Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့ပေါ်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က အကျအဆုံးရှိ၊ ဘုရားကျောင်း၀န်းထဲ လက်နက်ကြီးကျ အရပ်သား ၂ ဦး ထိခိုက်
Photo crd- Hkl Mindat

မင်းတပ်မြို့ပေါ်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က အကျအဆုံးရှိ၊ ဘုရားကျောင်း၀န်းထဲ လက်နက်ကြီးကျ အရပ်သား ၂ ဦး ထိခိုက်

0
By Editor on November 27, 2023 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်၊ ဘဝသစ်ရပ်ကွက်တွင် စစ်ကောင်စီတပ်နှင့် CDF – မင်းတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက ထိခိုက်ကျဆုံးမှုရှိပြီး လက်နက်ကြီးကျည်များ မြို့မနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်း ကျရောက် ပေါက်ကွဲ၍ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာများရရှိသည်ဟု ဒေသခံများကပြောသည်။

“မနေ့က မင်းတပ်က ဘဝသစ်ရပ်ကွက်က စကစနဲ့ ထိတွေ့မှုဖြစ်တာမှာ ၂၇၄ တပ်ကနေ တောက်လျှောက် ၁၂၀ မမ လက်နက်ကြီးနဲ့ လှမ်းလှမ်းပစ်နေတာ၊ ပစ်တော့ မလှမ်းမကမ်းမှာရှိတဲ့ ဘုရားကျောင်းဝန်းထဲ ကျတယ်။ ပြည်သူနေအိမ်တွေ လည်း မှန်တွေကွဲ ၊ အိမ်တံခါးတွေ ပျက်စီးတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၂၆ ရက် မနက်ပိုင်းက မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက် မိခင်ကလေးဆေးရုံးအနီး နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၂ ဦးမှာ သေဆုံးပြီး၊ ၃ ဦးခန့်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်၊ ၎င်းတို့၏ လက်နက် ၂ လက်ကို ယူရန် ကြိုးစားသော်လည်း  လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်သောကြောင့် ပြန်ဆုတ်ခဲ့ရသည်ဟု တိုက်ပွဲအခြေအနေကို သိသော မင်းတပ်ဒေသခံက ပြောသည်။

စစ်ကောင်စီက ထိခိုက်ဒဏ်ရာ ရရှိသော ရဲဘော်များကို ၂၇၄ တပ်ရင်းထဲက ဆေးခန်းတွင် ဆေးကုသမှု ပေးနေသည်၊ တိုက်ပွဲဖြစ်ပွားသော နေရာအနီးက ပြည်သူ့နေအိမ်တစ်လုံးမှာ ထိခိုက်ပျက်စီးများလည်း ရှိသည်ဟု သိရသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းတပ်မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝန်းထဲ လက်နက်ကြီးကျည် ၃ လုံးကျရာမှ အသက် ၅၀ အရွယ် ဘာသာရေးဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ မစိုးရိမ်ရ ထိခိုက်ဒဏ်များ ရရှိခဲ့သည်ဟု မင်းတပ်မြို့ခံက ပြောသည်။

မင်းတပ်မြို့ပေါ်တွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မဖြစ်ပွားသည်မှာ လချီကြာမြင့်ချိန်တွင် ယမန်နေ့က တကြောပြန် ပြန်လည် ဖြစ်ပွားခြင်းဖြစ်ပြီး CDF – မင်းတပ်ကို တိုက်ပွဲအကြောင်း မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပါ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.