Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်က ဒေသခံ ၄ ဦးကို စစ်ခုံရုံးက နှစ်ရှည်ထောင်ဒဏ်များချမှတ်
ပုံစာ - ပြစ်ဒဏ်ချမှတ်ခံရသော ဟားခါးမြို့နေ ငွန်လျှန်ထန်း(ခ) ရောဘတ် နှင့် ဗန်ချိန်ကျဲအို

ချင်းပြည်နယ်က ဒေသခံ ၄ ဦးကို စစ်ခုံရုံးက နှစ်ရှည်ထောင်ဒဏ်များချမှတ်

0
By Editor on February 14, 2024 Headline

ချင်းပြည်နယ် မင်းတပ်နှင့် ဟားခါးမြို့မှာ နေထိုင်သော ဒေသခံအမျိုးသား ၄ ဦးကို စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့နေ လိန်းခေါဂေဆိုသူကို တော်လှန်ရေးတပ်ဖွဲ့များအား ဆန်၊ဆီ၊ ဆား စသည့်ရိက္ခာများထောက်ပံ့ခြင်း၊ သတင်းပို့ရန်ပျက်ကွက်ခြင်း၊ အစိုးရ၀န်ထမ်းများအား ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက် (သို့) သွယ်၀◌ိုက်၍ ပြုလုပ်ခြင်းတို့ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ည) ၅၂(ခ)၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က(ဂ) တို့ဖြင့် ထောင်ဒဏ်တစ်သက်ကျခံစေရန် ချမှတ်ခဲ့သည်ဟု ယနေ့ ဖေဖော်၀ါရီလ ၁၄ ရက်တွင် စစ်ကောင်စီ၀ါဒဖြန့် Fitty Two News ကဖော်ပြလာသည်။

အလားတူ မင်းတပ်မြို့နေ အွမ်လိန်းဂေ (ခ) ပီတာကိုလည်း တော်လှန်ရေးတပ်ဖွဲ့များထံ စစ်သင်တန်းတက်ရောက်ခြင်း၊ အစိုးရဌာနဆိုင်ရာအဆောက်အဦများ၊ လုံခြုံရေးကင်စခန်းများ၊ နိုင်ငံပိုင်အဆောက်အဦများအား ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းတို့ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(က)၊ ၅၂(က) တို့ဖြင့်ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ဟားခါးမြို့နေ ငွန်လျှန်ထန်း (ခ) ရောဘတ်နှင့် ဗန်ချိန်ကျဲအိုတို့ကို တော်လှန်ရေးတပ်ဖွဲ့ထံ သင်တန်းတက်ရောက်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့တစ်ခုခုတွင် ပါ၀င်ဆောင်ရွက်ခဲ့သည့်အတွက်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၂(က) အရ ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု စစ်ကောင်စီအာဘော် Fifty Two News တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၅ ရက်နေ့ကလည်း ဟားခါးမြို့နေ နှီဘွေထန်းနှင့် မနှီလှောန်းတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နှင့်ထောင်ဒဏ်တစ်သက်၊ ဟရမ်နော်ထန် ကို ပုဒ်မ ၅၂ (က) နှင့် အလုပ်ကြမ်း ထောင်ဒဏ် (၇) နှစ် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.