Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် CDF- ကန်ပက်လက်တပ်ဖွဲ့မှ G1၊ ဒုတပ်ရင်းမှူး၊ စစ်ကြောင်းမှူးအပါအဝင် ရဲဘော် ၁၃ ဦး ကျဆုံး
ဓာတ်ပုံ - ယခင်ပုံဟောင်း

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် CDF- ကန်ပက်လက်တပ်ဖွဲ့မှ G1၊ ဒုတပ်ရင်းမှူး၊ စစ်ကြောင်းမှူးအပါအဝင် ရဲဘော် ၁၃ ဦး ကျဆုံး

0
By Editor on May 13, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေး၏ ၄ လကြာတိုက်ပွဲတွင် G1 ၊ ဒုတပ်ရင်းမှူးနှင့် စစ်ကြောင်းမှူးအပါအဝင် ရဲဘော် (၁၃) ဦး ကျဆုံးခဲ့ရကြောင်း CDF – ကန်ပက်လက် တပ်မဟာမှူး၊ ဆလိုင်းထွန်းလိန်းထန်က ပြောသည်။

“ကိုယ့်ဘက်က ထိုးစစ်ဆင်ရတဲ့ စခန်းသိမ်းတိုက်ပွဲဖြစ်တာကြောင့် ရဲဘော်တွေကလည်း ရေကုန်ရေခမ်း မီးကုန် ယမ်းကုန် တိုက်ခိုက်ခဲ့ကြတယ်။ တကယ်ကို ဂုဏ်ယူလေးစားဖွယ်ရာဖြစ်တယ်။ ရှေ့တန်းရဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတယ်” ဟု ဆလိုင်းထွန်းလိန်းထန်က ပြောသည်။

ချင်း- မကွေးတိုင်းအစပ်တွင် တည်ရှိ၍ စစ်ရေးအပါအဝင် အချက်အချာ ကျလှသော ကျင်ဒွေးမြို့ သိမ်း စစ်ဆင်ရေးကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်က စတင်ခဲ့ပြီး ၄ လကြာတိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီးနောက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်က အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ စတင်ခဲ့သော ပထမနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာပင် CDF – ကန်ပက်လက်၏ G 1 တာဝန် ယူထားသူ ဆလိုင်းဖွေထန်းသည် ကျဆုံးခဲ့ရပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့ တိုက်ပွဲတွင် ရဲဘော် ၃ ဦး ကျဆုံးခဲ့ရကြောင်း၊ G1၊ ဒုတပ်ရင်းမှူး၊ စစ်ကြောင်းမှူး၊ မှတ်တမ်းတာဝန်ခံ အပါအဝင် နယ်ပယ်အစုံက ရဲဘော်များ စုစုပေါင်း (၁၃) ဦး ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း တပ်မဟာမှူးက ပြောသည်။

ဆလိုင်းဖွေထန်း ၊ ဆလိုင်း ချိုင်မနား ၊ ဆလိုင်း ပီတာလိန်းဟုန်း ၊ ဆလိုင်း လိန်းကီး၊ ဆလိုင်း ရွှေဝင်း၊ ဆလိုင်း ယောကွီး ၊ ဆလိုင်း မနားဟုန်း ၊ ဆလိုင်း နိုင်းထန်း၊ ဆလိုင်း လိန်းထန်း၊ ဆလိုင်း ရှိုခိုင်၊ ဆလိုင်း ရဲမာန်အောင် ၊ ဆလိုင်း နေလင်းအောင် ၊ဆလိုင်း ကွီရှိန်းတို့သည် ကျင်ဒွေးမြို့စခန်းသိမ်းတိုက်ပွဲတွင် မြင့်မြတ်စွာ ကျဆုံးသွားခဲ့ကြောင်း CDF ကန်ပက်လက်က ယမန်နေ့က ထုတ်ပြန်ထားသည်။

ကျင်ဒွေးမြို့စစ်ဆင်ရေးကို PDF ၊ CDF ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ မတ်လ ၇ ရက်တွင် ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ပြောင်းလဲကာ အာရက္ခတပ်တော် (AA/ ULA)၏ စစ်ရေးဦးဆောင်မှုဖြင့် PDF ၊ YDF ၊ GZA ၊ LPDF တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာမှ အပြီးသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအပြီးတွင် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများအတွက် ကုန်ကျစရိတ် များစွာ ရှိခဲ့ပြီး လက်ရှိ စစ်ရေးအသုံးစရိတ်အဖြစ် သိန်း (၁) ထောင်ကျော်ခန့် ပေးဆပ်ရန် ကျန်ရှိနေသေးကြောင်း CDF – ကန်ပက်လက်မှ သိရသည်။

ထို့အပြင် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနှင့် ဒဏ်ရာရ လူနာအများအပြားကို အချိန်မီ ဆေးကုသနိုင်ရေး ပြည်တွင်း ပြည်ပ ပြည်သူများ၏ ကူညီထောက်ပံ့မှုများ အရေးပေါ် လိုအပ်နေကြောင်း CDF – ကန်ပက်လက်က ထုတ်ပြန် ထားသည်။

ယနေ့ မေလ ၁၃ ရက်သည် CDF – ကန်ပက်လက်၏ တော်လှန်ရေး ၃ နှစ်ပြည့်ဖြစ်ပြီး ယင်းကာလအတွင်း ရဲဘော် ၂၈ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

၃ နှစ်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း ၂၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ညီနောင်မဟာမိတ် တပ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“၃ နှစ်တာ တော်လှန်ရေး ခရီးကြီးမှာ ကျနော်တို့နဲ့ အတူရှိတဲ့ ထောက်ပို့ တပ်သားတွေ၊ ထောက်ပို့မိဘ ပြည်သူတွေကို ကျေးဇူးတင်တယ်။ မဟာမိတ် ပီသစွာနဲ့၊ ကျနော်တို့နဲ့အတူ အမြဲတမ်းရှိတဲ့ အကူအညီတွေပေးတဲ့ မဟာမိတ်တွေကို ကျေးဇူးတင်တဲ့အကြောင်း‌ ပြောလိုတယ်။ ချင်းညီနောင်နဲ့ ရှေ့လျှောက်ပြီးမှ တိုက်ပွဲတွေကို အများကြီး ဖော်ဆောင်သွား နိုင်ကြဖို့ရန် အတူလက်တွဲပြီးမှ တော်လှန်ရေးပန်းတိုင် ရောက်သည်အထိ အတူတူ ဆက်သွားကြမယ်” ဟု တပ်မဟာ မှူး ဆလိုင်းထွန်းလိန်းထန်က ပြောသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် CDF – ကန်ပက်လက်ကို စတင်ဖွဲ့စည်းခဲ့ပြီး ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီ ကို စတင်တိုက်ခိုက်ခဲ့သော ၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်ကို CDF – ကန်ပက်လက်၏ တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.