Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးကြသော စစ်ကောင်စီတပ်သား ၂၇၀ ကျော်ကို အိုင်ဇောလ်မြို့သို့ ပိုဆောင်၊ မနက်ဖြန်တွင် မြန်မာကိုပြန်ပို့မည်ဟုဆို
ဓာတ်ပုံ - ကိုညို (ပုံစာ - ယခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိုင်ဇောလ်မြို့ Lengpui လေဆိပ်တွင် စစ်ကောင်စီတပ်သား ၁၀၄ ဦးကို လာရောက်ခေါ်ထုတ်စဉ်)

မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးကြသော စစ်ကောင်စီတပ်သား ၂၇၀ ကျော်ကို အိုင်ဇောလ်မြို့သို့ ပိုဆောင်၊ မနက်ဖြန်တွင် မြန်မာကိုပြန်ပို့မည်ဟုဆို

0
By Editor on January 21, 2024 Headline

(005MK)

ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့်ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ရှုံး၍ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲ ထွက်ပြေးကြသော စစ်ကောင်စီတပ်သား ၂၇၀ ကျော်ကို ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့သို့ စနေနေ့က ပို့ဆောင်လိုက်ပြီးနောက် မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ပြန်ပို့မည်ဟုသိရသည်။

အိန္ဒိယ ပြည်ထဲရေး၀န်ကြီးဌာန တာ၀န်ရှိသူများကို ကိုးကားပြီး All India Radio News ၏ ဖော်ပြချက်အရက် မီဇီုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Bandukbanga ကျေးရွာထဲကို ဇန်န၀◌ါရီလ ၁၇ ရက်နေ့က ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်န၀◌ါရီလ ၂၀ ရက် စနေနေ့က အိုင်ဇောလ်မြို့ အာသံရိုင်ဖယ်ဌာနချုပ် Zokhawsang သို့ ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။

၎င်းတို့ထဲတွင် အရာရှိ ၃၆ ဦးပါ၀င်ကာ ၂၄၀ မှာ ရိုးရိုးတပ်သားများဖြစ်ကြပြီး ၁၁ ယောက်မှာ ဒဏ်ရာရရှိကြသည်ဟု All India Radio News က ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သားများကို ယခုလ ဇန်န၀◌ါရီ ၂ ရက်နှင့် ၉ ရက်နေ့ကကဲ့သို့ မနက်ဖြန် ဇန်န၀◌ါရီ ၂၂ ရက် နေ့တွင် အိုင်ဇောလ်မြို့ Lengpui လေဆိပ်မှ တဆင့် ရခိုင်ပြည်နယ် စစ်တွေ့မြို့သို့ စစ်ကောင်စီတပ် လေကြောင်းလိုင်းက လာရောက်ခေါ်ထုတ်သွားမည်ဟု သိရသည်။

ချင်းပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်ခြေကုပ်ယူထားသော စစ်ကောင်စီတပ်ဖွဲ့များသည် ယခင်ကလည်း တိုက်ပွဲအတွင်း စစ်ရှုံး၍ မီဇိုရမ်ပြည်နယ်ထဲကို မကြာခဏထွက်ပြေးခဲ့ကြသည်။

၂၀၂၃ ခုနှစ် နို၀င်ဘာလတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို မီဇိုရမ်ပြည်နယ်မှ မဏိပူရ်ပြည်နယ် မိုးရေးမြို့သို့ ပို့ဆောင်ကာ ထိုမှတဆင့် မြန်မာကိုပြန်ပို့ခဲ့ကြပြီးဖြစ်သည်။

ထို့နောက် ယခုနှစ် ဇန်န၀◌ါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၁၅၁ ဦးကိုလည်းကောင်း၊ ဇန်န၀◌ါရီလ ၉ ရက် နေ့က စစ်ကောင်စီတပ်သား ၁၀၄ ဦးကိုလည်ကောင်း အိုင်ဇောလ်မြို့ Lengpui လေဆိပ်တွင် စစ်ကောင်စီတပ် လေကြောင်းက လာရောက်ခေါ်ထုတ်ခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.