Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်ထဲ စစ်ရှုံးလာသည့် စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီမှ ၁၀ ဦး သေဆုံး

ပလက်ဝမြို့နယ်ထဲ စစ်ရှုံးလာသည့် စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီမှ ၁၀ ဦး သေဆုံး

0
By Editor on January 23, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှ စစ်ရှုံး၍ ထွက်ပြေးလာသော စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိထားသူများရှိကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၂၀ ရက် နံနက် ၉ နာရီတွင် ပလက်ဝမြို့နှင့် ဆမီမြို့များတွင် ရက္ခိုင်တပ်တော် AA နှင့် တိုက်ပွဲများဖြစ်ပွားပြီး ထွက်ပြေးလာသော စစ်ကောင်စီတပ်နှင့် CNA ၊ CDF-မတူပီ၊ CDF-ပလက်ဝ ချင်းပူးပေါင်းတပ်တို့ လုံပန်ကျေးရွာအနီး Kapin ချောင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF – မတူပီက ယနေ့ ဇန်နဝါရီလ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီက ၃ ဦး သေဆုံးပြီး ၅ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းက စံတပ်ရွာတွင် ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီမှ ၇ ဦး ထပ်မံ သေဆုံးခဲ့သည်၊ ချင်းပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ကောင်းမွန်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် စံတင်ကျေးရွာမှ ပြည်သူ့ဆေးရုံးကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ဆေးရုံးအတွင်းက ဆေးဝါးများ၊ မီးစက်များနှင့် ဆိုင်ကယ်များကို မီးရှို့သွားခဲ့သည်ဟု သိရသည်။

ထို့အပြင် ဇန်နဝါရီလ ၂၂ ရက်ကလည်း စစ်ကောင်စီတပ်သည် အနီးအနားမှ စစ်ဘေးရှောင်ပြည်သူ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦး၊ စုစုပေါင်း ၈ ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

သို့သော် ယနေ့ ဇန်နဝါရီလ ၂၃ ရက်တွင် ဖမ်းဆီးခံရသည့် အမျိုးသမီး အားလုံးကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသား ၃ ဦးကို ပြန်လွှတ်ပေးပြီးဟု သတင်းရရှိသော်လည်း ပြန်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။

ယနေ့တွင်လည်း စစ်ကောင်စီတပ်ကို CNA ၊ CDF-မတူပီ၊ CDF-ပလက်ဝ အပါအဝင် ထပ်မံစစ်ကူရောက်လာသည့် CDF-Daai တို့က လိုက်လံတိုက်ခိုက်လျက်ရှိသည်ဟု သတင်းရရှိသည်။

လက်ရှိ စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန် CDF-မတူပီထံ ဆက်သွယ်မေးမြန်းနေသော်လည်း ဆက်သွယ်၍ မရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.