Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ရေးအရှိန်မြင့်လာသည့် ကလေးမြို့တွင် ဒေသခံများ မြို့ကိုစွန့်ခွါသူများလာ၊ နယ်စပ်အထိ လူတစ်ဉီးကားခ ၂ သိန်းနီးပါးထိ မြင့်တက်နေ
Photo - Pasaltha

စစ်ရေးအရှိန်မြင့်လာသည့် ကလေးမြို့တွင် ဒေသခံများ မြို့ကိုစွန့်ခွါသူများလာ၊ နယ်စပ်အထိ လူတစ်ဉီးကားခ ၂ သိန်းနီးပါးထိ မြင့်တက်နေ

0
By Editor on March 1, 2024 Headline

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်းနှင့် ပတ်ဝန်းကျင်ဒေသများတွင် စစ်ရေးအရှိန်မြင့်တော့မည်ဟု ကလေးခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ သတင်းထုတ်ပြန်ပြီးနောက်ပိုင်းတွင် ကလေးမြို့ ဒေသခံများနေ့စဉ်နှင့်အမျှ နယ်စပ်နှင့် ကျေးလက်ဒေသသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု မြို့ခံများထံမှ သိရသည်။

ကလေးမြို့ပေါ်တွင်ရှိသည့် တာဟန်း၊ မွန်းလိုင်၊ကြို့သုံးပင်၊လိူင်သာယာ၊ ကိုးမိုင် ရပ်ကွက်နှင့် ချင်းပြည်နယ် ခိုင်ကမ်းမြို့တို့မှ ပြည်သူအများစုမှာ စစ်ဘေးတိမ်ရှောင်နေကြရသည်ဟု ကြို့သုံးပင်ရပ်ကွက်တွင်နေထိုင်သူ ဒေသခံတဦးက ပြောသည်။

“ချင်းတောင်ဖက်ရှောင်ကြတယ်၊ လမ်းကတော့ပုံမှန်အတိုင်းသွားလို့မရဘူး၊ဖြတ်လမ်းနဲ့ သွားကြတယ်။ ကားကတော့ ကလေးမြို့ကနေမသွားရဲဘူး ဒီကနေ ဆိုက်တွဲနဲ့တဆင့် ပြည်တော်သာဖက်ကို ၊ ဟိုကနေ တဆင့်ပြီးထပ်သွား ကြတယ်။ မြို့ပေါ်မှာတော့ မသွားနိုင်တဲ့သူနဲ့ ပိုက်ဆံမရှိတဲ့သူတွေတော့ ကျန်တယ် ။ အများစုကတော့ သွားကြကုန်တယ်” ဒေသခံတစ်ဦးက ပြောသည်။

ကလေးမြို့တွင် ဖေဖော်ဝါရီလ (၂၆) ရက်နေ့ရက်စွဲဖြင့် နောက်ဆုံးသတိပေးနှိုးဆော်ချက်ဟုဆိုကာ ကာကွယ်ရေး ဝန်ကြီးဌာန၊ ကလေးခရိုင် ပြည်သူကာကွယ်ရေးအဖွဲ့က ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ် ထိခိုက် နစ်နာမူများ မဖြစ်စေရန် ကလေးမြို့အတွင်းမှ အမြန်ဆုံးထွက်ခွာရှောင်ပေးကြရန်အသိပေးနှိုးဆော်ခဲ့ပြီး နောက် နေ့စဉ်ပြောင်းရွေ့လာသည့် လူဦးရေ များပြားလာြခင်းဖြစ်သည်။

ကလေးမြို့ပေါ်ရပ်ကွက်ရှိဒေသခံများသည် ကလေးမြောက်ပိုင်းဒေသ ကျေးရွာများသို့ ဆိုက်တွဲ၊သုံးဘီး ၊ဆိုက်ကယ်များ ငှါးရမ်းကာ တိမ်းရှောင်ကြရပြီး ဆိုက်ကား၊ သုံးဘီး နှင့် ကားငှါးရမ်းခစေ◌ျးနှုန်းမှာလည်း အဆမတန်မြင့်တက်နေသည့်အတွက် ပြည်သူများအခက်ကြုံနေရသည်ဟု သိရသည်။

စစ်ဘေးတိမ်းရှောင်ချင်သော်လည်း ကားလမ်းများပိတ်ထား ခြင်း၊ ကားခ အဆမတန်မြင့်တက်ခြင်းတို့ကြောင့် မြို့တွင်းပိတ်မိနေသူများလည်းရှိနေဆဲဖြစ်ကာ မြို့ခံများ စိုးရိမ်မူမြင်တက်နေ သည်ဟု ကလေးမြို့က အမျိုးသမီးတဦးက ပြောသည်။

ကလေးမြို့က အမျိုးသမီးတဦးက “ကလေးမြို့ပေါ်ကအခြေအနေလည်း တအားစိုးလာပြီဆိုတော့ ရွေ့ကြတယ်၊အခုက ကိုယ်ကြိုက်တဲ့နေရာထွက်ဖို့ကမလွယ်ဘူး၊လမ်းတွေက ပိတ်နေတယ်၊ တချို့ကဘာပဲဖြစ်ဖြစ်ဆိုပြီး မရွေ့ပဲနေတဲ့ သူတွေလည်းရှိတယ်၊ လူတွေက အကြပ်ရိုက်ပြီး ခြေတုံချတုံ ဖြစ်နေကြတယ်။ ကားခက ဘယ် လောက်ဆိုပြီး မရှိဘူးအရေးပေါ်အခြေအနေပေါ်မူတည်ပြီးသူတို့တောင်းတဲ့အတိုင်းကို သွားနေကြတာ၊ ပိုက်ဆံရှိတဲ့ သူတွေကလေယာဉ်နဲ့သွားလို့ရသေးတယ်၊ တနေ့လုပ်တနေ့စားသမားတွေက အလုပ်ကမရှိ အရမ်း ခက်ခဲကြပ်တည်းတာနဲ့ ဘယ်လုပ်လို့ပြေးကြမလဲ၊ကြုံသလိုရင်ဆိုင်မယ်ဆိုတဲ့သူတွေလည်းရှိတယ် ”ဟုပြောသည်။

ကလေးမြို့ပေါ်ဒေသခံများသည် ချင်းပြည်နယ် ရိခေါဒါရ်မြို့ဘက်သို့ တိမ်းရှောင်သူများသည့်အတွက် ကားခမှာလည်း ၂ သိန်းနီးပါးအထိ မြင့်တက်နေခြင်းကြောင့် ပြည်သူများ အခက်ကြုံနေကြရသည်ဟု သိရသည်။

ကလေးမြို့တွင် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ကစတင်ပြီး ကလေးမြို့ပေါ်ရပ်ကွက်နှင့် ကလေးမြို့အနီးတဝိုက်တို့တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု သိရသည်။

ထို့အပြင် ကလေးမြို့နှင့် ပြည်မဖက်ဆက်သွယ်ထားသည့် မန္တလေး-မဟာမြိုင်ကားလမ်း၊ကလေးဝ ကားလမ်းပိုင်းပိတ်ထား သောကြောင့် မြို့ပေါ်တွင် ကုန်စေ◌ျးနှုန်းများ မြင့်တက်လာသောကြောင့် မြို့ခံပြည်သူများ ပိုမိုစိုးရိမ်မူများ မြင့်တက်လာကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.