Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့ထဲ စစ်မှုထမ်းရန် လူဦးရေစာရင်းကောက်ယူသည့် ရုံး၀န်ထမ်းများကို CDF-Hakha က သတိပေး

ဟားခါးမြို့ထဲ စစ်မှုထမ်းရန် လူဦးရေစာရင်းကောက်ယူသည့် ရုံး၀န်ထမ်းများကို CDF-Hakha က သတိပေး

0
By Editor on March 19, 2024 Headline

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်မှုထမ်းရန် လူဦးရေစာရင်းများကောက်ယူနေသည့် ရုံးဝန်ထမ်းများအား စစ်ကောင်စီနည်းတူ သဘောထားကာ၊ အရေးယူသွားမည်ဖြစ်ကြောင်း CDF-Hakha က ယနေ့တွင် သတိပေးချက် ထုတ်ပြန်သည်။

“အခုလို မတရားစစ်မှုထမ်းဖို့ စစ်ကောင်စီနဲ့ပူး ပေါင်းပြီး စာရင်း‌ေကာက်ယူနေတဲ့ ရုံးဝန်ထမ်းတွေ၊ တာဝန်ခံကူညီပေးသူ‌ေတွကို ကျွန်တော်တို့ စစ်ကောင်စီလို သဘောထားပြီး သူတို့လိုမျိုး အရေးယူသွားမယ်။” ဟု CDF-Hakha က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယမန်နေ့ မတ်လ ၁၈ ရက်ကစတင်ကာ စစ်ကောင်စီ တပ်သား၊ ရဲတပ်သားများအပါအဝင် ထွေအုပ်ရုံးဝန်ထမ်းများမှ ဟားခါးမြို့ပေါ်တွင် တစ်အိမ်တက်ဆင်း စစ်မှုထမ်းရန် လူဦး‌ေရစာရင်းများကောက်ယူခဲ့ကြသည်။

ထိုသို့ ဟားခါးမြို့ပေါ်ရပ်ကွက်တစ်ချို့တွင် စစ်မှုထမ်းရန် စာရင်းကောက်ယူနေစဉ် CDF- Hakha မှ ပစ်ခတ်မှုလုပ်ဆောင်ကာ ဈေးဟောင်းရပ်ကွက်တွင် ယမန်နေ့ ညနေပိုင်း ၂ နာရီမှ ၅ နာရီ‌ေကျာ်အထိ ၃ နာရီကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ထိုနည်းတူ ယနေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Hakha တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားကြောင်း CDF- Hakha ထုတ်ပြန်ချက်အရသိရသော်လည်း တိုက်ပွဲဖြစ်ပွားမှု အသေးစိတ်အား မသိရသေးပေ။

ထို့နောက် ဟားခါးမြို့ပေါ်တွင် အချိန်မရွေး တိုက်ပွဲများဖြစ်ပွားနိုင်‌ေကြာင်း၊ မြို့တွင်းနေပြည်သူများအနေဖြင့် အသွားအလာဆင်ခြင်ရန်နှင့် စစ်ကောင်စီတပ်ဖွဲ့များ၏ သတင်းအစအနများအား ပေးပို့ရန်လည်း CDF -Hakha က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များသည် မြို့တွင်း နေရာအချို့တွင် လက်နက်များဖြင့် နေရာယူနေကြကြောင်း ဒေသခံများထံမှ သိရသည်။

“အခုတလော စစ်သားတွေက sniper နဲ့ ဟိုမှာ ဒီမှာ နေရာယူတယ်ဆိုတာကြီးပဲ၊ အပြင်ထွက်ရင်စိုးရိမ်ရတယ်။ ပြီးတော့ သူတို့ဧည့်စာရင်းကောက်တဲ့ နေရာတွေဆို sniper နဲ့ နေရာယူကြတယ်” ဟု ဟားခါးမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ဟားခါးမြို့တွင် စစ်ကောင်စီမှ စစ်မှုထမ်းရန် စာရင်းများကောက်ယူ‌မှုစတင်လာသည့်နောက်ပိုင်းတွင် ပြည်သူအချို့မှာလည်း ဘေးကင်းရာသို့ စစ်ဘေးတိမ်းရှောင်ကြကြောင်း ဒေသခံများက ပြောသည်။

ယခုလက်ရှိ ဟားခါးမြို့တွင် လူငယ်များ သိသိသာသာ လျော့‌နည်းကာ တစ်မြို့လုံး တိတ်ဆိတ်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.