Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မရာဒေသက ချင်းတော်လှန်ရေးအချင်းချင်းကြား တိုက်ပွဲတွင် CNA နှင့် ချင်းပူးပေါင်းတပ်မှ ၄ ဦး ကျဆုံး

မရာဒေသက ချင်းတော်လှန်ရေးအချင်းချင်းကြား တိုက်ပွဲတွင် CNA နှင့် ချင်းပူးပေါင်းတပ်မှ ၄ ဦး ကျဆုံး

0
By Editor on February 25, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မရာဒေသတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား တိုက်ပွဲအပြင်းအထန် ထပ်မံဖြစ်ပွားရာ CNF/CNA ၊ Mara- CDF နှင့် ချင်းပူးပေါင်းတပ်ဖွဲ့က (၄) ဦး ကျဆုံးပြီး နှစ်ဖက်တပ်ဖွဲ့အကြား ထိခိုက်ကျဆုံးမှုတွေ ပိုမိုရှိလာနေ ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၈ နာရီခန့်က ပလက်ဝမြို့နယ်၊ ပထိန်တလန်တိုက်နယ်၊ ပိုက်တေကျေးရွာ အနီးတွင် CNA ၊ CDF – Mara ချင်းပူးပေါင်းတပ်ဖွဲ့ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF)တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) ပြန်ကြားရေး တာ၀န်ခံက ပြောသည်။

“တိုက်ပွဲက ပိုက်တေကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်။ သူတို့ဘက်က ၄ ဦး ကျဆုံးတယ်။ ကျနော်တို့ ဘက်က ထိခိုက် ဒဏ်ရာ ရရှိမှုတွေ ရှိခဲ့တယ်။ အတိအကျတော့ ဆက်သွယ်ရေးအခက်အခဲအရ အတည်ပြုဖို့ ခက်ခဲနေပါတယ်” ဟု ၎င်းက ပြောသည်။

ယမန်နေ့က တိုက်ပွဲအတွင်း CNA နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ၄ ဦးကျဆုံးပြီး ၎င်းတို့၏ လက်နက် (၅) လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) က ထုတ်ပြန်သည်။

မရာဒေသတွင် ချင်းတပ်ဖွဲ့အချင်းချင်းကြား တိုက်ပွဲမှာ ဇန်နဝါရီလ ၂၄ ရက်မှ စတင်၍ ဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့အထိ တစ်လတာအတွင်း ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲတွေ ရှိနေပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတိုက်ပွဲများမှာ CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်လာသောကြောင့် မိမိတို့ဘက်က မလွဲမရှောင်သာ ခုခံကာကွယ်ရခြင်းသာဖြစ်ကြောင်း မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်ကထုတ်ပြန်သည်။

CNF/ CNA နှင့် CDF – Mara တပ်ဖွဲ့တို့ကို မရာဒေသတိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရန် ကြိုးစားနေသော်လည်း လက်ရှိအချိန်ထိ မရသေးပါ။

CNA နှင့် ချင်းပူးပေါင်းတပ်ဖွဲ့မှ MDF နယ်မြေအတွင်းမှ အမြန်ဆုံး ထွက်ခွာပေးပါက ချင်းညီအစ်ကို အချင်းချင်းကြား လက်ရှိဖြစ်ပွား နေသော ပြသနာတချို့မှာ ပြေလည်သွားမည်ဖြစ်ကြောင်း MDF/ MTC တာဝန်ရှိသူများက ပြောသည်။

မရာဒေသတွင် MDF စခန်းများကို ထိုးစစ်ဆင်နေသော တိုက်ပွဲများသည် ချင်းပြည်ကောင်စီ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုင်တွယ်သော စစ်ဆင်ရေး Operation ဖြစ်သောကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အောက်က CDF အားလုံးက လက်ရှိတိုက်ပွဲတွင် ပါဝင်နေကြောင်း၊ အဖွဲ့နာမည်တွေကို ထုတ်မပြောချင်းကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) ပြန်ကြားရေး တာ၀န်ခံက ပြောသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း ပိုက်တေကျေးရွာအနီး တိုက်ပွဲတွင် CNA မှ ရဲဘော် (၁) ဦးကျဆုံးပြီး CNA နှင့် CDF ချင်းပူးပေါင်းတပ်မှ ရဲဘော် (၄) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း MDF ထုတ်ပြန်ချက်အရ သိရသည်။

တစ်လကြာ ချင်းတော်လှန်ရေးအချင်းချင်းကြား တိုက်ပွဲတွင် မရာဒေသက MDF ထိန်းချုပ်ထားသော ကျေးရွာ (၈) ရွာကျော်ကို CNA နှင့် ချင်းပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု MDF ကဆိုသည်။

တိုက်ပွဲများအတွင်း ဒရုန်းဗုံးနှင့် လက်နယ်ငယ်များကြောင့် တချို့ကျေးရွာများမှ လူနေအိမ် (၁၄) လုံး ပျက်စီးခဲ့ရပြီး အိမ်မွေး တိရစ္ဆာန် များလည်း ထိခိုက်သေကြေပျက်စီးခဲ့ရကြောင်း သိရသည်။

မရာဒေသတွင် ချင်းအဖွဲ့အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားနေသော ကျေးရွာများမှ ဒေသခံများသည် အိန္ဒိယနယ်စပ်ဘက်နှင့် တောတောင်ထဲက ခြံ၊ ယာခင်းများတွင် စစ်ဘေးရှောင်နေရကြောင်း၊ တချို့ ဒေသခံများမှာ လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ခံထားရသောကြောင့် ဆေးဝါးကုသရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ဇန်နဝါရီလ ၂၄ ရက်တွင် လိုင်လင်းပီမြို့နှင့် ၉ မိုင်ရွာအကြားက CNF/CNA ၊ CDF- Mara တို့၏ အင်အား ၉ ဦး ရှိသည့် ကင်းစခန်း တစ်ခုကို Maraland Defense Force (MDF) က အင်အား ၃၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်၊ တိုက်ပွဲတွင် CNA မှ ရဲဘော် ၁ ဦး၊ CDF – Mara မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်။

MDF – Mara မှ ဗျူဟာမှူးနှင့် တပ်ခွဲမှူးအပါအဝင် တပ်ဖွဲ့ဝင် (၅ )ဦးကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီလထဲတွင် MDF/ MTC က ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.