Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မူးယစ်ဆေးတိုက်ဖျက်ရေးစင်တာ (CCR) ဝန်းမှ နယ်စပ်သို့ စစ်ဘေးရှောင်လာသူများ အရေးပေါ် အကူအညီများ လိုအပ်နေ

မူးယစ်ဆေးတိုက်ဖျက်ရေးစင်တာ (CCR) ဝန်းမှ နယ်စပ်သို့ စစ်ဘေးရှောင်လာသူများ အရေးပေါ် အကူအညီများ လိုအပ်နေ

0
By Editor on April 9, 2024 Headline

(004SS)

ကလေးမြို့မြောက်ပိုင်း မော်စီကျေးရွာအနီးရှိ မူးယစ်ဆေးတိုက်ဖျက်ရေးစင်တာ Chhan Chhuahna Rûn (CCR) မှ နယ်စပ် တီအိုချောင်းသို့ စစ်ဘေးရှောင်လာကြသူများအတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ဧပြီလ ၅ ရက်နေ့က CCR ဝန်းအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ၎င်းစင်တာတွင် ဆက်လက်မနေရဲကြတော့ဘဲ ပြည်သူအယောက် ၆၀ ကျော်တို့သည် ယမန်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက် တီအိုချောင်းသို့ ရောက်ရှိလာကြသည်ဟု ကူညီပေးနေသူတစ်ဦးကပြောသည်။

“လက်နက်ကြီးကျရောက်ပြီးနောက် အိမ်ပြန်လို့ရတဲ့သူတွေကို အိမ်ပြန်ခေါ်သွားကြပြီး။ အခု ကျန်ခဲ့တဲ့သူက အယောက် ၁၀၀ နီးပါးပဲရှိတယ်။ မနေ့က တီအိုချောင်းကို‌ေရာက်လာတာ ၆၁ ဦးရှိတယ် အဲထဲမှာ အများစုက စိတ်မကျန်းမာတဲ့သူတွေ‌ ေပါ့‌ေနာ်။ ပြီးတော့သူတို့တွေက ပြန်ဖို့အိမ်မရှိတဲ့သူတွေရယ် အိမ်ပြန်ရင်လဲ မိသားစုက ဆက်မထိန်းနိုင်တဲ့လူတွေ ဖြစ်တယ်။ သူတို့က ဒီတိုင်းပဲလာတာဆို‌ေတာ့ ဆန်၊ ဆီ၊ ဆားတွေ အဝတ်အထည်တွေ၊ စော‌င်တွေလိုအပ်တာပေါ့၊ တောင်ပေါ်ဆိုတော့ရာသီဉတုအေးတယ်၊ မနေ့ညကဆိုရင်သူတို့ မိုးကာခင်းပြီး‌အိပ်ကြရတယ်” ဟု ၎င်းက ပြောသည်။

၎င်း စစ်ဘေး‌ေရှာင် ၆၁ ဦးအနက် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၈ ဦးသာ ကျန်းမာသူများဖြစ်ကြကာ ကျန်အားလုံးမှာ စိတ်ရောဂါဝေဒနာ ခံစားနေရသူများဖြစ်ကြောင်း အထက်ပါ ကူညီပေးနေသူက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် တီအိုချောင်းလူငယ်အဖွဲ့အစည်း၏ အကူအညီဖြင့် တီအိုချောင်းရှိ ခန်းမဆောင်တွင် ခေတ္တတည်းခိုနေကြသော်လည်း နေရာဒေသအခြေအနေကြောင့် စားဝတ်နေရေးအတွက် အခက်အခဲများ ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

“သူတို့အတွက် တီအိုလူငယ်ခေါင်းဆောင်ပိုင်းကို အကူညီတောင်းပြီး‌ေတာ့ ဘာပဲနေနေ အခုလောလောဆယ် သူတို့‌ ဟောခန်းမှာ နေခိုင်းမယ်ပေါ့၊ စားစရိတ်ကျတော့ မတတ်နိုင်လောက်ဘူးထင်တယ် ဒီဘက်မှာ စစ်ဘေးရှောင်လည်းများတော့ အလုပ်ကလည်းခက်တယ်ဆိုတော့ အဲဒါကိုတော့တတ်နိုင်သလောက် ကြိုးစားပေးပါအုံးဆိုပြီး ပြောဖြစ်တယ်” ဟု စစ်ဘေး ရှောင်များကူညီပေးနေသူက ဆိုသည်။

မူးယစ်ဆေးတိုက်ဖျက်ရေးစင်တာမှ စစ်ဘေးတိမ်းရှောင်လာသူများအား အိန္ဒိယ- မြန်မာနယ်စပ်မှ မီဇိုရမ်ပြည်နယ်အတွင်းသို့ ဆက်လက် တိမ်းရှောင်နိုင်ရန် ဆောင်ရွက်ပေးနေဆဲဖြစ်‌ေကြာင်း သိရသည်။

လွန်ခဲ့သော ဧပြီလ ၅ ရက် နေ့က စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ၅ လုံးထက်မနည်းသည် CCR ၀န်းထဲသို့ ကျရောက်ပေါက်ကွဲမှုကြောင့် မူးယစ်ဆေးတိုက်ဖျက်ရေးစင်တာဝန်းအတွင်းနေထိုင်သူ အမျိုးသား ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒါဏ်ရာရရှိကာ ခြေ‌တောက်ကျိုးဒါဏ်ရာနှင့် ပေါင်ကျိုးဒါဏ်ရာများရရှိသူ ၂ ဦးမှာ ကျန်ဖိုင် (Champhai) မြို့တွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

Chhan Chhuahna Rûn (CCR) သည် ကလေးမြို့ပတ်၀န်းကျင်အတွင်း အရက်နှင့် မူးယစ်ကျေးကျွန်ဘ၀မှ လွတ်မြောက်လိုသူများ၊ စိတ်ရောဂါ‌ေ၀ဒနာ ခံစားနေရသူများအား ဘာသာတရားဖြင့် သွန်သင်ကြည့်ရှုစောင့်ရှောက်ရာစခန်းတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.