Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်၊ ဝမ္မသူးဆေးရုံကို စစ်ကောင်စီဗုံးကြဲ ဆေးကုသမှုခံယူနေသော ပြည်သူ ၄ ဦးသေဆုံး၊ ၁၅ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရ

မင်းတပ်၊ ဝမ္မသူးဆေးရုံကို စစ်ကောင်စီဗုံးကြဲ ဆေးကုသမှုခံယူနေသော ပြည်သူ ၄ ဦးသေဆုံး၊ ၁၅ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရ

0
By Editor on April 26, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၂) ဒေသက ဝမ္မသူးဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးကုသမှု ခံယူနေသော ပြည်သူ ၄ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်းမှာ ဒဏ်ရာအပြင်းအထန်များ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဧပြီလ ၂၅ ရက်ညနေပိုင်း ၄ နာရီခန့်တွင် မင်းတပ်မြို့နယ် တိုက်နယ် ၂ ဖက်ကို စစ်ကောင်စီက တိုက်လေယာဉ်နှင့် ၂ ကြိမ် ၊ Y12 အမျိုးစားလေယာဉ်ဖြင့် ၅ ကြိမ်ဗုံးကြဲခဲ့ပြီးနောက် ည ၈ နာရီခန့်တွင် CDF-Mindat ထိန်းချုပ်နယ်မြေထဲတည်ရှိသော ဝမ္မသူးဆေးရုံကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ညနေ ၄ နာရီ ၄၀ လောက်မှာ တိုက်နယ် ၂ တစ်နေရာကို ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်ဗုံးကြဲတယ်။ Y12 လေယာဉ်နဲ့က တစ်ခါကြဲရင် ၁၂ လုံးလောက် ကြဲတယ်။ ငါးကြိမ် လာကြဲတယ်။ ငါးဆယ်ကျော်လောက်ရှိမယ်။ ၈ နာရီမှာ ဝမ္မသူး ဆေးရုံးကို ကြဲတယ်။ လူနာ ဆောင် တည့်တည့်ကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် လာကြဲတယ်။ ဆေးကုသမှု ခံယူနေတဲ့ လူနာ ၄ ဦး သေဆုံးတယ်။ ၁၅ ဦးကျော်လောက် ဒဏ်ရာရတယ်” ဟု CDF မင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်းက ပြောသည်။

စစ်ကောင်စီသည် ဝမ္မသူးဆေးရုံကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြင့် ဗုံး ၆ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဆေးရုံလူနာဆောင်ပေါ် တည့်တည့်ကျရောက်၍ အသက် ၂၀ မှ ၃၀ ကြားရှိ ဆေးကုသမှုခံယူနေသူ ၄ ဦးတို့ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၅ ဦးထဲတွင် တချို့မှာ ခြေလက်အင်္ဂါ ပြတ်တောက်မှုနှင့် ပြတ်ရှဒဏ်ရာ အများအပြားလည်း ရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့ကို ဆေးရုံက ဆရာ/များက အပျက်အစီးများ ကြားထဲမှ ကယ်ထုတ်၍ ဘေးကင်းနိုင်မည့် တစ်နေရာတွင် ဆေးကုသမှုများ ပေးနေကြောင်းသိရသည်။

စစ်ကောင်စီသည် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝမ္မသူးဆေးရုံကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆလိုင်းဟာအွမ်းကပြောသည်။

“ပြည်သူ လူထုအပေါ်ကို ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်မှုက မင်းတပ်မြို့နယ်က အများဆုံးလို့ ထင်တယ်။ ဒါက ဧပြီလထဲမှာကို လေကြောင်းတိုက်ခိုက်ခံရမှုက ၅/၆ ခါထက် မကဘူးဖြစ်နေတယ်။ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတယ်။ လူနည်းစုချင်းတိုင်းရင်းသားတွေအပေါ်မှာ လူမျိုးသုဉ်း သတ်ဖြတ်မှု လုပ်ရပ်တွေ လုပ်နေတယ်လို့ကို ပြောချင်တယ်” ဟု ဆလိုင်းဟာအွမ်းကပြောသည်။

ဝမ္မသူးဆေးရုံသည် မင်းတပ်မြို့နယ်အတွင်း ဒေသခံ ပြည်သူများသာမက ချင်းတောင်ပိုင်းဒေသက မတူပီ၊ ကန်ပက်လက်မြို့ နယ်များက ဒေသခံများကို ဆေးကုသမှု ပေးနေသည့် ဆေးရုံဖြစ်သကဲ့သို့ မကွေးတိုင်းမှ ယော၊ မြိုင်၊ ဆိတ်ဖြူမြို့နယ်မှ ဒေသခံ ပြည်သူများ၊ စစ်ကိုင်းတိုင်းထဲက ဒေသခံပြည်သူများကို ဆေးကုသမှုပေးနေသည့် ဆေးရုံဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဧပြီလ ၂၅ ရက်တွင် မင်းတပ်မြို့နယ် တိုက်နယ် (၂)အတွင်း ကျေးရွာတစ်ခု၏ အနီးဝန်းကျင်ကို ညနေ ၄ နာရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ Y12 လေယာဉ်ဖြင့်လည်း ငါးကြိမ်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် ဗုံး ၁၂ လုံး ကြဲချတိုက်ခိုက်သောကြောင့် ဗုံးအလုံး (၅၀) ကျော် အသုံးပြုခဲ့ကြောင်း သိရသည်။

အလားတူ ည ၁၀ နာရီခွဲ နောက်ပိုင်းတွင်လည်း တိုက်နယ် (၂) ထဲက ၎င်းကျေးရွာကိုပင် ဂျက်ဖိုက်တာနှင့် နှစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

ယခုတကြိမ်ဗုံးကြဲမှုသည် တော်လှန်ရေးကာလ ၃ နှစ်တာအတွင်း မင်းတပ်မြို့နယ်တွင် အပြင်းထန်ဆုံးဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီသည် မင်းတပ်မြို့နယ်တွင် ယခုနှစ် ၃ လအတွင်း လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၂၅ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၁၀ ယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.