူကို ဒိုင်းကာအဖြစ်သုံးပြီးတော့ သူတို့လွတ်လမ်းကို သူတို့ရှာနိုင်တဲ့အခါကျတော့လေ၊ အဲ့ဒီ တောင်ကြောတစ်လျှောက်မှာလမ်းသွားလမ်းလာတွေ၊ တောင်ယာသွားတဲ့သူတွေ ရှောင်ထားတာ အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်” ဟု CNO/CNDF ၏ ကာကွယ်ရေး အတွင်းရေးမှူး ကို Moses က ပြောသည်။ 

CNDF တပ်ဖွဲ့များအနေဖြင့် ယင်း ထင်းရှုးစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရန် စီစဥ်နေ ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များက စခန်းကိုစွန့်ခွာထွက်ပြေးခဲ့ကြခြင်းဖြစ်သည်ဟု CNO/CNDF ကာကွယ်ရေး အတွင်းရေးမှုးက ပြောသည်။

“ကျွန်တော်တို့ ဒီမနက် ချဥ်းကပ်သွားတော့ သူတို့ အကုန်လုံးစွန့်ခွာသွားကြတာ။ သူတို့စခန်းမှာ ဘာကိုဘာမှ မထားခဲ့ဘူး ဒီတိုင်း ရိက္ခာ ဆန်တော့နည်းနည်းထားခဲ့တာတော့ရှိတယ်။ သူတို့ တောကိုရှောင်တာဆို‌တော့ ကျွန်တော်တို့က မရရ အောင်လိုက်မှာ။ သူတို့ ဖလမ်းမြို့ကို မဝင်သေးသရွေ့တော့ ကျွန်တော်တို့ တိုက်ပွဲကတော့ ထပ်ပြီးတော့ ပြင်းထန်နိုင် ချေရှိတယ်။” ဟု ကို Moses က ပြောသည်။

လွန်ခဲ့သည့် သုံးရက်နေ့က ယင်းထင်းရှုးစခန်းကို သိမ်းပိုက်ရန် စခန်းကိုဝိုင်းထားနေချိန်မှာ စစ်ကောင်စီဖက်မှ ထောင်ထားသည့် နင်းမိုင်း နင်းမိတာကြောင့် CNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ယခုအခြေအနေကြောင့် ဖလမ်း-ကလေးကားလမ်းမကြီးအား ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစုံတရာအသိပေးထုတ်ပြန်ခြင်း မလုပ်မချင်း ပြည်သူများအနေဖြင့် အသုံးမပြုကြရန် CNO/CNDF က ပြောဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.