Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက ခမ်းပတ်မြို့နှင့် စော်ဘွားရေရှင်‌ကို ဗုံးကြဲ၊ အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၃ ဦးသေဆုံး

စစ်ကောင်စီက ခမ်းပတ်မြို့နှင့် စော်ဘွားရေရှင်‌ကို ဗုံးကြဲ၊ အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၃ ဦးသေဆုံး

0
By Editor on April 22, 2024 Headline

(002MG)

စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့နှင့် စော်ဘွားရေရှင်ကျေးရွာကို စစ်ကောင်စီက ယနေ့မနက်ပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသော ခမ်းပတ်မြို့နှင့် စော်ဘွားရေရှင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့မနက်ပိုင်း ၂ နာရီခန့် အိပ်မောကျချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

“ခမ်းပတ် အမှတ် (၁) မှာ ပြည်သူ (၂) ဦးသေတယ်၊ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ် တယောက်က စိုးရိမ်ရတယ်၊ တယောက်ကျတော့ ပေါင်ကျိုးသွားတယ် အပြင်းအထန်ဒဏ်ရာရတယ် အသက်အန္တရာယ်တော့ မစိုး ရိမ်ရဘူး၊ စော်ဘွားဖက်မှာက ပြည်သူတယောက်သေတယ်၊ လေးယောက်စိုးရိမ်ရတယ်၊ သုံးယောက်ကတော့ မစိုးရိမ်ရ ဒဏ်ရာရထားတယ်” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများမှာ ခမ်းပတ်မြို့က အသက် (၁၇) နှစ်အရွယ်အမျိုး သမီးတစ်ဦး၊ အသက် (၂၀) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး အသက် (၅၀) ဝန်းကျင်အမျိုးသမီးတစ်ဦး၊ အသက် (၄၀) ဝန်းကျင်အမျိုးသား၂ ဦးတို့ စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။

စော်ဘွားရေရှင်ကျေးရွာတွင်လည်း အသက် (၄၆) နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးကာ စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးနှင့် မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိသူ (၃) ဦးရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ခမ်းပတ်မြို့အမှတ်(၁) ရပ်ကွက်ထဲကို ပေါင် ၅၀၀ ဗုံးအပါအဝင် တိုက်လေယာဉ်ဖြင့် အနည်းဆုံး ဗုံး ၃ ကြိမ် ကြဲချခဲ့ပြီး ပြည်သူနေအိမ် (၇) လုံး ပျက်စီးခဲ့သည်။

စော်ဘွားရေရှင်တွင်လည်း ဗုံး ၂ ကြိမ်ကြဲချခဲ့ပြီး ခရစ်ယာန်ပါစတာနေအိမ်အပါအဝင် နေအိမ် (၅) လုံး ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။

ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းကလည်း ခမ်းပတ်မြို့အနီး ကနန်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၇) ဦးသေဆုံးခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.