Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်က နယ်စပ်ကုန်သွယ်ရေးသွားရောက်ကြည့်ရှု့

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်က နယ်စပ်ကုန်သွယ်ရေးသွားရောက်ကြည့်ရှု့

0
By Editor on April 12, 2024 Headline

(005MK)

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် မီဇိုရမ်ပြည်နယ် အရှေ့ပိုင်းရှိ Champhai မြို့သို့ ကြာသပတေးနေ့(ဧပြီ ၁၁ ရက်) က သွားရောက်ခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်သည့် Rih-Zokhawthar သို့ လှည့်လည်ကြည့်ရှုခဲ့သည်။

သံအမတ်ကြီး Thakur သည် Champhai Circuit House တွင် ခရိုင်တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နယ်စပ်ဖြတ်ကျော်ကုန်သည်များနှင့် နယ်စပ်ကုန်သွယ်ရေးအခြေအနေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ပြီးနောက် Rih-Zokhawthar နယ်စပ်ကုန်သွယ်ရေးစခန်းကို သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း All India Radio News ကဖော်ပြသည်။

အိန္ဒိယနှင့် မြန်မာကြား ကောင်းမွန်ခိုင်မာသော ဆက်ဆံရေးသည် အရေးပါပြီး လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှာ ခွဲထွက်၍မရသော ဆက်စပ်မှုရှိကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန် သွယ်မှုအတွက် ကြီးမားသောစိန်ခေါ်မှုများစွာရှိနေသည်ဟု သံအမတ်ကြီးပြောသည်။

သို့သော်လည်း နယ်စပ်ကုန်သွယ်မှုဆက်ဆံရေး ပုံမှန်အခြေအနေသို့ ပြန်သွားနိုင်ရန် မျှော်မှန်းထားကြောင်း၊ နယ်စပ်ဖြတ် ကျော် တရားမဝင် ကုန်သွယ်မှုကို တိုက်ဖျက်ရန် စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်သွားရန်လည်း သံအမတ်ကြီး က တိုက်တွန်းထားသည်။

ယခုလက်ရှိတွင် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ချင်းပြည်နယ် ရိခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ နယ်စပ်ကုန်သွယ်ရေးစခန်းကတဆင့် ကုန်သွယ်မှုများဆက်လက်ရှိ နေသော်လည်း စစ်ရေးအခြေအနေကြောင့် ယခင်ကထက် ကုန်သွယ်မှုပမာဏနည်းသွားပြီဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.