Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းကောင်စီကို ထောက်ခံကြောင်း CDF-မတူပီ၊ တပ်မဟာ (၂) ထုတ်ပြန်

ချင်းလဲန်းကောင်စီကို ထောက်ခံကြောင်း CDF-မတူပီ၊ တပ်မဟာ (၂) ထုတ်ပြန်

0
By Editor on May 15, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် CDF – မတူပီ၊ တပ်မဟာ (၂) သည် နိုင်ငံရေး ရပ်တည်ချက်တွင် ချင်းလဲန်း ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ဧပြီလ ၁၁ ရက်မှ ၁၂ ရက်ထိ CDF- မတူပီ၊ တပ်မဟာ – ၂၏ တပ်ရင်း တပ်မှူးများနှင့် ဒေသ အုပ်ချုပ်ရေးအဖွဲ့ များဖြင့် ညီလာခံ ကျင်းပခဲ့ပြီး ရပ်တည်ချက်နှင့် အခြေခံမှုများ ရေးဆွဲနိုင်ခဲ့ကြပြီးနောက် ချင်းပြည်နိုင်ငံရေး ရပ်တည်ချက်တွင် မတူပီမြို့နယ် ပြည်သူလူထု အများသဘောတူ ချင်းလဲန်းကောင်စီကို ထောက်ခံသည်ဟု CDF-မတူပီ တပ်မဟာ (၂) သတင်းနှင့် ပြန်ကြား ရေးဌာနက ယမန်နေ့ မေလ ၁၄ ရက်က ထုတ်ပြန်သည်။

CDF -မတူပီ၊ တပ်မဟာ (၂) တွင် တပ်ရင်း (၂) (အောက်ချင်းတပ်ရင်း)၊ တပ်ရင်း (၃) ( ကိုင်ဆီတပ်ရင်း)၊ တပ်ရင်း – ၄ (လီစန်တပ်ရင်း) နှင့် တပ်ရင်း- ၆ (အိုင်ခါခ်တပ်ရင်း) တို့ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလထဲတွင် CDF – မတူပီ၏ တတိယအကြိမ် ညီလာခံမှာ နိုင်ငံရေးရပ်တည်ချက်တွင် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့နှင့် ICNCC ၊ ချင်းညီနောင်အဖွဲ့ဟူ၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး CDF – မတူပီသည် တပ်မဟာ (၂) ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

CDF – မတူပီ၊ တပ်မဟာ (၁) တွင် တပ်ရင်း – ၁ (လင်းယုန်တပ်ရင်း)၊ တပ်ရင်း – ၅ (ဆီးနိုင်တပ်ရင်း) ၊ တို့ ပါဝင်ပြီး ဧပြီလ ၁၀ ရက်က ချင်းညီနောင်အဖွဲ့ဝင် စတင်ပူပေါင်းပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။

CDF – မတူပီ၊ လင်းယုန်တပ်ရင်းတွင် ၂၀၂၂ ခုနှစ်ကတည်းက ပူပေါင်းပါဝင်၍ စစ်အာဏာရှင်ကို တော်လှန်နေသော ထိုင်ဖုန်းဒေသကာကွယ်ရေတပ်ဖွဲ့ကလည်း ၂၀၂၄ မေလ ၁၀ ရက်က CDF- မတူပီ တပ်မဟာ -၁ နှင့် ချင်းညီနောင်တွင် ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။

၂၀၂၁ အာဏာသိမ်းမှု အစောပိုင်းကာလတွင် မတူပီမြို့နယ်အတွင်း “မတူပီလုံခြုံရေးအဖွဲ့” အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီးနောက် “မတူပီတော်လှန်ရေးတပ်ဖွဲ့” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် ၂၀၂၁ ဧပြီလ ၁၀ ရက်တွင် CDF – မတူပီအဖြစ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မတူပီမြို့နယ်အတွင်း မတူပီမြို့ပေါ် စစ်ကောင်စီ စခန်းများမှအပ ကျန်ကျေးလက်ဒေသများကို CDF – မတူပီ၏ ထိန်းချုပ်နယ်မြေအဖြစ် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.