Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရခိုင်နှင့် ချင်းလူထုတို့ကို အပြန်အလှန် စောင့်ရှောက်ကူညီရေး AA နှင့် လက်တွဲမည်ဟု ချင်းညီနောင်အဖွဲ့ဆို

ရခိုင်နှင့် ချင်းလူထုတို့ကို အပြန်အလှန် စောင့်ရှောက်ကူညီရေး AA နှင့် လက်တွဲမည်ဟု ချင်းညီနောင်အဖွဲ့ဆို

0
By Editor on April 10, 2024 Headline

(006SV)

ရခိုင်နှင့် ချင်းပြည်သူလူထုတို့၏ အကျိုးစီးပွားကို အပြန်အလှန် စောင့်ရှောက်ကူညီရေးတို့အတွက် ရက္ခိုင့်တပ်တော် (AA) နှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ယနေ့ ဧပြီလ ၁၀ ရက်တွင် ကျရောက်သော ရက္ခိုင့်တပ်တော် (AA) ၏ ၁၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ ချင်းညီနောင်အဖွဲ့မှ သဝဏ်လွှာ ပေးပို့ရာတွင် ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းပြီး အမျိုးသားတန်းတူရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးတို့အပြင် ရခိုင်ပြည်သူလူထုနှင့် ချင်းပြည်သူလူထုတို့၏ အကျိုးစီးပွားတို့ကို အပြန်အလှန် စောင့်ရှောက်ကူညီရေးတို့အတွက် AA နှင့် လက်တွဲပြီး မိမိတို့ ပန်းတိုင်ရောက်ရှိသည်အထိ အတူချီတက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်က ဆိုသည်။

AA ၏ ၁၅ နှစ်တိုင်တိုင် အခက်အခဲ၊ အကျပ်အတည်းများနှင့် စိန်ခေါ်မှုများကို ရက္ခိတလမ်းစဉ်အတိုင်း ရင်ဆိုင်ဖြတ်သန်းနိုင်ခဲ့ သည့်အတွက် ချင်းညီနောင်အနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်မိသည်ဟု ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်၏ ၁၅ နှစ်ပြည့်သော နှစ်သည် နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များကို သိသာထင်းရှာစွာ အကောင်အထည် ဖော်နိုင်ခဲ့သော နှစ်ဖြစ်၍ ရခိုင်ပြည်သူတရပ်လုံး၏ မဆုတ်မနစ် ကြိုးပမ်းမှုများနှင့် AA ၏ ဦးဆောင်မှုများကို မှတ်ကျောက်တင်နိုင်ခဲ့သော နှစ်လည်းဖြစ်ကြောင်း ချင်းညီနောင်က ဂုဏ်ပြုထားသည်။

ရခိုင်ပြည်သူနှင့် ရက္ခိုင့်တပ်တော်တို့၏ အိမ်ပြန်ခရီး စစ်ဆင်ရေးကြီးများသည် ချင်းညီနောင်အပါအဝင် မြန်မာလူထုတရပ်လုံး လိုလားသော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ကြီးစွာသော အထောက်အပံ့နှင့် မျှော်လင့်ချက်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်နှင့် ရခိုင်ပြည်သူတို့ လိုလားသော နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ချင်းညီနောင်အဖွဲ့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

ချင်းညီနောင်အဖွဲ့တွင် ဇိုမီဖက်ဒရယ်အစည်းအရုံး/ PDF Zoland ၊ ချင်းအမျိုးသားအဖွဲ့ချုပ်/ CNDF ၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)/ CDF – မင်းတပ်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ MDF ၊ CDF – ကန်ပက်လက်နှင့် CDF – မတူပီ၊ တပ်မဟာ – ၁ တို့ပါဝင်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.